Saturday, November 30, 2013

ဘာသာပြန် စာအုပ်လေးတစ်အုပ်ကို သတိရမိတယ်…

ဟိုးတုန်းက ဖတ်မိတဲ့ ...

ကျွန်တော်တို့ ရဲ့ ဘ၀တွေနဲ့ များ ...
ထပ်တူကျ နေသလားလို့ ပါ…..
တွေးရင်း ရင်နင့်လာတာနဲ့ စာမြည်းလေး ရေးလိုက်မိပါတယ်…။

မူရင်းစာရေးသူက ဂျာမန်စာရေးဆရာကြီး Erich Maria Remarque ပါ…။
ဘာသာပြန်သူက ဆရာကျော်တင့်ပါ ….။
စာအုပ်နာမည်က အင်္ဂလိပ်လို The Road Back တဲ့ ...အပြန်လမ်းပေါ့ …။
ဒီစာအုပ်ကို လူသိပ်မသိကြပေမယ့် ...
သူ့  ရဲ့ ပထမပိုင်းလို့ ပြောရမယ့် ...
" အနောက်ဖက် စစ်မျက်နှာ တွင် အားလုံးငြိမ်သက်နေကြသည် " …
( All quite on the western front )… ဆိုတဲ့
စာအုပ်ကိုတော့ အတော်လူသိများပါတယ်…။

စာအုပ်ကတော့ ...
အပြန်လမ်း ဆိုတဲ့ အတိုင်း ...
ပထမ ကမ္ဘာစစ် အပြီးမှာ စစ်ရှုံးပြီး ပြန်လာတဲ့
ဂျာမန်စစ်သားလေးတွေရဲ့  ဘ၀ကို ရေးထားတာပါ…။

စစ်ရှုံးလာတဲ့ ဂျာမန်တပ်စုလေး …
သူတို့ တိုင်းပြည်ကို ပြန်ရောက်ချိန်မှာ…
ဂျာမနီဟာ ချုံးချုံးကျနေပါပြီ……
စစ်လျော်ကြေး တနင့်တပိုး …ငွေကြေးဖောင်းပွမူ …
အလုပ်လက်မဲ့ပြသနာတွေနဲ့ …မြို့ အားလုံးဟာလဲ…
စစ်ဒဏ်ကြောင့် ပျက်စီးနေပါပြီ….။

အိမ်ပြန်ရောက်ရောက်ချင်း….
ပထမဆုံး သူတို့ ရင်ဆိုင်ရတာက …
ရထားပေါ်က ဆင်းဆင်းချင်း ကြုံရတဲ့ ...
ဆန္ဒ ပြ လူအုပ်ကြီးပါ…။
သူတို့ တပ်စုကိုလဲ မြင်ရော …
ရရာလက်နက်စွဲကိုင်ပြီး တိုက်ခိုက်ဖို့ ကြိုးစားကြတယ်…။
စွပ်စွဲချက်တွေလဲ တသီကြီးပါ….။

စစ်အာဏာရှင်တွေရဲ့  လက်ပါးစေတွေ….
စစ်ဝါဒီတွေ …....
စစ်ကျွန်တွေ …....
အဖ ဂျာမဏီပြည်ကြီးကို ဖျက်ဆီးခဲ့တဲ့ကောင်တွေ…
........ ….....
........ ........
လူအုပ်ကို ခေါင်းဆောင်လာတဲ့သူ တစ်ယောက်ကတော့ …
မြို့ ရဲ့ အပျက်အစီးတွေကို လက်ညိုးထိုးပြီး ….
မင်းတို့ လုပ်ခဲ့ တာတွေမြင်လား …ဆိုပြီးပြပါတယ်….။

ဒဏ်ရာရသူတစ်ချို့  ပါဝင်ပြီး ....
သွေးပေ နံစော်နေတဲ့ …
ယူနီဖောင်း အညစ်အပတ်တွေကို ၀တ်ထားတဲ့
သူတို့ တပ်စုလေးဟာ....
လူအုပ်ကြီးကို ပြူးကျယ်ပြီး နားမလည်နိုင်တဲ့
မျက်လုံးအစုံတွေနဲ့ ကြည့်နေကြပါတယ်…။

သူတို့ အားလုံးဟာ ရှေ့ တန်း စစ်မြေပြင်မှာ …
နေ့ စဉ်ရက်ဆက် တိုက်ပွဲဝင်ရင်း ..
မအိပ်ရတာကြာလို့  မျက်တွင်းဟောက်ပက် ....
ပါးချောင်နားချောင် ကျနေတဲ့ မျက်နှာတွေနဲ့ …
မရိတ်သင်ရတာ ကြာပြီဖြစ်တဲ့…..
မုတ်ဆိတ်ကျင်စွယ်တွေ ကိုယ်စီ ဗလဗျစ်နဲ့ ပါ…။

သူတို့ ကို ကြိမ်းမောင်းနေတဲ့ လူအုပ်ထဲမှာ…
သူတို့ သိတဲ့သူ အတော်များများကိုလည်း တွေ့ ရပါတယ်…။
သူတို့ နားမလည်နိုင်ဆုံးကတော့ ....
ဒီလူတွေကပဲ …
သူတို့ ရှေ့ တန်း စစ်မြေပြင်ထွက်ခါနီးမှာ …
ဂုဏ်ပြုပွဲတွေ အကြီးအကျယ်လုပ်ပြီး
သူတို့ ကို ချီးကျူးခဲ့ တဲ့ သူတွေ ဖြစ်နေတာကိုပါပဲ …။

( စစ်သားချင်း ကိုယ်ချင်းစာမိတဲ့ ရဲမိုး )

No comments:

Post a Comment