Tuesday, November 26, 2013


မိန်းမအားလုံးဟာ ဖောက်ပြန်
*************************
တတ်တယ်လား?
***************

မိလိန္ဒမင်းကြီးက အရှင် နာဂသိန်ကို
မေးတယ်။
''အရှင် ဘုရား မိန်းမ တွေအားလုံးဟာ
အခါအခွင့်ကိုသော်လည်းကောင်း
ဆိတ်ကွယ် ရာကိုသော်လည်းကောင်း
ရခဲ့လို့ရှိရင် မ ကောင်းမှုကိုကျုးလွန်
ဖောက်ပြန်တတ်တယ်လို့ မြတ်စွာဘုရား
က ဟောကြားခဲ့ပါတယ်။

နောက်တစ်ခါ မ ဟော်သဓာရဲ့မိန်းမ
အမရာဟာ ရွာငယ်ဇနပုဒ်မှာပစ်ထား
ခြင်းခံရတဲ့အခါတုန်းက အခါအခွင့်ကိုလည်းရ ,ဆိတ်ကွယ် ရာ
ကိုလည်းရပြီး မင်းနဲ့တူတဲ့ယောက်ျားကအသပြာတစ်
ထောင် ပေးပြီးမြူဆွယ်တာတောင်
မ ဖောက်ပြန်ဘူးလို့လည်းဟောကြာ
ပါတယ်။

အဲဒီစကားနှစ်ခုမှာရှေ့စကားမှန် ရင်
နောက်စကားမှားမယ,် နောက်စကား
မှန် ရင် ရှေ့စကားမှားရမယ်။
အဲဒီတော့အရှင် ဘုရား ဖြေကြားတော်
မူပါ '' လို့လျှောက်ပါတယ်။

အရှင် နာဂသိန်က ဘယ်လိုဖြေလည်း
ဆိုတော့
''အရှင် မင်းကြီး စကားနှစ် ရပ်လုံး
မှန်ပါတယ် ။ ဘာဖြစ်လို့လည်းဆိုရင်
အမရာ ဟာ အခါအခွင့်နဲ့ဆိတ်ကွယ် ရာ
ကိုသာ ရတယ်လို့ယူဆရင် ဖောက်
ပြန်ပါလိမ့်မယ် ။

ဒါပေမယ့်အမရာက စဉ်းစားလိုက်တဲ့
အခါမှာ
သူတစ်ပါးရဲ့ ကဲ့ရဲ့မှုကို ကြောက်တယ်
တမလွန်မှာ ငရဲရောက်မှာကြောက်တယ်
မ ကောင်းမှုရဲ့ဆိုးရွားတဲ့အကျိုးပေးမှု
ကိုကြောက်တယ်။ချစ်လင် ကို လေးစား
မြတ်နိုးရိုသေစိတ်နဲ့ စွန့်လွတ် ရမှာ
ကြောက်တယ်။မစင်ကြယ်တဲ့အကျင်
ကိုကျင့်ကြံရမှာ ကြောက်တယ်။

အဲဒီလို ကြောက်တဲ့စိတ်တွေဝင်ပြီး
စဉ်းစားလိုက်တဲ့အခါမှာဖောက်ပြန်ဖို့
အခါအခွင့်ဆိုတာမ တွေ့မြင်ပါဘူးတဲ့။
အခါအခွင့်ဆိုတာက အဲဒါတွေမ ကြောက်တတ်မှ ရနိုင် တဲ့အခါအခွင့်
ကို ပြောတာပါ။

နောက်ပြီး ဆိတ်ကွယ် ရာဆိုတာကို
စဉ်းစားလိုက်တဲ့အခါကျတော့
ပတ်ဝန်းကျင် က ဘယ်သူမှမသိရင် လည်းအသိအမြင် ပေါက်တဲ့နတ် သိကြားတွေ သိနိုင် ပါတယ်။သိရင်
ရှက်ဖို့ကောင်းတာပေါ့။ နတ်သိကြား
တွေမသိရင် တောင် မှအကြားအမြင်
ရ နေတဲ့သူတော်စင် ရဟန်းသူမြတ်တွေ သိနိုင် ပါတယ်။
သူတော်စင် ရဟန်းသူမြတ် တွေမသိ
ရင် တောင် ကိုယ့်ကိုယ်ကိုယ်တော့သိနေမှာပါပဲတဲ့။
ကိုယ့်ကိုယ်ကိုယ်ပြန် ရှက်နေရမှာပေါ့။
ကိုယ့်ကိုယ်ကိုယ် မသိချင် ယောင်
ဆောင် ရင် လည်းလှည့်စားထားတဲ့
ဆိတ်ကွယ် ရာပဲ ဖြစ်မှာပဲတဲ့။

အဲဒီတော့ဆိတ်ကွယ် ရာ ဆိုတာကို
လည်းအမရာဟာ ကြည့်လို့မမြင်
ပါဘူးတဲ့။ဒါ့ကြောင့် အမရာဟာ
မ ဖောက်ပြန်တာပါ ''လို့
အရှင် နာဂသိန်က ပြန်ဖြေပါတယ်။

အဲဒီမှာသ ဘောပေါက် ရမှာက
အခါအခွင့် နဲ့ ဆိတ်ကွယ် ရာ ဆိုတာပါပဲ။
အဲဒီ အခါအခွင့် နဲ့ဆိတ်ကွယ် ရာ ဆို
တာကို အမရာ ဒေဝီ စဉ်းစားသလို
စဉ်းစားမိကြမယ်ဆို ဘယ် တော့မှ
ဒီအခွင့် အ ရေးနှစ်မျိုးကို ရနိုင် တော့
မှာ မဟုတ်ပါဘူး ။
ဒီအခွင့်အ ရေးနှစ်မျိုးမရနိုင် ရင် ဘယ်
မိန်းမမှဖောက်ပြန်မှာ မဟုတ်ပါဘူး။

အမရာစဉ်းစားသလို မစဉ်းစားပဲပေါ့
ပေါ့တန်တန် စဉ်းစားရင် သာအခါအခွင့
နဲ့ဆိတ် ကွယ် ရာကို ရတယ်လို့ထင်
ကြတာပါ ။အဲဒီအခါကျမှသာ ဖောက်
ပြန်သွားနိုင် တာပါ ။မိန်းမအားလုံးဟာ
ဖောက်ပြန်နိုင် တာပဲလို့ဘုရားဟောတာ
ပဲလို့ရေ ရေရာရာမသိဘဲစွပ်စွဲတဲ့စွဲချက်
မျိုး,အထင် အမြင် မျိုးဟာ သေ သေ
ချာချာ မသိကြလို့ပြောကြတဲ့စကား
တွေပါ ပဲ ။

အဲဒီတော့ခြုံပြီးသုံးသပ်ကြည့်ရင်

''ကိုယ်ကျင့် တရားကို တန်ဖိုးထားတတ်တဲ့
မိန်းမတစ်ေ ယာက်ဟာဘယ်တော့မှ
မ ဖောက်ပြန်တတ်ပါဘူး ။သူ့တန်ဖိုးကို
သူဘယ်တော့မှ အကျအဆင်းမခံတတ်ကြပါဘူး''။

ဒါဟာအားလုံးအတွက် ရှေ့ဆောင်
လမ်းပြပါပဲ ။
ငါဟာဘယ်လိုလူစားလဲလို့ကိုယ့်ကိုယ်
ကိုယ် သုံးသပ်လိုက်ခြင်းဖြင့်ဘယ်လိုလူ
လဲဆိုတာ ကိုယ့်ကိုယ်ကိုယ်ဆုံးဖြတ်နိုင်
တယ် ။

လူမြတ်တစ်ယောက်လို့ကိုယ့်ကိုယ်
ကိုယ်ယုံကြည်လိုက်တဲ့အတွက်
ဖြစ်လာတဲ့အကျိုးဆက်က
မ ကောင်းမှုပြုရမှာ ရှက်ခြင်း
(ဟိရီ ) နဲ့
မ ကောင်းမှု ပြုရမှာ ကြောက်ခြင်း
(သြတပ္ပ )ဆိုတဲ့ လောကပါလ,ဒေဝ
ဓမ္မတရားတွေ ပေါ်လာတယ် ။
ကမ္ဘာစောင့်တရား ,နတ်တို့ လူမြတ်တို့
ကျင့်တဲ့တရားပါ ။

ဒုစရိုက်တရားတွေဝင် မလာအောင်
''အရှက်'' , ''အ ကြောက် '' တို့နဲ့
ထိန်းရတာပါ ။
တစ်စုံတစ်ခုလုပ်တော့မယ် , လုပ်နေဆဲ
လုပ်ပြီးပြီ ဘယ်အခါမျိုးမဆို မိမိကိုယ်ကို သုံးသပ် ရမယ်။
မ ကောင်းတဲ့နေရာ ရောက်ခဲ့ရင်တောင်
မှ ကောင်းတဲ့အကျင့်တွေပျောက်မသွား
ဖို့လိုတယ် ။ကောင်းတဲ့အကျင့်တွေနဲ့
ထိန်းထားနိုင် ဖို့လိုတယ်။
တစ်တိုင်းပြည်လုံး..,တစ်နိုင် ငံလုံးကို
မ စောင့်ရှောက်နိုင်တောင် မှ ကိုယ့်
ကိုယ်ကိုယ်တော့ စောင့်ရှောက်နိုင် ရမယ်။

ဆံပင် ဖျားက ခြေဖျားမထိ ကိုယ့်ရဲ့
ခန္ဓာကိုယ် တစ်ခုလုံးဟာ ကိုယ့်လောက
ပါပဲ ။
လူသားအသီးသီးဟာ ကိုယ်ပိုင် တဲ့
ကိုယ့်လောက က လေးကို ကောင်း
စွာ စောင့် ရှောက်နိုင်ကြမယ်ဆိုရင်

No comments:

Post a Comment