Wednesday, November 27, 2013

ဆောင်းရာသီ ခရီးကြမ်း အလောင်းတော်ကဿပခရီးစဉ် မည်သူမဆိုပါဝင်နိုင်

ဆောင်းရာသီ ခရီးကြမ်း အလောင်းတော်ကဿပခရီးစဉ် မည်သူမဆိုပါဝင်နိုင်
==========================================
သူသူထက်လွင်
==========================================
ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ။ ။ဆောင်းရာ သီ ခရီးကြမ်း အလောင်းတော် ကဿပခရီးစဉ်အား ဒီဇင်ဘာလ တွင် သွားရောက်မည်ဖြစ်ရာ မည် သူမဆို ပါဝင်နိုင်ကြောင်း မြန်မာ နိုင်ငံခြေလျင်နှင့်တောင်တက်အ သင်းမှ သိရသည်။

အဆိုပါခရီးစဉ်ကို ဒီဇင်ဘာ ၂၆ရက် မှ ၂၀၁၄ခုနှစ် ဇန်နဝါရီ ၄ရက်အထိ လူဦးရေ ၅ဝကျော် ဖြင့်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်အားလိုက်ပါ လိုသူများအနေဖြင့် မြန်မာ နိုင်ငံခြေလျင်နှင့်တောင်တက် အသင်းသို့ ဝင်ရောက်ပြီး ပုံမှန်လေ့ကျင့်ခန်း များ ဆောင်ရွက်ပြီး လိုက်ပါနိုင် ကြောင်း သိရသည်။

''ဆရာတို့သွားမယ့်ခရီး စဉ်ကို လိုက်ပါလိုသူတွေအနေနဲ့ ခြေလျင်တောင် တက်အသင်း မှာ အသင်းဝင်ကြေးပေးသွင်းပြီး နေ့စဉ် နံနက် ၅နာရီခွဲမှာ စုပေါင်း လမ်းလျှောက်ပြီး လေ့ကျင့်ကြရ မယ်။ အလောင်းတော်ကဿပ ခရီးစဉ်ကို တက္ကသိုလ်ကျောင်း သား၊ ကျောင်းသူတွေ လိုက်ပါနိုင် ဖို့ ကုန်ကျစရိတ်သက်သာအောင် လူဦးရေ ၅ဝလောက် လိုက်ပါမယ် လို့ ခန့်မှန်းထားပါတယ်။ကျောင်းသား၊ ကျောင်းသူတွေကတော့ ခြေလျင်နှင့်တောင် တက်အသင်း ဝင်ကြေး ကျပ် ၅၀၀၀ ပဲ ကုန်ကျ မယ်။ သာမန်လူတွေအတွက်က တော့ သင်တန်းဝင်ကြေး ကျပ် ၁၀၀၀၀ ကုန်ကျပါမယ်'' ဟုမြန်မာ နိုင်ငံ ခြေကျင်နှင် တောင်တက် အသင်းဥက္ကဋ္ဌ ဦးမျိုးသန့်က ပြော သည်။

စစ်ကိုင်းတိုင်းဒေသကြီး အလောင်းတော်ကဿပအမျိုး သားဥယျာဉ် သို့ ခြေကျင် ခရီးဖြင့် သွားရောက်မည်ဖြစ်ပြီး ယင်းမာ ပင်မြို့နယ် ကပိုင်ရွာမှ အမျိုးသား ဥယျာဉ်သို့ အသွားအပြန်လမ်း လျှောက်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment