Friday, November 29, 2013

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ စီမံကွပ်ကဲမှုအမိန့်အောက်မှာ

တပ်မတော်သားအရာရှိ ၄၀ ပါဝင်မယ့် ပြည်သူ့လွှတ်တော် ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့ထားရှိလိုမှုကို နိုင်ငံတော်အစိုးရနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့မှ သဘောမတူကြောင်းသိရ

Thursday, November 28, 2013

ပြည်သူ့လွှတ်တော်ရဲ့ အ ခန်းကဏ္ဍ ဖွဲ့စည်းပုံတိုးချဲ့ခြင်း၊ တိုင်း သူပြည်သားအကျိုးအတွက် ပိုမိုထိ ရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်စေ ခြင်းအတွက် လက်ရှိ ပြည်သူ့လွှတ် တော်ရဲ့ဖွဲ့စည်းပုံများကို တိုးချဲ့ဖွဲ့စည်း ခဲ့ရာမှာ အထူးသဖြင့်တပ်မတော်သား အရာရှိ ၄၀ပါဝင်တဲ့ ပြည်သူ့လွှတ် တော်ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့ကို ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၏ ကွပ်ကဲ မှုအောက်တွင်ထားရှိရန် တောင်းဆိုမှုနဲ့ ပတ်သက်ပြီး သမ်္မကြီးဦးသိန်းစိန် ဦး ဆောင်တဲ့ နိုင်ငံတော်အစိုးရအဖွဲ့နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က ကန့်ကွက်ကြောင်းပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ အကြောင်းကြားစာ ပေးပို့ ခဲ့ပြီးဖြစ်တယ်လို့သိရှိရပါတယ်။ လက် ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံရဲ့ လက်နက်ကိုင်တပ်များအားလုံးဟာ တပ်မတော်ရဲ့ အောက်မှာသာရှိရမယ် လို့ ဖော်ပြထားတဲ့အတွက် ယခုလို ပြည်သူ့လွှတ်တော်အနေနဲ့ ကိုယ်ပိုင် တပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့ခြင်းကို ကာကွယ်ရေး ဦးစီးချုပ်ရုံးနဲ့ နိုင်ငံတော်အစိုးရကပါ သဘောမတူကန့်ကွက်ခြင်းဖြစ်တယ် လို့လည်း သိရှိရပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ တပ်မ တော်ဆိုတာတစ်ခုတည်းပဲ ရှိရမှာဖြစ် ပါတယ်။ ဒီတပ်မတော်ဟာ ပြည် ထောင်စုမြန်မာနိုင်ငံတော်ကို ကာ ကွယ်စောင့်ရှောက်တဲ့ ပြည်ထောင်စု တပ်မတော်ပဲ ဖြစ်ပါတယ်။ သိတဲ့ အတိုင်းကျွန်တော်တို့နိုင်ငံမှာက လက် နက်ကယ်အစုံအညီ၊ တပ်ဖွဲ့တွေ လည်းပလုံစီဆိုသလို ဖြစ်နေတော့ မခက်ဘူးလား။ အခုပဲကြည့်၊ တိုင်း ရင်းသားတွေကလည်းသူတို့လက်နက် ကိုင်အဖွဲ့တွေကို တပ်မတော်လို့ပဲ အမည်တပ်ထားတယ်။တကယ်တော့ ပြည်ထောင်စုတပ်မတော်ဆိုတာ တစ်ခုတည်းပဲ ရှိရမှာဖြစ်ပါတယ်၊ နိုင်ငံတော်အစိုးရအနေနဲ့ရော၊ တပ် မတော်ကာချုပ်အနေနဲ့ရော ပြည်သူ့ လွှတ်တော်ရဲ့ တိုးချဲ့ဖွဲ့စည်းပုံအရ တပ်မတော်သား အရာရှိ ၄၀နဲ့ လွှတ်တော်ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့ ဖွဲ့ဖို့ဆိုတာ ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာ လဲလို့ မော်ကွန်းဝင်ပထမအဆင့် ရရှိထားသူ တပ်မတော်သားဟောင်း ကြီးတစ်ဦးကလည်း ပြောပါတယ်။

ပြည်သူ့လွှတ်တော်က တော့ အခုလိုတပ်မတော်သား အရာရှိ ၄၀ဦးပါဝင်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့ကိုလွှတ်တော် ဥက်္ကဋ္ဌကြီးရဲ့ကွပ်ကဲမှုအောက်မှာထား ရှိဖို့ဆိုတာဟာ အခြားအကြောင်း အရာများကြောင့်မဟုတ်ဘဲ လွှတ် တော်တွင်း စာရွက်စာတမ်းများ၊ လူ ၀င်လူထွက်များအပါအ၀င် အိုင်တီ နည်းပညာ အင်တာနက်လိုင်းလုံခြုံ ရေးအတွက်ပြည်သူ့လွှတ်တော်ကိုယ် ပိုင်လုံခြုံရေးအဖွဲ့သဘောမျိုးဖွဲ့စည်း လိုတာဖြစ်ပြီး လက်နက်ကိုင် တပ် ဖွဲ့မဟုတ်ကြောင်းရှင်းလင်းပြောကြား ခဲ့တယ်လို့လည်း သိရှိရပါတယ်။

No comments:

Post a Comment