Wednesday, November 27, 2013

၈၁

UNFC ကတောင်းဆိုတဲ့ ပြည်ထောင်စု တပ်မတော်မူဝါဒ မှာ

ကြည်း ရေ လေ ဦးစီးချုပ် ရာထူးတွေကို
တိုင်းရင်းသားတပ်ရင်းတွေထဲက အလှည့်ကျစနစ်နဲ့ တာဝန်ယူရမယ်တဲ့

အေး!!!
ကောင်းတယ်

ရွာမှာဆက်ကြေးကောက် ခြုံခိုမိုင်းဆွဲ ဓါးပြသာသာလောက်
အတွေ့ကြုံရှိတဲ့ ကောင်ကို ကာချုပ် ရာထူးခန့်ရမှာလား

လက်ရှိခြေလျင်ခြေမြန်က စစ်သည်တွေလို
သင်တန်းတွေတက်ပြီး
တိုက်ရည်ခိုက်ရည်ရှိအောင်
အရင်လေ့ကျင့်လိုက်ဦး

စက်လှေလောက် စီးဖူးတဲ့ကောင်ကို
ရေတပ် ဦးစီးချုပ်ရာထူးခန့်ရမှာလား

ရေတပ်က CO တွေလို သင်တန်းပေါင်းများစွာတက်ပြီး ပင်လယ်ပြင်အတွေ့ကြုံတွေရှိအောင်အရင်လေ့ကျင့်လိုက်ဦး

လေတံခွန်လောက် လွှတ်ဖူးတဲ့ကောင်ကို လေတပ်ဦးစီးချုပ် ရာထူးခန့်ရမှာလား

လေတပ်က လေသူရဲတွေလို ပျံသန်းချိန်နာရီပေါင်းများစွာ
စစ်ဆင်ရေးအတွေ့ကြုံပေါင်း များစွာ ရအောင် အရင်လေ့ကျင်လိုက်ဦး

အလှည့်ကျ ခန့်ရအောင် ရပ်ကွက်အုပ်ချုပ်ရေးမှုး ရာထူးများမှတ်နေလား

ခုလက်ရှိ ကြည်း ရေ လေ ဦးစီးချုပ်တွေက
ကံစမ်းမဲပေါက်ပြီး ရထားတဲ့ရာထူးတွေမဟုတ်ဘူးဟ

သူတို့တွေ အဲ့ဒီနေရာရောက်ဖို့
အများကြီးကြိုးစားခဲ့
စွန့်စားခဲ့
ဘက်ပေါင်းစုံက ထူးချွန်းခဲ့လို့ ဒီနေရာ ဒီရာထူးမျိုးရထားတာ

အေး
UNFC က ငပေါတွေသေချာမှတ်ထား

မင်းတို့ဓါးပြသာသာ အဖွဲ့က ဗိုလ်ချုပ်ကို ကာကွယ်ရေးဦးစီးချုပ်ရာထူး
ပေးရအောင် ငါတို့များ
နင့်မေလင်တွေ မှတ်နေလား


ရဲရင့်လင်း (UNFC ရဲ့ ပထွေး)

No comments:

Post a Comment