Wednesday, November 27, 2013

၃၃၃


မောင်တင်ထားတဲ့
မောင့်wallပေါ်ကကောင်မလေးက
မောင့်အကြိုက်ခေတ်မှီမှီကောင်မလေးနော်

အမြဲတမ်းပြာယာခတ်လို့
အူကြောင်ကြားခပ်တုံးတုံးကျွန်မကို
ဘာကြောင့်လမ်းခွဲခဲ့လည်းနားလည်ခဲ့ပါပြီ

စာအုပ်တွေနဲ့အချိန်ကုန်နေတတ်တဲ့ကျွန်မထက်
တီတီတာတာပြောတတ်မဲ့သူ့ကို
မောင်ပိုချစ်မှာပေါ့

မောင့်ကိုမမုန်းခဲ့ပါဖူးမောင်
အမြဲတမ်းမောင်မဖောက်ပြန်လောက်ပါဖူးတွေးပြီးဖြေတတ်တဲ့
ကျွန်မကိုယ်ကျွန်မဘဲမုန်းခဲ့တာ

သူကကျွန်မလောက်သီးမခံနိုင်တဲ့အခါ
သူကကျွန်မလောက်မောင့်ကိုမချစ်နိုင်တဲ့အခါ
ကျွန်မကိုခပ်ပါးပါးလေးဘဲသတိရပေးပါ
တစ်ချိန်ကမောင့်ကိုအရမ်းချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်အဖြစ်ပေါ့

No comments:

Post a Comment