Thursday, November 28, 2013

Soe Soe Lay shared အလင်း ရှင်'s photo.


လက်ပစ်ဗုံးလိုချင်သူများ မင်္ဂလာဒုံခုတင် ၃ဝဝဆံ့ ဆေးရုံမှလိုသလောက်ရတယ် ☭ ✖ ✿ ☭ ✖ ✿ ☭ ✖ ✿ ☭ ✖ ✿☭ ✖ ✿☭ ✖ ✿ ☭ ✖ ✿ ☭ ✖ ✿ ☭ ✖ ✿☭ ရန်ကုန်၊ နိုဝင်ဘာ ၂၇ ယနေ့နံနက် ၁ဝနာရီက မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ ရပ်ကွက် ခရေပင်လမ်းရှိ အိမ် အမှတ် ၂၇၄မှ အိမ်ပိုင်ရှင်ဒေါ်အေး အေးမွန် လမ်းခင်းရန်အတွက် ဝယ်ယူသော မြေကြီးများနှင့် ရော နှောကာ လက်ပစ်ဗုံး ၅၈ လုံး ပါလာခဲ့ကြောင်း၊ မြေကြီးများကား ပေါ်မှချချိန်တွင် တွေ့ရှိခြင်းဖြစ် ကြောင်း ဝေဘာဂီ မြို့နယ်ရဲစခန်းမှ ရဲတပ်ကြပ်ကြီး တင့်ထူးက ပြော သည်။မြေကြီးများကိုမင်္ဂလာဒုံခုတင် ၃ဝဝဆံ့ ဆေးရုံမှ ဝယ်ယူခြ င်းဖြစ် ကြောင်း သိရသည်။ ''အရင်ရက်က ဝယ်ခင်းတော့ လဲ သူတို့ဆီကပဲ မြေကောင်းတာနဲဒီနေ့ဆက်ဝယ်တာ ။မြေကြီးချတော့ အလုပ်သမား ကောင်လေးတွေက စတွေ့ပြီး လာပြောလို့ ရပ်ကွက် လူကြီးတွေပြကြည့်မှဗုံးမှန်းသိရတယ်''ဟု ဒေါ်အေးအေးမွန်က ပြည်ထောင်စုနေ့စဉ်သို့ ပြောသည်။ မြေကြီးများကို သယ်ဆောင် မောင်းနှင်လာသည့် ယာဉ်မောင်း ဦးသန်းထွန်းက အထက်ပါနေရာ သို့ သွားရောက်၍ မြေကြီးများ သယ်ဆောင်သည်မှာ အစီး၂ဝခန့်ရှိ ပြီဖြစ်ကြောင်းနှင့် ယခုတစ်စီးသာ ပါရှိကြောင်းပြောသည်။ ဗုံးများကို ဝေဘာဂီမြို့နယ် ရဲ စခန်းမှတာဝန်ရှိသူများကသွားရောက် စစ်ဆေးပြီး အမှတ်(၉ဝ၅)စစ်မြေ ပြင်အင်ဂျင်နီယာတပ်ရင်းသို့သတင်း ပို့ခဲ့ရာ ဒုအရာခံဗို လ်မြတ်လွင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု စစ်ဆေးကြောင်း၊ ယင်းနောက်အမှတ် (၉ဝ၆) အင်းတကော် စစ်မြေပြင် အင်ဂျင်နီယာတပ် ရင်းသို့ ပေးပို့ရန် ယူဆောင်သွားကြောင်း ရဲတပ်ကြပ် ကြီးတင့်ထူးကပြောသည်။ လက်ပစ်ဗုံးတစ်လုံး၏ အရွယ် အစားမှာအလျား၃ဒသမ၇၅လက်မ၊ အချင်း၂ဒသမ၅ လက်မ၊အောက်ခြေ အချင်း ၁ဒသမ၅လက်မ၊ လုံးပတ် ရှစ်လက်မရှိကြောင်း သိရသည်။ အောရမ်း၊ လင်းလင်း 

No comments:

Post a Comment