Saturday, November 30, 2013

ကိုယ့်အလွမ်းရဲ့ ဆယ်ပုံတစ်ပုံတောင်

 သတိမရတတ်တဲ့သူကို
ချစ်မိတဲ့ အလွမ်းတွေပိုင်ရှင် ကိုယ့်အဖြစ်....

ကိုယ်တစ်ဦးတည်းကိုသာ ချစ်ခြင်းမဟုတ်တဲ့ ကိုယ့်ရဲ့တစ်ယောက်တည်းသော ချစ်သူကို သက်ဆုံးထိ တွဲခေါ်သွားချင်တဲ့ ကမ်းထားတဲ့ လက်တစ်ဖက်ပိုင်ရှင်
ကိုယ့်အဖြစ်....

သူ့ရဲ့ အချစ်စာမျက်နှာမှာ မျဉ်းဖြောင့်တစ်ကြောင်းစာ ကိုယ့်အကြောင်းနဲ့
ဇာတ်သိမ်းခိုင်းသူကိုမှ ကိုယ့်တစ်ဘ၀စာ စာမျက်နှာကို သူ့အတွက်
ရေးချင်နေတဲ့ ရူးမိုက်မိုက် ကိုယ့်အဖြစ်...

ကိုယ့်fb , Gtalk , Phone , Diary အားလုံးကိုသူ့အကြောင်းတွေနဲ့
ပြည့်စေတတ်ပြီး သူ့ရဲ့ relationship နေရာကို ကိုယ့်နာမည်ရောက်မယ့်နေ့
သူ့ရဲ့ What's on your mind? မှာ ကိုယ့်အကြောင်းလေးများရေးမလားနဲ့
မျှော်တလင့်လင့် ကိုယ့်အဖြစ်...

ပြန်လာပါမယ်လို့ ဂတိမဟုတ်တဲ့ ပေါ့ပေါ့ပါးပါး စကားလေးတစ်ခွန်းကို
ယုံစား...ဒီဇင်ဘာတွေ ထပ်ခါထပ်ခါပြောင်းသွားတောင် စောင့်နေမိတဲ့
ကိုယ့်အဖြစ်.....

ဒါတွေအားလုံး အချစ်ကြီးလွန်းသူ ကိုယ့်အပြစ်မဟုတ်တဲ့ ကျွန်မအဖြစ်တွေပါ..
မောင်ရယ်...

No comments:

Post a Comment