Wednesday, November 27, 2013

၅၄

ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးမူ ကိုဗိုလ်ချုပ်ကြီးမြင့်စိုးမှ ပြတ်ပြတ်သားသားငြင်းဆိုလိုက်ပါတယ်

ဧရာဝတီ နဲ့ အင်တာဗျူးမှာ
လက်ရှိတပ်မတော်ဟာ ဗမာ့တပ်မတော်မဟုတ်ကြောင်း
ပြည်ထောင်စု တစ်ခုလုံးကိုကိုယ်စားပြုကြောင်း
ရှင်းလင်းပြောကြားခဲ့ပါတယ်

မဖြစ်နိုင်တာကို
အတင်းကြပ်တောင်ဆိုနေရင်တော့
ငြိမ်းချမ်းရေးနဲ့ ပိုအလှမ်းဝေးဖို့ဘဲရှိပါတယ်

ကချင်တပ်မတော် ကရင်တပ်မတော်ဆိုပြီးဖွဲ့စည်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး

ကမ္ဘာမှာလည်း ဘယ်နိုင်ငံမှမရှိပါဘူး

ဗိုလ်ချုပ်ကြီးမြင့်စိုး နဲ့ အမေးဖြေ အင်တာဗျူး ကို အောက်ပါ link မှာဖတ်ရှူ့နိုင်ပါတယ်

http://burma.irrawaddy.org/interview/2013/11/07/50649.html

ကြိုက်တယ်
ပြတ်ပြတ်သားသားဘဲ

စစ်သား စိတ်နဲ့ ဘဲပြောလိုက်မယ်ဗျာ

ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးမူ ကို တပ်မတော်ဘက်က လက်မခံဘဲ ငြင်းလိုက်လို့ ငြိမ်းချမ်းရေးမရဘဲ တိုက်ပွဲဖြစ်ခဲ့ရင်လည်း

စစ်သားဆိုတဲ့ကောင်က
ကူတိုးခ တစ်မတ်ကို ကိုက်ပြီး တိုက်ပွဲဝင်မယ့်သူကြည့်ဘဲ
ဝမ်းနည်းနေမှာမဟုတ်ဘူး

ပြည်ထောင်စုတပ်မတော်ဆိုတဲ့ မဖြစ်နိုင်တဲ့ ကမ္ဘာကျော်ပျက်လုံးတွေတော့လာမပြောနဲ့

ဒီတစ်သက်တင်မဟုတ်ဘူး
နောက်မျိုးဆက်တွေထိ
ကျုပ်တို့ တပ်မတော်က ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး

ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းပေးခဲ့တဲ့ မျိုးချစ်တပ်မတော်အဖြစ်သာ ကမ္ဘာတည်သ၍ ဆက်လက်ရပ်တည်နေမှာပါ


ရဲရင့်လင်း

No comments:

Post a Comment