Friday, November 29, 2013

ရခဲလှတဲ့  လူဘဝကို


တခဏတာ ပိုင်ဆိုင်ခွင့်ရတာ
တကယ်တော့ လက်ဆောင်ကောင်းပါဘဲ

ဒါပေမဲ့
ကိုယ်မှာရှိနေတဲ့  ဘဝပြဿနာဆိုတာ
ရင်ထဲကပျိုးထောင်ပေးလိုက်တဲ့
စိတ်သဘာဝနဲ့ဘဲဆိုင်ပါတယ်

ကိုယ်စိတ်ကနိမ့်ကျနေရင်
ဘဝကပေးတဲ့ပြဿနာအဖြေဟာ
ခပ်နိမ့်နိမ့် အတွေးနဲ့ ပြီးစလွယ်
ဖြေလာပ့ါလိမ့်မယ်

ကိုယ်စိတ်ဓာတ်က
မြင့်မားနေတယ်ဆိုရင်တော့
ဘဝကပေးတဲ့ အဖြေဟာ
ကိုယ်အတွက် တန်ဘိုးရှိတဲ့
အဖြေရရှိလိမ့်မယ်လို့ 
ထင်မိပါတယ်

No comments:

Post a Comment