Friday, November 29, 2013

~~~ ခင့် အတွက်သည်သာ ~~~



ငွေနှင်းငယ်မှုံ လေညင်းသုန်နှင့်

မြူမှုံတွေကျူး တောင်ခြေဦးမှ

ဆွတ်ခူးပန်းစံပယ် ခင့်တွက် ရွယ်လို့

သီကုံးကာရန် ကဗျာသံပေး

စာလွှာတေးဆက် မပျက်ပန်သ

ဒီဆောင်းညလည် မြမျက်ခြယ်မှူး

ချစ် ရည်လူးစေ ပန်းစာခွေနှင့်

ပျော်စေကြည်နူး ရွယ်သစ်လူးသည်

ချစ်ဦးသူသာ သိပါစေ ။

{ စောကြည်ဖြူ }
— with Thurein Soe and 64 others.

No comments:

Post a Comment