Friday, November 29, 2013

အခု ခြေ/ဥ ပြင်မယ့် ကိစ္စအတွက် ကြီးလေးကြီးဆွေးနွေးဖို့ကို



သမ္မတ ဦးသိန်းစိန်နဲ့ ကာချူပ် ဦးမင်းအောင်လှိုင်တို့ လက်ခံခြင်း လက်မခံခြင်းဘာ
ဘာအကြောင်းကြောင့်ပဲ ဖြစ်နေပါစေ တစ်ခုတော့ မီးမောင်းထိုးပြချင်တယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ

(၁) ဦးသန်းရွှေအစိုးရ အာဏာသက်တမ်းရှည်ကြာရခြင်းရဲ့ အကြောင်းပြချက်တစ်ခုဖြစ်ခဲ့တယ်။

(၂) ၄င်း ကိုယ်တိုင် စနစ်တကျ စီမံ ခန့်ခွဲရေးဆွဲခဲ့တဲ့ Master Plan တစ်ခုဖြစ်တယ်။

(၃) ၄င်း ရဲ့ နောက်ဆုံး ကြွင်းကျန်ရစ်သော အာဏာ မီးတောက်ဖြစ်တယ်။ တနည်းအားဖြင့် သူ့ရဲ့ နောက်ဆုံး Power ပါပဲ။

(၄) ဦးမင်းအောင်လှိုင်နဲ့ ဦးသိန်းစိန်ဟာ မည်သည့် ပြည်သူကမှ ရွေးကောက်တင်မြှောက်ထားခြင်း မရှိဘဲ ဦးသန်းရွှေမှ တိုက်ရိုက်နှုတ်မိန့်ဖြင့် ခန့်ထားခဲ့သူများသာဖြစ်တယ်။

အဲဒီ အချက်တွေ အချက်တွေကြောင့် ...။

ဦးသန်းရွှေရဲ့ Master Piece ကို

အုပ်ချုပ်ရေးမဏ္ဍိုင်ထဲက သူခန့်ထားတဲ့သူ ဘယ်သူကမှ ပြင်ဆင်ဖို့ လွှတ်တော် ပြင်ပမှာ
စကား တစ်ခွန်းအောင် ဟ ရဲဖို့ မရှိတာ သေချာပါတယ်။

ဘာ့ကြောင့်လဲ ဆိုရင်

၂၀၀၈ အခြေခံဥပဒေဟာ ဥှီးသန်းရွှေရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ ....... ဦးချိုပါပဲ ...။

အဲဒီ ဦးချိုကို သူ့အရိပ်ခိုခဲ့သူတွေ ဘယ်သူကမှ အာဏာရနဲ့ တပ်မတော်သားနဲ့ ပေါင်းထားတဲ့ အခင်းအကျင်းမရှိတဲ့ လွှတ်တော်ပြင်ပမှာ ...
ထက်ပိုင်း ချိုးပြီး ......။

အမိုက်ခံ ... ဆွေးနွေးမှာမဟုတ်ပါဘူး။

ဒေါ်စုနဲ့ NLD တော်ပါတယ်။

ပစ်လိုက်တဲ့ search fire ကြောင့်

တစ်ဖက်က ခလုပ်တိုက်သူတိုက်၊ မျက်နှာဖုံး ကျွတ်ကျသူ ကျွတ်ကျသွားတာ တွေ့လိုက်ရလို့ပါ ...။

No comments:

Post a Comment