Wednesday, November 27, 2013

၃၆

Ye Moe feeling sad
စိတ်မကောင်းစရာက
အဲ့လောက် ခမ်းနားလွန်းတဲ့ ...
လူသုံးသောင်းခွဲ ဆန့် ဆောက်အအုံကြီး က လေ....
ဟို နေ့ က လေ့လာတုန်းက တောင် ....
သစ်လွင်တောက်ပ နေခဲ့တာ.....

မ နေ့ က အဲ့ဒီ Rehearsal လုပ်ပြီး ဝင် ကြည့်လိုက်တော့ ....
နံရံတွေမှာ ကွမ်းသွေးအထပ်ထပ် ....
အမှိုက်တွေ စုပုံ ခုံတွေစုတ်ပြတ် ....
အိမ်သာတွေ စုတ်ချာ ဖြစ်သွားတယ် ....
ရင် နာလို့ မဆုံးဘူး ....

(ကိုယ့်လူမျိုး အချင်းချင်းလည်း မ ပြောချင် ပါဘူး ....
ဒါ ပေမယ့် အဲ့လိုလူတွေ ....
နည်းနည်းလေးမှ ကို အသိစိတ်မရှိကြဘူး! !
ပြန်တွေးတိုင်း ရင် နာတယ်!)
လုံးဝကို အဲ့ဒီကွင်းက စုတ်ပြတ်သွားတာ....
ရင်းနှီးထားတာတွေက အများကြီး....
အရမ်း နှမြောဖို့ ကောင်းတယ်..
အစ က ဖွင့်ပွဲ ပိတ်ပွဲ လက်မှတ်တစ်စောင်ကို ....
ငါးသောင်းနဲ့တစ်သိန်းထားတာ....
အခုက သမ္မတနဲ့ ဝန်ကြီးတွေက ....
လူတိုင်းကြည့်နိုင် ပါစေ ဆိုပြီး ....
ငါးထောင် နဲ့ သုံးထောင် လုပ် ပေးလိုက်တာ...
ဒါကို ပေါပေါလောလော ပါဆိုပြီး တန်ဖိုးမထားကြဘူး!!

စိုင်းစိုင်းရှိုးပွဲ တစ်ခါ သွား ဘယ်လောက် ပေးရလဲ??! ...
အခုဟာ က အ ရှေ့တောင် အာရှ ....
ကြီးကျယ်လှတဲ့အခမ်းအနားကြီး ....
နောက်ပြီး ....
လူအင် အား ငွေအင် အား လုပ်သားအင် အား ....
အဖက်ဖက် က နေ .....
အောင်မြင်စွာ ကျင်းပ နိုင် အောင် လုပ်ထားတာ....
ဒါကို တန်ဖိုးထားဂုဏ်ယူရ ကောင်းမှန်း မသိကြဘူး.....
ဖျက်လို ဖျက်ဆီး လုပ်ကြလွန်း တယ် !
တကယ် မျက် ရည်ဝဲတယ်....
ငါတို့ မြန်မာတွေ ဘာလို့များ ပါလိမ့်? ....
စဉ်းစားလို့ ကို မရဘူး ....
နှစ်နဲ့ချီပြီး အပင်ပန်းခံ ဆောက်လာတဲ့ ....
လူသုံးသောင်းခွဲဆန့် အဆောက်အအုံတစ်ခု ကို ....
တစ်ညတည်းရဲ့ နာရီပိုင်းလေးအတွင်း ....
အကျည်းတန် အောင် လုပ်သွားကြတယ်...

တကယ် ဝမ်းလည်းနည်းတယ် ...
စိတ်လည်းတိုတယ်...
ရှက်တတ် ရင် လဲသေ ဖို့ကောင်း နေပြီ။

(Sea Games အစမ်းလေ့ကျင့်မှုသို့ ...
သွားရောက် ကြည့်ရှုခဲ့သူ တစ်ဦး၏ ပြောကြားချက်)

( Credit to Ko Kyi Win )

No comments:

Post a Comment