Thursday, November 28, 2013

လယ်စောင့် တဲ လေးချေတံရှည်

မိုးကုတ်
အောက်မှာနေ ကြာနီတပွင့် ဖြူတပွင့်
တဲ နဲ့ ပနံတင့်တယ်လို့  ကျောင်းစာတွေ
အော်ကျက်ရင်းနဲ့ မိအေးနဲ့ ဒို့ အဖေါ်တွေ
ကျောင်းကပြန် လယ်ကွက်ထဲ မိုးထဲရေထဲပျော်လည်းပျော်ကြတယ်
လွယ်အိပ်ကလေးကို ဘေးတိုက်လွယ်
မိအေးရယ်ငါကိုပေးဟဲ့ လွယ်အိပ်ကလေးကိုဝိုင်းလို့ လွယ် ကြာနီ
ကြာဖြူပွင့်ချိန်ဝယ် လယ်စောင့်တဲလေး
ချေတံရှည်တွေ့ ပြန်လည်း မိအေးရယ်
နင်ကိုလွမ်းတယ်ဟယ် ကျောင်းနေတုံးက
သူငယ်ချင်းမလေးမိအေးဘယ်မလည်း
ကွယ်

No comments:

Post a Comment