Wednesday, November 27, 2013

၇၂

  • ၂၀၁၅ နီးလာတော့ သွေးရူးသွေးတန်းတွေ ဖြစ်လာတဲ့စုကြည် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် တစ်ခါမှ မပါဝင်ခဲ့သော်လည်း လက်တွဲပြီးငြိမ်းချမ်းရေးလုပ်မယ် လို့ ဒေါ်စု UNFC ကိုပြောကြား _______________________________________ ငြိမ်းချမ်းရေးလုပ်ငန်းများတွင် တစ်ခါမှ မပါဝင်ခဲ့သော်လည်း လက်တွဲပြီးငြိမ်းချမ်းရေးလုပ်မယ် လို့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှ UNFC ကိုပြောကြားလိုက်သည်။ “အားလုံးအတူတူလက်တွဲပြီးတော့ ငြိမ်းချမ်းရေး ရအောင် လုပ်ရမယ်။ အားလုံးလက်တွဲလုပ်မှ အန်တီတို့ လိုချင်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ဖြစ်လာမှာ။ တိုင်းရင်းသား တွေရဲ့ လိုအပ်ချက်ကို အန်တီအနေနဲ့ အမြဲတန်းဖြည့်ဆည်းပေးမှာပါ´´ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ ကိုယ်စားလှယ်များ တက္ကသိုလ်ရိပ် သာလမ်း နေအိမ်တွင် တွင် ယနေ့ညနေပိုင်း တွေ့ဆုံပြီးနောက် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ သမ္မတဦးသိန်းစိန် ၏ ကြိုးစားမှုကြောင့် လက်နက်ကိုင် ၁၁ ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ပြီးဖြစ်သော်လည်း လက်ရှိပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းများတွင် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဘာမှ ဝင်ပြောဆိုခြင်း၊ လုပ်ကိုင်ပေးခြင်း မရှိခဲ့ချေ။ အလားတူ တိုင်းရင်းသား တွေ လိုအပ်ချက် အမြဲတန်းဖြည့်ဆည်းပေးမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုနေပေမယ့်လည်း တစ်ကြိမ်တစ်ခါမှ တိုင်းရင်းသား တွေဆီသွားတာ မရှိပဲ မဲပေးခိုင်းစဉ်ကသာ ပြည်နယ်တချို့ကို သွားခဲ့သည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိထားပြီး တိုင်းရင်းသားအရေး နှင့် ငြိမ်းချမ်းရေးကို လုံးဝ ဝင်မပါခဲ့ခြင်းကြောင့် စင်္ကာပူ နှင့် သြစတြေးလျ ရှိ ကချင်တိုင်းရင်းသားများက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အလားတူ ဗိုလ်ချုပ် ဂွမ်မော် ရန်ကုန်ရောက်စဉ်က လည်း ဒေါ်အောင်ဆန်း စုကြည်ကို သွားရောက်တွေ့ဆုံခြင်း မရှိပေ။ UNFC သည် ယနေ့ ၂၅ ရက်နေ့ မွန်းလွဲပိုင်း၊ ရန်ကုန်မြို့ရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုဌာနချုပ်ရုံးတွင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA) မှ ခေါင်းဆောင် များ နှင့်တွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးတွဲ အကောင်အထည်ဖော်သွားရန် သဘောတူညီကြသည်ဟု ယနေ့ ကြေညာချက်တရပ် ထုတ်ပြန်သည်။ myanmar express စိုးပြည့်မှူး ( ဘုန်းကြီးကျောင်းသား )

No comments:

Post a Comment