Saturday, November 30, 2013

ဗုဒ္ဓသမိုင်း (သို့မဟုတ်) အမှတ်တရ ဒိုင်ယာရီ

အပိုင်း (၂ )
ပြန်လည်မျှဝေစေချင်ပါတယ်သူငယ်ချင်းတို့ရေ


ကြကွဲဖွယ်ကောင်းသော ဗုဒ္ဓဂယာ
ဤရွေ့ဤမျှပင် အထွတ်အမြတ်ဆုံးဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင်မဟုတ် သူ၊ ဗုဒ္ဓရန်သူကြီးတစ်ဦးက ပိုင်ဆိုင်ထားခြင်းကြောင့် ဝမ်းနည်းကြေကွဲဖွယ်ရာ တွေ့မြင်ရသည်ကား…
၁။ စေတီပုထိုးစသည်တို့မှာ နောက်ဘေးအိမ်သာတမျှ ညစ်ပတ်လျက် ရှိ ခြင်း။
၂။ ဖူးမြော်သူတို့အား သမာဓိမရနိုင်လောက်အောင် ရာ,ထောင်မကသော သူတောင်းစားများက လာရောက်ကာ ဆူဆူပူပူ တောင်းခံကြခြင်း။
၃။ ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သော ဟိန္ဒူမဟာဒေဝ လိင်ရုပ်ကြီးတစ်ခု ကို စေတီတော်ကြီးအောက်ထပ်ရှိ ရုပ်ပွားတော်ရှေ့၌ ချထားခြင်း။
၎။ ဆွမ်းတော်ကပ်၊ ဆီမီးပူဇော်သောအခါ ဆုတောင်းလို့ မဆုံးမီမှာပင် အလစ်ဝင်သုတ်လေ့ရှိခြင်း။
၅။ မုဉ္စလိန္ဒရေအိုင်တော်၌ ရေချိုးခြင်း၊ ညစ်ပတ်သော အဝတ်များကို ဖွတ် လျှော်ခြင်း၊ မစင်ဆေးခြင်း။
၆။ စေတီ,ပုထိုးပျက်များမှ အုတ်ကျောက်များဖြင့် အိမ်ဆောက်ခြင်း၊ ဆင် တင်းကုတ်၊ မြင်းတင်းကုတ်နှင့် မစင်အိမ်သာ လုပ်ခြင်း။
ဤကဲ့သို့သော ယုတ်မာသော ညစ်ပတ်ပုံများကို တွေ့မြင်ကြသော ကျွန်ုပ်တို့ နှင့်တကွသော ဗုဒ္ဓဘာသာဝင်အပေါင်းတို့မှာ အဘယ်မှာလျှင် စိတ်၏ချမ်းသာမှု ကို ရနိုင်ပါတော့အံ့နည်း?
ထို့ကြောင့် လွတ်လပ်သော မြန်မာနိုင်ငံတော်ရှိ ဗုဒ္ဓဘာသာဝင်အပေါင်းတို့ နှင့် ကမ္ဘာ့ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် ဤမျှ မွန်မြတ်သော နေရာတော်ကို ဘာသာခြားတို့ လက်တွင်းမှ မိမိတို့ လက်ဝယ်သို့ ရောက်ရှိလာအောင် ကြိုးစား အားထုတ်သင့်လှပေသည်။
ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ အမွန်မြတ်ဆုံးသော ဗုဒ္ဓဂယာကို ဗုဒ္ဓဘာသာ ဝင်တို့ကသာ ပိုင်ဆိုင်ရမည်ဟု တောင်းဆိုခဲ့သော် မည်သူကမှ တရားနည်းလမ်း မကျဟု ဝေဖန်နိုင်မည် မဟုတ်ပေ။ ဤတွင် အကျွန်ုပ်သည် ဤစာအုပ်ကို ဖတ်သူ တိုင်း သိရှိကြစေရန် ဗုဒ္ဓဘာသာပိုင်မဟုတ်သော အိန္ဒိယပြည် စတိတ်မန့်သတင်း စာ၌ ဝေဖန်ရေးသားထားသည်ကို ရေးသားဖော်ပြလိုက်ပါအံ့။

Statement of object and reasons
The Mahabodhi Temple at Bodhgaya is most sacred shrine of Buddhist world as it stands on the spot where Lord Buddha attained Supreme Wisdom. It is to the Buddhist what Mecca is to the Muslim. Ayodhya to Hindu and Jerusalem to Christian it is in the hands of a non-Buddhist the salivate Mahanth of Bodhgaya. For many years past, the Buddhists have Deem greatly dissatisfied with his management of the temple. They have expressed their strong desire to have them stored to their control. The desire is natural and this bill intended to make for provision. The better management of the temple and temple compound for their restoration to the Buddhists of India, Burma and Ceylon without prejudice to the right of Hindus to worship the image of Buddha in the temple and to offer alms food at the Bodhi tree to the north of the temple.

ဥပဒေပြုရခြင်းအကြောင်းရင်းခံ ဖော်ပြချက်
“ဗုဒ္ဓဂယာမြို့တွင် တည်ရှိနေသော မဟာဗောဓိစေတီတော်မြတ်၏ နေရာ တွင် ဗုဒ္ဓဘုရားရှင်သည် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိတော်မူသဖြင့် ကမ္ဘာ့ ဗုဒ္ဓဘာသာအတွက် အမြတ်ဆုံးသောနေရာ ဖြစ်ပေသည်။ မူဆလင်များအဖို့ မက္ကာမြို့၊ ဟိန္ဒူဘာသာဝင်များအဖို့ အယုဒ္ဓယမြို့၊ ခရစ်ယာန် ဘာသာဝင်များအဖို့ ဂျေရုဆလင်မြို့တို့သည် အမြတ်ဆုံးဖြစ်သကဲ့သို့ ထိုနေရာသည် ဗုဒ္ဓဘာသာဝင် တို့အဖို့ အမြတ်ဆုံး ဖြစ်ပေသည်။ ထိုစေတီနှင့်မြေမှာ ဗုဒ္ဓ ဘာသာဝင်တို့အဖို့ မည်မျှပင် အမြတ်ဆုံးဖြစ်စေကာမူ ဗုဒ္ဓဘာသာဝင် မဟုတ်သူ (သျှီဝ)သီဝဂိုဏ်းဝင် မဟန့်၏ လက်ထဲ၌ ကျရောက်နေမှုကြောင့် ဗုဒ္ဓဘာသာဝင် အပေါင်းတို့မှာ သူ၏ ပြုပြင်,စီမံပုံတို့ကို များစွာပင် မနှစ်ခြိုက်ဘဲ ရှိခဲ့လေသည်။ သူ(Buddhist)တို့သည် ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်ရရှိဖို့ရာ ထက်သန်သော သဘောဆန္ဒများကို ဖော်ပြခဲ့ လေပြီ။ ဤသဘောတရားမှာ အထူးသဘာဝကျလှပေသည်။ ၎င်းပြင် ဤဥပဒေ ကြမ်းသည် ဗုဒ္ဓဂယာစေတီတော်ကြီးကို ပြန်လည် ပြင်ဆင်ရေးနှင့် စေတီတော်ထဲ ရှိ ဟိန္ဒူတို့၏ ရုပ်ပွားတော်ကို ကိုးကွယ်မှုနှင့် ဗောဓိပင်ခြေရင်းတွင် ဆွမ်းတော် ကပ်မှုတို့ကို မထိခိုက်စေဘဲ အိန္ဒိယ, မြန်မာနှင့် သီဟိုဠ်ဗုဒ္ဓ ဘာသာတို့ကသာ အုပ်ချုပ်ထားရန် ရည်ရွယ်လေသည်”
ဤဆောင်းပါးကို ၁၉၃၅-ခုနှစ်က…

ဆတ်ရန်.....

ဒီစာအုပ်ကို မှာယူချင်ရင် ကျန်တော်မှတဆင့်လည်းမှာ ယူနိုင်သလို

ကဘာအေး
,ရွှေတိဂုံစေတီတော်ရှိ စာအုပ်ဆိုင်များနှင့် စံလှစာပေ (၃၉လမ်း-အထက်)
တွင်လည်း မှာ ယူနိုင်ပတယ်
ပြန်လည်မျှဝေပေးကြပါ...

No comments:

Post a Comment