Wednesday, November 27, 2013

၁၀၈

  • (((လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တစ်နှစ်လျှင် ကျပ် ၁၈၅ ဘီလျံ အရှုံးခံ၍ မီးပေးနေရသည့် အကြောင်းရင်း))) (၁) မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်း ၁၄ ခုအား တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၇၁၁ သန်းကျော် ဖြင့် တည်ဆောက်မည်ဖြစ်ရာ ဘဏ်အတိုးနှုန်းမှာ ၄ဒသမ၅ ရာခိုင်နှုန်းရှိပြီး အိန္ဒိယ နိုင်ငံမှ ၁ဒသမ၅ရာခိုင်နှုန်း၊ ကမ္ဘာ့ ဘဏ်/အာရှဖွံ့ဖြိုးရေးဘဏ်/ဂျပန်နိုင်ငံတို့မှ ၁ရာခိုင်နှုန်းမှ၂ရာခိုင်နှုန်း အတွင်း သာရှိသည့် အတိုးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဘဏ်တိုးနှုန်း ၃ရာခိုင်နှုန်း ခန့်ပိုများနေသည်။ အမေရိကန်ဒေါ်လာ ၁၇၁၁ သန်းကျော် အတွက် ဘဏ်တိုးနှုန်း (၃) ရာခိုင်နှုန်း ပိုပေးရသည့် အတွက် ရေအားလျှပ်စစ်စီမံကိန်း များ မစ ခင်ကပင် နှစ်စဉ် အမေရိကန်ဒေါ်လာ (၅၁.၃၃) သန်းကျော် အရှုံးပေါ်နေပြီးဖြစ်သည်။ (၄င်း စီမံကိန်း ၁၄ ခုလုံး ပြီးစီးပါက မီတာခ ယခုထက် ပိုတက်ရန်သာရှိသည်) ............................................................................ (၂) နိုင်ငံတကာတွင် (Cost of 1 Megga watt Electricity) တစ်မဂ္ဂါဝပ် ထုတ်လုပ်ရန် ကုန်ကျစရိတ် သည် ပျမ်းမျှ အားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း အောက်သာ ရှိကြသည်။ ပြည်တွင်း စီမံကိန်း တစ်ခုချင်းစီ၏ တစ်မဂ္ဂါဝပ် ကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာ သုံးသန်းအထိ ဖေါ်ပြကြသည်။ ပြည်တွင်း စီမံကိန်း များ သည် နိုင်ငံတကာ နှင့်ယှဉ်လျှင် တစ်မဂ္ဂါဝပ် ထုတ်လုပ် ရန် ကုန်ကျ စရိတ် ၌ ပင် အမေရိကန်ဒေါ်လာ ၅ သိန်း အရှုံးပေါ်နေပြီးဖြစ်သည်။ ........................................................................... မြန်မာနိုင်ငံသည် ရေအားလျှပ်စစ်ဖြင့်သာ နိုင်ငံအတွင်းလျှပ်စစ်ဓာတ်အားကို အဓိကထုတ်လုပ် ဖြန့်ဖြူးပေးနေပြီး ယုတ္တိမရှိ သော အကြောင်းများကြောင့် ယုတ္တိမရှိ သော တစ်ယူနစ် အရင်း ၁၂၆ ကျပ် ကျသင့်ကာ ၀န်ကြီးဌာနမှ အရှုံးခံလုပ်ကိုင်နေရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကိုဝယ်ယူကာ ပုဂ္ဂလိကလက်သို့ အဆင့်ဆင့်ရောင်းချထုတ်လုပ် ဖြန့်ဖြူးသည့် ထိုင်းနိုင်ငံတွင်မူ တစ်ယူနစ်လျှင် အရင်း ၈၀ ကျပ် ၀န်းကျင်သာကျသင့်ပြီး များစွာအမြတ်အစွန်း ရလျှက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ၀န်ကြီးဌာန အဓိက အရှုံးပေါ်နေရသည့် အကြောင်းရင်း မှာ .. Cost of 1 Megga watt Electricity ကိုစာရင်း ပိုပြကြသော အနှီပုဂ္ဂိုလ် များ၏ .. "ဟိုဒင်း" အဆင့် လျှို့ ၀ှက်ချက်များကြောင့် သာ ... ထိုင်းနိုင်ငံ ၏ တစ်ယူနစ်လျှင် အရင်း ၈၀ ကျပ် နှင့် နှိုင်းယှဉ် လျှင် မြန်မာနိုင်ငံ၏ လျှပ်စစ်တစ်ယူနစ် အရင်း ၁၂၆ ကျပ် ဖြစ်နေရသည့် ယုတ္တိ မရှိသော အကြောင်းရင်း အချို့ ကို Highlight လုပ်ကြည့်ခြင်း သာ ဖြစ်ပါကြောင်း ။းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး (၂၆-၁၀-၂၀၁၂)တွင် အမျိုးသားလွှတ်တော်၌ တင်သွင်းခဲ့သော အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမြင့်အဆို ကို ကိုးကားထားပါသည်။းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး သိန်းဝင်း (ကော့ကရိတ်)

No comments:

Post a Comment