Wednesday, November 27, 2013

မန္တလေးတွင် ဖြစ်ပွားသည့် နှစ်လောင်းပြိုင် လူသတ်မှု တရားခံ နှစ်ဦး မိပြီ


=========================================
ခွန်စိုင်းအောင်
=========================================
မန္တလေး ၊ နိုဝင်ဘာ ၂၆။ ။ မန္တလေး မြို့ မဟာအောင်မြေမြို့နယ် ၃၈ လမ်းနှင့် ၃၉လမ်းကြား၊ ၈၂လမ်း နှင့် ၈၃လမ်းကြားရှိ နေအိမ်တွင် နိုဝင်ဘာ ၂၄ရက် နေ့လယ်ပိုင်းက လူနှစ်ဦးအား ဓားဖြင့်ခုတ်သတ် သွားသည့် တရားခံနှစ်ဦး ကို နိုဝင် ဘာ ၂၅ရက်တွင် ဖမ်းဆီး ရမိပြီဖြစ် ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါမှုခင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာ တွင် တွေ့ရှိရ သည့် ဖုန်းနှစ်လုံး၊ သေဆုံးသူမိ သားစုနောက်ကြောင်းများအား စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ မဟာ မြတ်မုနိဘုရားကြီး နာရီစင်အနီး ရှိ ပတ္တမြား နိဗ္ဗာန် ကုန် ဆိုင်တွင် နေထိုင်သူ ကျော်မျိုးလွင်(ခ)ကျော် ကြီးမှာ ထောင်မှ ထွက်လာသည် မှာ တစ်လခန့်ရှိပြီဖြစ်ပြီး မသင်္ကာ ဖြစ်ဖွယ် တရားခံ၏ပုံ သဏ္ဌာန်နှင့် ကိုက်ညီကြောင်း စိစစ်တွေ့ရှိရ သဖြင့် ဆက်လက်စုံစမ်းခဲ့သည်။

၎င်းသည် အခင်းဖြစ်ချိန် ခန့်က သွေးစွန်းသည့်အဝတ်အ စားဖြင့် လူလတ်ပိုင်းတစ်ဦး မောင်း နှင်သည့်ဆိုင်ကယ်နောက်မှ လိုက် ပါစီးနင်းခဲ့ကြောင်း သတင်းအရ နိုဝင်ဘာ၂၅ရက် နံနက်၈နာရီခွဲ တွင် သွားရောက်ဖမ်းဆီးခဲ့ပြီး စစ် ဆေးမေးမြန်းရာမှ အမှုမှန်ပေါ် ပေါက်လာခြင်းဖြစ်ကြောင်း သိ ရသည်။

ကျော်ကြီးသည် နိုဝင်ဘာ ၂၄ရက် နံနက်၁၁နာရီက အိမ် တွင်ရှိနေစဉ် သူငယ်ချင်းဖြစ်သူ မဟာအောင်မြေမြို့နယ် ရွှေဘုန်း ရှိန်ရပ်ကွက်နေ နိုင်းစတားဂိမ်း ဆိုင်မှ ငလင်း(ခ)ထွန်းထွန်းလင်း ရောက်လာပြီး ၎င်းအား နားကြည်း အောင် ဆဲဆိုခဲ့သူများအား စာ ရင်းရှင်းလိုကြောင်း လာရောက် ပြောဆိုရာ ၎င်းနှင့်ငလင်းတို့သည် အသားလှီးဓားနှစ်ချောင်း ဝယ် ကာ မွန်းလွဲ၁၂နာရီ ၄၅မိနစ်တွင် အခင်းဖြစ်အိမ်သို့ ရောက်ရှိလာ ကာ ဆဲဆိုသူ မြင့်သိန်းနှင့် ဇော်ဇော် လတ်တို့အား အသင့်ယူဆောင် လာသည့် ဓားတစ်ချောင်းစီဖြင့် ထိုးနှက်ခုတ်သတ်ခဲ့ကြောင်း၊ ဓား နှင့်အဝတ်အစား များအား ငလင်း နေအိမ်တွင် ထားရှိခဲ့၍ ၎င်းတို့ နှစ်ဦးလမ်းခွဲခဲ့ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ကျန်တရားခံဖြစ် သည့် ငလင်းကို ဆက်လက်ရှာ ရာ နိုဝင်ဘာ၂၅ရက် မွန်းလွဲ ၁ နာရီခွဲတွင် စစ်ကိုင်းမြို့ရှိ ခေမာ ဝတီဘုန်းကြီးကျောင်း အနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်ရာတွင် အ သုံးပြုခဲ့သည့် သက်သေခံပစ္စည်း များကိုလည်း သိမ်းဆည်းရမိရေး အတွက် ရဲတပ်ဖွဲ့ဝင်များက ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment