Thursday, November 28, 2013

ဆဲရေးတိုင်းထွာမှုများပြုလုပ်သည့် Xbox သုံးစွဲသူများ၏ အကောင့်များကို မိုက်ကရိုဆော့ဖ် ပိတ်ပင်မည်


Thursday, November 28, 2013

မိုက်ကရိုဆော့ဖ်၏ Xbox One console အသုံးပြုသူများအနေဖြင့် ဗီဒီယိုဖိုင်များတွင် ဆဲရေးတိုင်းထွာ ခြင်းများ ပြုလုပ်သည်ကို တွေ့ရှိပါက ၎င်းတို့၏ အကောင့်များအား ပိတ်ပင်သွားမည်ဖြစ်သည်ဟု ဘီဘီစီသတင်းဌာနတွင် နိုဝင်ဘာ ၂၆ ရက်၌ ဖော်ပြထားသည်။

မိုက်ကရိုဆော့ဖ်အနေဖြင့် “ဆိုးရွားသော ဆဲရေးတိုင်းထွာမှုများ” ပါဝင်သည့် ရုပ်သံဖိုင်များအား ဖြုတ်ချ သွားမည်ဖြစ်သည့်အပြင် ပိုင်ရှင်များ၏ Xbox Live ပေါ်ရှိ အချို့သော feature များသုံးစွဲနိုင်ခွင့်ကိုလည်း ဖယ်ရှားသွားမည်ဖြစ်သည်။

Upload Studio ပေါ်သို့ တင်လိုက်သည့်ဖိုင်များမှာ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ အား စိစစ်စောင့်ကြည့်လျက်ရှိသည်ဟုလည်း မိုက်ကရိုဆော့ဖ်မှ ဆိုလိုက်သည်။

ယခုကဲ့သို့ဆောင်ရွက်ချက်မှာ သုံးစွဲသူများအားလုံးအတွက် ယဉ်ကျေးလုံခြုံပြီး ပျော်ရွှင်စရာကောင်း သော ပတ်ဝန်းကျင်တစ်ခုအား ဖန်တီးနိုင်ရန်အတွက်ဖြစ်သည်ဟုလည်း ကုမ္ပဏီက ဆိုထားသည်။

သို့သော် သုံးစွဲသူအချင်းချင်းအကြား တိုက်ရိုက်ဆက်သွယ်သည့် Skype ချက်တင်နှင့် ဖုန်းခေါ်ဆိုမှုများ ကိုမူ Xbox Live စောင့်ကြည့်ရေးအသင်းမှ ကြည့်ရှုစိစစ် ခြင်းမျိုးမရှိဟုလည်း မိုက်ကရိုဆော့ဖ်က ပြောကြားထားသည်။

သုံးစွဲသူများအနေဖြင့်Xbox Live ပေါ်တွင် ၎င်းတို့ပြုလုပ်ထားသည့် ရုပ်သံ နှင့် ဓာတ်ပုံဖိုင်များအား တင်ပြမျှဝေရန် ခွင့်ပြုထားသည့်အပြင် သုံးစွဲသူများစွာ အတူတကွကစားနိုင်သောဂိမ်းများကိုလည်း ၀င်ရောက်ဆော့ကစားနိုင်သည်။ ၎င်းအား ယခင်Microsoft console များ ပေါ်တွင်ရရှိနိုင်သော်လည်းXbox One console အသစ်မှာမူ ပိုမိုရှုပ်ထွေးသော စောင့်ကြပ်ကြည့်ရှုသည့်စနစ်တစ်ခုရှိသည်ဟု ကုမ္ပဏီက ဆိုသည်။

အောင်မင်း ဘာသာပြန်သည်

No comments:

Post a Comment