Saturday, November 30, 2013

" အညတြကျေးတောသားဘဝမှ ဒီမိုကရေစီဖခင်ကြီးဖြစ်လာသူ "


________________________________________

သမ္မတကြီး ဦးသိန်းစိန်မှာ

ပြည်တွင်း၊ ပြည်ပ အသိုင်းအ၀ိုင်း တွင်

ဒေါ်အောင်ဆန်းစုကြည်လောက် ပုဂ္ဂိုလ်ရေး နာမည် ကျော်ကြားမှု မရှိသော်လည်း

၎င်းသမ္မတ ဖြစ်လာသည့် သက်တမ်း တစ်လျှောက်

ဒီမိုကရေစီရေးနှင့် ပြုပြင် ပြောင်းလဲရေး လုပ်ရပ်များကို အစွမ်းကုန် လုပ်ကိုင်ပြနိုင်ခြင်းကြောင့်

မြန်မာပြည်သူ လူထုနှင့် ကမ္ဘာ့ခေါင်း ဆောင်ကြီးများ၏ အံ့သြတကြီး ချီးမွမ်းမှုကို ခံထားရသူ ဖြစ်သည်။

သမ္မတကြီးဦးသိန်းစိန်၏ အထင်ရှားဆုံးပြယုဂ်မှာ 'ရိုးသားမှု' ပင် ဖြစ်သည်။

၂၀၁၁ ခုနှစ် မတ်လ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခြင်းခံရချိန်က တောင်ကိုရီးယား သတင်းစာ အချို့က

"'"Mr.Clean- ဦးသန့်ရှင်း'""

ဟုပင် တင်စား ရေးသား ခဲ့ကြသည်။

ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသ ဟိုင်းကြီးကျွန်း အနီးရှိ ကျေးရွာလေး တစ်ခု၌ မွေးဖွား ကြီးပြင်းခဲ့သူ ဖြစ်ပြီး

မိဘများမှာ တောင်သူ လယ်သမားများ ဖြစ်ကြသည်။

Bill Keller နှင့် ပြုလုပ်သော အင်တာဗျူးတွင်

"ကျွန်တော် ဟာ အညတရ ဘဝက လာတာပါ"

ဟု စတင်ပြောဆိုသည်။

အထက်တန်းကျောင်း မဆိုထားဘိ၊ အလယ်တန်းကျောင်းပင် မရှိသော အဆိုပါ ကျေးရွာလေးတွင် မူလတန်း အောင်သောအခါ ရွာနှင့် မိုင်ပေါင်း ၄၀ မှ ၅၀ ခန့် ဝေးကွာသည့် နေရာတွင် ရှိသည့် အလယ်တန်း ကျောင်း၌ သုံးနှစ်ခန့် တက်ခဲ့ရသည်။

ထို့နောက် ပုသိမ်မြို့တွင် သုံးနှစ်ခန့် ကျောင်းတက် ခဲ့ရသည်။

ကျောင်းပြီးသောအခါ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ရောက် ဖြေဆိုရာ အောင်မြင်ခဲ့သည်။

ဗိုလ်လောင်း သင်တန်းတွင် လေးနှစ် တက်ရောက် ခဲ့ပြီးနောက် ဝိဇ္ဇာဘွဲ့ ရရှိကာ ဒုဗိုလ်ဖြစ်လာသည်။

မြန်မာနိုင်ငံကို နှစ်ကာလ ကြာမြင့်စွာ ပိတ်ဆို့ အရေးယူ ထားခဲ့သော

အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ အပါအဝင်

နိုင်ငံတကာမှ လေ့လာ စောင့်ကြည့် သူများအား အံ့အား သင့်စေခဲ့သည့် အချက်မှာ

သမ္မတကြီး ဦးသိန်းစိန်သည်

တိုင်းပြည်ကို တင်းကျပ်စွာ အုပ်ချုပ်သည့်

တပ်မတော်(စစ်ဘက်) အစိုးရမှ ထွက်ပေါ် လာသည့် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ဖြစ်သည့်တိုင်

အချိန်ကာလတို အတွင်း

နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကို ဆက်တိုက် လုပ်ဆောင်ပြနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။

သို့သော် ပုဂ္ဂိုလ်ရေး သမိုင်း ကြောင်းကို ပြန်ကြည့်မည် ဆိုပါက

ဦးသိန်းစိန်သည် နာမည်ကောင်း တစ်လုံးကို အစဉ်အဆက် ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။



စိုးပြည့်မှူး
( ဘုန်းကြီးကျောင်းသား )
Like ·  ·  · 21 hours ago · 

No comments:

Post a Comment