Saturday, November 30, 2013

ဒီညတော့ ပုံပြင်ပြောပြမယ်ဗျာ



တစ်ခါကအရမ်းချစ်ကြတဲ့ ချစ်သူနစ်ယောက်ရှိတယ်ဗျ

သူတို့နှစ်ယောက်ရဲ့ ရွာတွေကြားမှာ
မြစ်တစ်ခုခြားနေတယ်

အဲ့ဒီမြစ်ကို ဖြတ်ကူဖို့ ကူတိုးခ က ၁၀၀၀ကျပ်ပေးရတယ်

သူတို့နှစ်ယောက်လုံးက အရမ်းဆင်းရဲကြတော့ ကူတိုးခ မတတ်နိုင်လို့ ၃လမှ တစ်ခါ ၄လမှ တစ်ခါလောက်ဘဲတွေ့ကြရတယ်

တစ်ရက်မှာ ကောင်မလေးက သူချစ်သူနဲ့တွေ့ဖို့ ပိုက်ဆံ ၁၀၀၀စုပြီး မြစ်ကိုကူးဖို့လှေငှားတာပေါ့ဗျာ

အဲ့မှာလှေထိုးသမားက

ကူတိုးခ ဈေးတက်သွားပြီ တစ်ထောင်နဲ့ မရတော့ဘူး
နှစ်ထောင်ဖြစ်သွားပြီတဲ့

ကောင်မလေးရဲ့ အခက်ခဲကိုသိနေတော့
စီပွားရေးဆန်ဆန် ဈေးပိုတောင်းတဲ့သဘောပေါ့ဗျာ

ကောင်မလေးက သူ့ချစ်သူနဲ့အရမ်းတွေ့ချင်လို့ဆိုပြီး
သူတို့ရွာက သူဋ္ဌေးဆီမှာပိုက်ဆံသွားချေးတယ်

သူဋ္ဌေးက ပိုက်ဆံချေးမယ်ဆိုရင် အပေါင်းပစ္စည်းပေးရမယ်တဲ့

ကောင်မလေးက အပေါင်ပစ္စည်းမရှိဘူးဆိုတော့
သူဋ္ဌေးက ဒါဆို သူနဲ့ တစ်ညအိပ်ရမယ်တဲ့

ကောင်မလေးက သူ့ချစ်သူနဲ့အရမ်းတွေ့ချင်နေတော့
သဘောတူလိုက်တယ်

နောက်နေ့ရောက်တော့
သူဋ္ဌေးဆီက ငွေတစ်ထောင်ယူ
လှေနဲ့ မြစ်ကိုကူးပြီး
သူချစ်သူနဲ့ သွားတွေ့တယ်

အဲ့အကြောင်းတွေကို အကုန်သိတဲ့
ကောင်လေးသူငယ်ချင်းက

မင်းချစ်သူက သူဋ္ဌေးနဲ့ တစ်ညအိပ်လို့ရလာတဲ့ ပိုက်ဆံတစ်ထောင်နဲ့ မင်းကိုလာတွေ့တာ ဆိုပြီး ကောင်လေးကို သွားပြောတယ်

အဲ့မှာကောင်လေးက

ဒေါသထွက်ပြီး ကောင်မလေးနဲ့ လမ်းခွဲမယ် ဖြစ်ကုန်ရော

ဒါနဲ့ဘဲ

ကောင်လေးနဲ့ ကောင်မလေး အချစ်ဇတ်လမ်းဟာ လမ်းခွဲခဲ့ကြရတယ်

ပုံပြင်ကတော့ဒါဘဲ

ဒီပုံပြင်မှာပါတဲ့

ကောင်လေး
ကောင်မလေး
သူဋ္ဌေး
လှေထိုးသား
ကောင်လေးသူငယ်ချင်း

သူတို့ ၅ယောက်ထဲမှာ ဘယ်သူ့လုပ်ရပ်က အမှန်ဆုံးလဲ====

No comments:

Post a Comment