Friday, November 29, 2013

SEA Game ဖွင့်ပွဲ လက်မှတ်များ ကျပ် ငါးသောင်းမှ ခြောက်သောင်းအတွင်းဈေးပေါက်


================================
ရန်ကုန်၊ နိုင်ဝင်ဘာ ၂၉

SEA Game ဖွင့်ပွဲလက်မှတ်များ မှောင်ခိုဈေးကွက်မှာ ကျပ်ငါးသောင်းမှ ခြောက်သောင်း အထိ ဈေးပေါက်လျက်ရှိကြောင်း သိရသည်။

SEA Game ဖွင့်ပွဲ လက်မှတ် ကို တန်းစီစနစ်နဲ့ ရောင်းတယ်။ အဲ့တုန်းက မအားလို့မဝယ်ဖြစ်ဘူး။ အခု မှောင်ခိုလက်မှတ်က ငါးသောင်းတဲ့။ သွားချင်ပေမယ့် ကြည့်ချင်ပေမယ့် မကြည့်ဖြစ်မသွားဖြစ်တော့ပါဘူး။ ဟု အသက် ၃၅နှစ်အရွယ် အီလက်ထရောနစ်ဆိုင် မန်နေဂျာ တစ်ဦးကဆိုသည်။

မြန်မာနိုင်ငံတွင် နေရာ၊ ခုရေ မလုံလောက်မှုကြောင့် အမြဲတမ်း မှောင်ခိုဈေးကွက်များပေါ်ပေါက်လာပြီး ၁၅၀၀တန် ဖုန်းများသည်ပင်လျှင် အဆ ၁၀၀ ခန့် ခုန်တက်သွားခဲ့သောကြောင့် နိုင်ငံသားများအနေဖြင့် ရပိုင်ခွင့်များ ဆုံးရှုံးမှုအများဆုံးသော နိုင်ငံဖြစ်သည်။

No comments:

Post a Comment