Friday, November 22, 2013

၆၃

ရင်ကွဲလိပ်ပြာ
ချစ်သူ
အမုန်းတွေကြား ငါနစ်မွန်းခဲ့ပြီးပါပြီ
ပြိုလဲမတတ်ရက်စက်မှုတွေ ငါနေသားကျနေပါပြီ
နောက်ထပ်ကြေကွဲမှုတွေ ငါ့အတွက် ရှိသေးလား
ငါ့မျက်ဝန်းကမျက်ရည်တွေနဲ့ ငါခုခံနေတတ်ပါပြီ
ငါလိုအပ်တာ တိတ်ဆိတ်တဲ့ အခန်းငယ်လေးတစ်ခုဆို
ကျေနပ်ပါပြီ
ငါငိုတဲ့သံ နင့်ကိုမကြားစေချင်ဘူး
ငါကျတဲ့မျက်ရည် နင်မမြင်စေရဘူး
ငါ့နာကျင်မှုတွေ ငါကလွဲလို့
ငါအချစ်ဆုံးနင့်ကို မကူးစက်စေချင်ဘူး
နင်ပျော်ရင်ငါကျေနပ်ပါတယ် ချစ်သူရယ် ချစ်တယ်နော်
ငါသိပ်ချစ်တာ နင်ယုံအောင် ဘယ်လို?
တစ်ခုခုမှားနေသလား နင့်အတွက်ဆို အမှားမပြောနဲ့
အမှန်ကိုတောင် မှန်လားမှားလား ဘယ်လိုပေတံနဲ့မှမတိုင်းခဲ့ပါဘူး
ဘာစည်းလဲ ငါတို့ကြားမှာရှိနေတာ
ရင်တွေကွဲလောက်အောင်ချစ်မိလို့
ရင်တွေကွဲလောက်အောင်ရူးမတတ်ပဲ
တကယ်တော့
နင့်ရင်ခွင်မှာ မှီခိုချင်တာ ငါ့အိပ်မက်လေးပါ
ဘယ်အချိန်မှေးစက်မိသွားပါစေ
ငါမက်တဲ့အိပ်မက် နင်နဲ့အတူ မပြောင်းလဲခဲ့ဘူး
နင်ဟာ ငါ့အတွက် ဘယ်တော့မှ မပြောင်းလဲနိုင်တဲ့
ငါ့ရင်ထဲက ချစ်ခြင်း လိပ်ပြာလေးပါ
အရမ်းချစ်နေတယ် ...
ပုံ...
မိုးစက်
♥-♥-♥-♥-♥-♥-♥-♥-♥-♥-♥-♥-♥-♥-♥-♥-♥-♥-♥-♥-♥-♥-♥-♥-♥-♥

No comments:

Post a Comment