Friday, November 29, 2013

ဒေါ်စုသို့ အိတ်ဖွင့်ပေးစာ

အပိုင်း (၃)


~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
ကျွန်တော်တို့ရွှေမြန်မာတွေတိုင်းတပါးမှာ ဒုက္ခပေါင်းစုံနဲ့ မိမိ မိသားစုအရေး ရှေ့တန်းတင်လို့ ရုန်းကန်နေကြရတယ်။ အဖက်ဖက်ကကြည့်ရမယ်ဆိုရင် သူများနိုင်ငံကအခွင့်အရေးဆိုတာ ကိုယ့်ဖက်ကအရှုံးတွေချည်းဘဲ။ လက်ရှိမြန်မာနိုင်ငံမှာ ရေပန်းစားနေတဲ့ လူအခွင့်အရေးနဲ့ ခွင့်တူညီလို့ သူများနိုင်ငံမှာ ရောက်နေကြတဲ့ ရွှေမြန်မာတွေ တောင်းဆိုလို့ရသလား။ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အေးအေးနေတာတောင်မှ သူတပါးရဲ့  အနိုင်ကျင့်ယုတ်မာမှုတွေကို ခါးစည်းခံနေရကြရှာတယ်။ ဒါကို သင်မသိသလား။ ဘဝတွေက ခါးသက်ပါတယ်။ လျောက်ကြရတဲ့လမ်း ကြမ်းတမ်းပါတယ်။ ဘ၀တွေခါးသက် လျောက်လှမ်းနေရတဲ့အချိန်မှာ ရွှေမြန်မာတွေအတွက် ပြည်တွင်းက ဒီမိုကရေစီ ဘွားတော်ကြီး ဘာအကူအညီပေးခဲ့ဖူးသလည်း။ ရုံဝင်ကြေးနဲ့ ပြက္ခဒိန်ရောင်းစားဖို့ လောက်ဘဲ နားလည်တာမဟုတ်လား။ ခင်ဗျားသိတာ ပြည်တွင်းက လူနည်းစုလေးဘဲ မဟုတ်လား။

နိုင်ငံအဝန်းမှာ အသတ်ခံရတဲ့မြန်မာတွေ မုဒိန်းကျင့်အသတ်ခံရတဲ့ မိန်းကလေးတွေ ဒုနဲ့ဒေးပါ။ ဘုမသိဘမသိ သေသွားရရှာတဲ့ ရွှေမြန်မာတွေအတွက် ခင်ဗျားဝမ်းနည်းပါတယ်လို့ တစ်ခွန်းပြောဖူးလား။ နိုဗယ်ဆုရှင်ကြီး တစ်ဦးအနေနဲ့ ကျွန်မတို့လူမျိုးတွေကို မသတ်ကြပါနဲ့လို့ မေတ္တာရပ်ခံပေးခဲ့ဖူးလား။ နိုင်ငံပေါင်းစုံပတ်သွား ဆုတွေသိမ်းကျုံးယူပြီးတော့ လူအခွင့်အရေးညီတူမျှလို့ ပြောနေတဲ့နိုင်ငံ (မလေးရှား)ကို ဘာလို့မသွားရဲတာလည်း။ လူအခွင့်အရေး ခွင့်တူညီမျှလို့ဆိုပြီးတော့မှ အော်လို့မရတဲ့နိုင်ငံကို ဘယ်သွားရဲပါ့မလဲ။ ခင်ဗျားဝါဒကြီးက ကွက်ကြားမိုးကြီး ဖြစ်နေတာကို။ အားလုံးဟာ ဒူးနေရာဒူး တော်နေရာတော်ထားတဲ့ နိုင်ငံမျိုး။ သူ့နိုင်ငံ သူ့လူမျိုး သူ့ယဉ်ကျေးမှု သူ့ဥပေဒနဲ့ သူအုပ်ချုပ်တာ။ ဘယ်သူ ဘာဝင်စွက်ဖက်လို့ ရသလည်း။ လူအခွင့်အရေးဆိုပြီး အဲ့နေရာမျိုးမှာ သွားသာအော်ရင် ခင်ဗျားကို အရူးလို့ ပြောကြလိမ့်မယ်။ တစ်ခုတော့ပြောပါရစေ။ ခင်ဗျားနိုင်ငံ့ခေါင်းဆောင် လုပ်တော့မယ်ဆို ပြည်သူအားလုံးရဲ့ သဘောထား အခြေအနေမှန်ကို သိအောင်အရင်လုပ်ပါ။

ထပ်ပြီး ခင်ဗျားသိထားရမှာက ခင်ဗျားဖော်ဆောင်သင့်တာ လူမျိုးကြီးဝါဒ မဟုတ်ဘူး။ မိမိလူမျိုး ဘာသာ တိုးတက်စေရန် အလို့ငှာ အမျိုးသားရေးဝါဒကိုဘဲ ခင်ဗျားကျင့်သုံးရမှာ။ အဲဒီအတွက် ခင်ဗျားတို့ (NLD)မှာ ဘာအစီအစဉ်တွေရှိလည်း။ မိမိအမျိုးဘာသာအတွက် ဘာမှလုပ်ဖို့ မရှိသေးဘူး လုပ်မှာလည်းမဟုတ်ဘူး ဆိုရင်တော့ ခင်ဗျားခေါင်းဖြူပြီးတော့ သွားတွေသာကုန်သွားမယ်။ ဘယ်တော့မှ သမ္မတဖြစ်မှာမဟုတ်ဘူး။ ဒါကို ခင်ဗျားနားလည်ထား။

Action & Reaction သဘောတရားကို ခင်ဗျားနားလည်ပါတယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာရှိတယ်။ ခင်ဗျားလုပ်ရပ်ကြောင့် ပြည်သူကချစ်နိုင်သလို ပြည်သူကသေအောင်လည်းမုန်းနိုင်တယ်ဆိုတာ ခင်ဗျားနားလည်ထားပါ။

ခင်ဗျားကိုချစ်ခင်မြတ်နိုးခဲ့ပြီး ယခုလက်ရှိဆန့်ကျင်နေသော Kaung Lay

အပိုင်း (၄)မျှော်
— with ဦး ဖာ and 50 others.

No comments:

Post a Comment