Thursday, November 28, 2013

_/\_မွေးနေ့ ကန်တော့ပန်း _/\_



ရင်နှင့်အမျှ ချစ်ခြင်းတွေနှင့်
အသက်နဲ့ဘ၀လောင်းကြေးထပ်ကာ
လူ့လောကအတွင်း ရောက်ရှိလာအောင်
ခေါ်ဆောင်လာခဲ့သော မေမေ...

လူလောကအလယ်
ချွေးသွေးနှင့်ရင်းကာ
သွန်သင်ဆုံးမ..ချစ်ခြင်းတွေနှင့်
ပွေ့ဖက်ကာ ပြုစုစောင့်ရှောက်ခဲ့ပါသော..ဖေဖေ

ကျေးဇူးကြီးလှ မိနှင့်ဖ အား
ချစ်ခြင်းများနှင့်...
လက်အုပ်မိုးကာ ထာဝရကန်တော့ပန်းဆင်လျက်ပါ။

No comments:

Post a Comment