မျှဝေ ခံစား တတ်ကြ ပါစေ ...
=================
တစ်ရက်ပြီးတစ်ရက် ၊ တရစ်ပြီးတရစ် ရှေးရှူ့ ဖြတ်သန်းကျော်လွှာခဲ့ရတဲ့ ကလေးတွေ ဘဝမှာ အမှောင် နဲ့ အလင်း ၊ အဖြူ နဲ့ အမ
ဲ
ခွဲခြား သိမြင်လိမ့်မည် မဟုတ်ချေ ။ ထိုနည်းတူ ယခု ကျွန်ုပ်တို့ဟာ
ကလေးတစ်ယောက်လိုသာ သုံးသပ်နေမယ်ဆိုရင် ကြီးပြင်းလာမယ့် ကလေးဘဝတွေကို စာနာ
ပေးစေချင်တယ် ။
မသိ နာမလည်သေးတဲ့ အခုအချိန်မှာတောင် လောကဓံရဲ့ ခါးသီးမှုတွေကို ခါးစည်း
ခံနေရပါတယ် ။ ကျွန်ုပ်တို့ဟာ ရှင်သန်ခြင်း အသိအမြင် အလင်းဆိုတဲ့ အသိအမြင်
တရားတွေကို များများဝေမျှပေးရမယ့် အချိန် ပါ ။
စာတစ်လုံး ၊ နှုတ်တစ်ရာကြောင့် ကလေးများသာမက အရွယ်ရောက် လူတွေကို ထိမိ
လှဲစရာ ပုံသက်သေ နည်းများကို မသင် ပြသင့် စေလို ပါ ။ သင်တို့မှာ
အမျိုးသားနိုင်ငံရေး စိတ်ဓာတ် ပြင်းပြနေရင် အကောင်းဆုံး နည်းလမ်းတွေကို
တွေးခေါ် စဉ်းစား လုပ်ဆောင် ပေးပါလို့ ကျွန်တော်တို့ အကြံဥာဏ် ပြုလိုက်
ပါတယ် ။
ယခု ယနေ့ အချိန်မှာ ကျွန်တော်တို့ရဲ့ အသိဥာဏ်တွေဟာ ဖယ်ဒရယ်
ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့ အမေရိကန် ၊ ဆွစ်ဇာလန် နိုင်ငံ မျိုးလို
လုပ်ဆောင် ဖော်ဆောင် သင့်ရပါမည် ။ ဘယ်နေရာ ဘယ်ဒေသမှာ ကြည့်ကြည့် ဆင်းရဲ
နွမ်းပါးတဲ့ သူတို့ရဲ့ ရှင်သန်မှု အနာဂတ်တွေကို ရှေ့ မျှော်ကိုးလျှက်
အများကြီး သင်တို့ဆီမှာ နည်းနည်း သိတဲ့ အရာလေးတွေကို မျှဝေ ပေးစေလို ပါတယ် ။
ငါငါဆိုတဲ့ အစွဲတွေကို အရမ်း ရှေ့တန်း မတင်ထား စေလိုပါတယ် ။ ဖြစ်ပျက်နေတဲ့
တိုင်းပြည်ရဲ့ စနစ်ဆိုးတွေကို အတွေးအခေါ် ရှိရှိ ရင်ဆိုင်သွားမယ်ဆိုရင်
အာဏာရှင်ဆိုတဲ့ စနစ်ဟာ ကျဆုံးသွား လိမ့်မယ်ဆိုတာ ဧကန် မုချ မလွှဲမသွေ ပါပဲ ။
မျှဝေ ခံစား တတ်ကြ ပါစေ ...
=================
ဝါးတဲလေးပေါ်က ကျောင်းပေါ်မှာ
အတန်းလည်းတူတယ် ကျောင်းလည်းတူတယ်
အသက်တွေလည်း ရွယ်တူတွေမို့
အတူစား အတူကစားချင်ပေမယ့်
ဆင်းရဲတဲ့ သမီးကိုလေ
အတူမစား အတူမကစားကြဘူး..။
သမီးဝမ်းနည်းမိတယ်
အတူ မကစားရတဲ့ ဘဝကို
ဒါပေမယ့်.....
သူတို့ ကစားနေတာကြည့်ပြီး သမီးပျော်တယ်။
သမီး စိတ်မကောင်းဖြစ်မိတယ်
ဟင်းမပါတဲ့ ထမင်းကိုအမြဲလိုလိုစားနေရလို့
ဒါပေမယ့်.....သမီးပျော်တယ်
သူငယ်ချင်းတွေပျော်ပျော်ပါးပါး
သမီးအနားမှာ ဟင်းရနံ့သင်းသင်းနဲ့
ထမင်းလက်ဆုံစားနေကြတာ။
အမေကတော့ ညအိပ့်ရာဝင်တိုင်းဆုတောင်းနေတာပဲ
ဆင်းရဲတွင်း ဝဋ်ဒုက္ခကကျွတ်ပါစေလို့
ဒါပေမယ့် မဖြစ်ခဲ့ဘူးလေ..။
တနေ့က....အဖေနဲ့ အမေ
တိုးတိုးတိတ်တိတ်ပြောဆိုသံတွေ
မအိပ့်သေးတဲ့သမီး ကြားလိုက်မိတယ်၊
သမီးဟာ စာတော်ပေမယ့်
ငါတို့အခြေနေက သမီးကို
ပညာတတ်ကြီးဖြစ်စေဖို့ ဖြည့်ဆည်းမပေးနိုင်တော့ဘူးတဲ့။
သမီးဖြေပါတယ် တရှိုက်ရှိုက်ငိုရင်း
သမီးရဲ့ ဘဝပေးကံကြမ္မာက
ဒီလောက်ဆို ဒီလောက်ပဲပေါ့..။
ကျနော်လဲဒီလိုပဲ
မနိုင်ဝန်ကို ထမ်းပြီး ဝမ်းရေးကို
ငယ်ငယ်ကတည်းကကျောင်းနေရသူပါ..။
ဒီအလုပ်မှမလုပ်ရင် ကျမ္မာရေးချူချာနေတဲ့ အမေ့ဆေးဖိုး
ဘယ်သူကလာကူပေးမှာလဲ..။
ပျော်ချင်တာပေါ့ အခြားကလေးတွေနဲ့ အတူတူ
ဝတ်ချင်တာပေါ့ အခြာခလေးတွေနဲ့ တန်းတူ
သွားချင်တာပေါ့ အများခလေးများနည်းတူ ကျောင်းကို
စားချင်တာပေါ့ ဝက်သားတုံးကြီးဆီပြန်ဟင်း၊
ဒါပေမယ့် မဖြစ်ခဲ့ဘူးလေ..။
တနေ့က ချောင်းတဟွန့်ဟွန့်နဲ့ အမေ
ကျနော် အုတ်သယ် နေတာတွေ့ပြီး
တရှိုက်ရှိုက်နဲ့ ငိုနေတယ်လေ၊
ကျနော်က ဘယ်ချော့တတ်မလဲ
အမေငိုတော့ ကျနော်လည်းငိုတာပေါ့၊
အငိုဆုံးတော့ အမေကပြောတယ်
သားကို အမေ မခိုင်းရက်ဘူး
အမေ့ကို နားလည်ပေးပါနော်....လူလေးရယ်တဲ့။
ကျနော် ဘာပြန်ပြောရမလဲ အမေ
ကြောင်အန်းအန်းနဲ့
ပိန်လှီလှီ ပြားချပ်ချပ်အမေ့ခန္ဒာလေးကိုကြည့်ပြီး
ကျနော် ခေါင်းညိတ်လိုက်တယ်..။
ကျနော်မှ မကူရင် အမေ့ကို ဘယ်သူ ကူမလဲ.....အမေရယ်။
ကျနော် ပျော်ပါတယ်.....အမေရယ်
တချို့ခလေးတွေက ခလေးသရုပ်ဆောင်နဲ့
အဖေအမေတွေကို လုပ်ကျွေးသမှု ပြုကြတယ်၊
တချို့ခလေးတွေက သီချင်းတွေဆိုပြီး
အဖေအမေတွေကို လုပ်ကျွေးသမှု ပြုကြတယ်၊
ပုံသဏ္ဍန်ကတော့ မတူဘူပေါ့
ဒါပေမယ့်.....ကျနော်ပျော်ပါတယ်။
( ကိုဗလိုင် )
ဤကဗျာဖြင့် အဖြစ် စနစ်ဆိုးတွေကို ခံစားနေကြရတဲ့ ခလေးငယ်များကို
ဂုဏ်ပြုအပ်ပါသည်..။ ခလေးငယ်များ အားလုံး ဒုက္ခဘေးဆိုးမှ လွတ်မြောက်
ကြပါစေ..။
(( ကျနော်- ဒီကဗျာကို စပ်ဆိုရင်း မျက်ရည် လည်ခဲ့ ရပါတယ် .. အားလုံး
No comments:
Post a Comment