Wednesday, November 27, 2013

၁၈

White Card ကိုင်ဆောင်ထားသူနှစ်ဦး အပါအ၀င် ဘင်္ဂါလီ ခုနစ်ဦးအား ငွေကျပ် ၃၂ သိန်း ယူဆောင်၍ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြင့် ခိုးသွင်းလာမှု ဖမ်းဆီးရမိ

White Card ကိုင်ဆောင်ထားသူနှစ်ဦး အပါအ၀င် ဘင်္ဂါလီလူမျိုး ခုနစ်ဦးကို ရန်ကုန်မြို့သို့ ငွေကျပ် ၃၂ သိန်း ယူဆောင်၍ လိုင်စင်မဲ့ ပါဂျဲရိုးကားဖြင့် ခိုးသွင်းလာမှုအား နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းတွင် မှော်ဘီမြို့နယ်တွင် မှော်ဘီမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာနတို့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ဘင်္ဂါလီ လူမျိုးများမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် နေထိုင်သည့် ရှော်ဘီရော်မာန် (အသက် ၂၀ နှစ်)၊ လှမောင် (အသက် ၂၈ နှစ်)၊ ကျော်မောင် (အသက် ၂၀ နှစ်)၊ ဇော်မာလက်ဒီး (အသက် ၃၀ နှစ်)၊ မာမွတ်ဆာဟဲလ် (အသက် ၂၅ နှစ်)၊ မသိန်းနု (ခ) ဆော်ဖီရာ (အသက်၂၂ နှစ်)၊ မသန်းနု (ခ) မောစ်တော်ဘာ (အသက် ၂၂ နှစ်) တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့ကို ယာဉ်မောင်းအောင်မိုးထိုက် ဆိုသူက ရခိုင်ပြည်နယ် မင်းဘူးနှင့် ပဒ္ဒန်းကြား မိုင်တိုင် ၁၇ မှတစ်ဆင့် ရန်ကုန်မြို့ရှိ ရွှေပြည်သာ ကားဂိတ်သို့ ငွေကျပ် ၃၂ သိန်းဖြင့် ပို့ဆောင်ပေးခြင်းဖြစ်ပြီး စရံအနေဖြင့် ငွေကျပ် ရှစ်သိန်း လက်ခံရယူထားကြောင်း သိရသည်။

ဖမ်ဆီးရမိပုံမှာ မှော်ဘီမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မှော်ဘီလူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာနတို့မှ အမှတ် ၄ လမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မစ်ဆူဘစ်ရှီ ပါဂျဲရိုးခဲရောင် (၃ဂ/၈၄၄၉) အား သတင်းအရ စစ်ဆေးရန် တားဆီးသည့်အခါ မောင်းနှင်ထွက်ပြေး သည့်အတွက် လိုက်လံဖမ်းဆီးရာ မှော်ဘီမြို့နယ် ၇၄ လေတပ်ကွေ့တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။

ကားအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ရှာဖွေစစ်ဆေးခဲ့ရာ ဘင်္ဂါလီ ခုနစ်ဦး အပါအ၀င် ပိုက်ဆံအိတ် အနက်ရောင်တစ်လုံး၊ ၇၃ လက်မအရွယ် ပလတ်စတစ် ပါကင်အိတ် တစ်ထုပ်၊ ၃ဂ/၈၄၄၉ စာတမ်းပါ မှတ်ပုံတင် သက်သေခံလက်မှတ်၊ လက်ကိုင်ဖုန်းတစ်လုံး၊ CDMA အထိုင်ဖုန်းခွံတစ်လုံး၊ လက်ကိုင်ဖုန်းထည့်သော ဗူးခွံတစ်ခု၊ လက်ကိုင်ဖုန်း အားသွင်းပစ္စည်း သုံးမျိုး၊ Samsung တံဆိပ် ဖုန်းကဒ်ပါ လက်ကိုင်ဖုန်းတစ်လုံး၊ ငွေစက္ကူ ငါးထောင်ကျပ်တန် ၈၈ ရွက်နှင့် ၃ဂ/၈၄၄၉ မစ်ဆူဘစ်ရှီ ပါဂျဲရိုး ခဲရောင်ကားတစ်စီး (လိုင်စင်မဲ့) တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော ဘင်္ဂါလီများနှင့် ပတ်သက်၍ မှော်ဘီမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment