Saturday, November 30, 2013

d ဦးနရပတိ ဆရာတော်'s photo.


"မကြည်တဲ့ရေကို ကြည်အောင်လုပ်ကြ၊ မနုတဲ့မြက်ကို နုအောင်လုပ်ကြ " ★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★★ "ဗမာနိုင်ငံမှာ ဆေးရုံပေါင်း အားလုံး ၂၄ ခု ငါ ဆောက်ပြီးပြီ။ လှူပြီးပြီ။စစ်ကိုင်းတောင်က ဆေးရုံက ကုတင်၂၀၀ Main ဆေးရုံကြီး။ တစ်တောင်ရိုးလုံး ရေပေးတယ်။ စာသင်ကျောင်း ၇၀ဆောက်လုပ်၍ လှူပြီးပြီ။ ရေကြည်ရာ မြက်နုရာဆိုရင် ငါအဲဒါတွေ မလုပ်ဘူးကွ။ မင်းတို့ အဲဒီစိတ်ဓာတ်မျိုး မမွေးနဲ့လို့ ငါ ဒီကနေ့ အထူးပြောချင်ပါတယ်။ မကြည်တဲ့ရေကို ကြည်အောင် လုပ်ကြစမ်းပါ။ ဟုတ်လားဒို့တိုင်းပြည်က ရေမကြည်တာကြာပြီ မနုတဲ့မြက်ကို နုအောင် လုပ်ကြစမ်းပါ။ အဲဒါကိုမှ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်လို့ ငါက ဒီလိုပြောချင်တယ်.. ရေမကြည်ဘူးဟေ့ကြည်တဲ့နေရာ ရွှေ့မယ်၊ မြက်မနုဘူးဟေ့ နုတဲ့နေရာသွားမယ်။ အဲဒါက အချောင်သမားစိတ်ဓာတ်။ မလုပ်ပါနဲ့ အဲတော့ မင်းတို့ တတွေ၊ ငါပြောချင်တာက ရေကြည်ရာ မြက်နုရာ ဆိုတဲ့ စိတ်ဓာတ်၊ အဲဒါ ပြင်ကြပါ။ ဒီကနေပြီးတော့ ဒို့ ရုရှားရောက်တဲ့ ညီအစ်ကို မောင်နှမတွေကို ပြောခြင်းက တစ်ကမ္ဘာလုံးရှိတဲ့ ဗမာတွေ၊ တစ်နိုင်ငံလုံးက ဗမာတွေကို ပြောပြီးသားဖြစ်လိမ့်မယ်လို့ ငါလည်း ယုံကြည်တယ် မကြည်တဲ့ ရေကို ကြည်အောင်လုပ်မယ်၊ မနုတဲ့မြက်ကို နုအောင်လုပ်မယ်။ အဲဒီစိတ်ဓာတ်တွေကို မွေးနိုင်ကြမှ ဒို့တိုင်းပြည်ဟာ ကမ္ဘာကြီးကို မီအောင် လုပ်နိုင်မယ် " သီတဂူဆရာတော်ဘုရားကြီး၏ ဓမ္မသဘင်မှ ကောက်နှုတ်ချက် (၂၆-၁၁-၂၀၁၃၊ မော်စကို၊ ရုရှား) ****************************** ရေကြည်ရာ မြက်နုရာကို ထွက်ခွာမသွားဘဲ မကြည်တဲ့ရေကို ကြည်လာအောင်၊ မနုတဲ့မျက်ကို နုလာအောင် အပတ်တကုတ်အားထုတ်နေကြသော သူတော်ကောင်းတို့အား ဂါရ၀ပြုပါ၏။ Credit >>> နှလုံးသားအာဟာရ

No comments:

Post a Comment