Wednesday, November 27, 2013

၁၁၇


အော် လေးစားဖို့ကောင်းလိုက်တာနော်
မောင်ကျွန်မကိုလမ်းခွဲတုန်းကပြောခဲ့တဲ့စကားလေး
"မင်းကိုတောင်စိတ်ရှုပ်လွန်းလို့ ရီးစားထပ်ထားဖို့ဆိုဝေလာဝေး"တဲ့
ယောက်ျားတစ်ယောက်ပြောတဲ့စကားမို့နေမှာနော်
တစ်ပါတ်တောင်မခံဖူး

"ငါးစိမ်းမြင်လို့ငါးကင်ပြစ်တဲ့ကောင်ဟုတ်ဖူးတဲ့"
ဟုတ်ပါတယ်နော်
အသစ်မြင်လို့အဟောင်းဘဲပြစ်တဲ့ ယောက်ျားတစ်ယောက်တော့
ဟုတ်ခဲ့ပါတယ်

မလည်မရှုပ်နဲ့ကြိုးတော့လာမရှုပ်နဲ့မောင်
မောင့်ကြိုးကမောင့်လည်ပင်းပြန်ပတ်ပြီး
မရှုနိုင်မကယ်နိုင်ဖြစ်နေမယ်

ကျွန်မရဲ့၇ိုးသားမှုကိုရယ်စရာလို
ကျွန်မရဲ့စိုးရိမ်မှုတွေကိုဟာသလိုလုပ်ပြီး
မောင့်wallမှာမောင့်ကောင်မလေးပုံတင်တဲ့အထိရက်စက်ခဲ့တဲ့မောင်
ဘယ်လောက်ထိပျော်နေမလဲစောင့်ကြည့်နေမယ်
အခုတော့အရမ်းပျော်နေတယ်မဟုတ်လား

စောင့်ကြည့်နေမယ်နော်
ဟိုစကားပုံလို"ခွေးရူးကောင်းစားတစ်မွန်းတည့်"တော့မဖြစ်ပါစေနဲ့
ဆုတောင်းပေးခဲ့ပါတယ်
မောင်အမြဲပျော်နိုင်ပါစေ ဆုတောင်းနော်ကျိန်စာဟုတ်ဘူး
အရမ်းကြောက်မနေနဲ့ မဟုတ်တာလုပ်ထားပြီး


No comments:

Post a Comment