Friday, November 29, 2013

ပုလိပ်ကြီး မစ္စတာ ယူ ဂျီ


ရည် ရွယ်ချက် အလွဲကြောင့် မနစ်နာစေရန် စောစောကပဲ လူထုစိတ်ဝင် စားတဲ့နေရာတစ်ခုမှာ တာဝန်ကျနေတဲ့ အရာရှိတစ်ယောက်နဲ့ ph ပြောဖြစ် ရာက နေ စကားစပ်မိတာ လေးပါ။ မှန်မမှန် ဝေဖန်နိုင် ပါတယ်ဗျာ။ အဲဒီလို နေရာမျိုးမှာတာဝန်ကျပြီ ဆိုရင် ဒီလိုသတင်းမီဒီယာခေတ် မှာ မီဒီယာတွေက ဝိုင်းမေးတတ် ကြပါတယ်။တစ်ချို့တပ်ဖွဲ့ဝင်တွေက ဖြေရင် အမှားပါပြီး အ ရေးယူ ခံရမလား စိုးရိမ်စိတ်နဲ့ ဖြေဘို့ ငြင်းဆန်လွှတ်တတ်ပါတယ်။ တစ်ချို့က တော့ လုပ်ငန်းရဲ့ ရည် ရွယ်ချက်ကို တိတိကျကျ သိနိုင် တဲ့ commander မဟုတ်ဘဲ အားနာစိတ်နဲ့ ဖြေတာ လဲရှိတတ်ပါတယ် ဒီလိုမျိုး မီဒီယာတွေနဲ့ တွေ့ကြုံ ဖြေကြားဘို့အတွက် ရဲတပ်ဖွဲ့မှာ လိမ္မာပါးနပ်စွာ ဖြေကြားဘို့ ဆိုတဲ့ လမ်းညွှန်ချက်ကလွဲလို့ ဘာမှ တိတိကျကျ ညွှန်ကြားထားတာ မရှိပါဘူး။နောက်တစ်ခုက E-information ခေတ်ပဲပြောပြော media လွတ်လပ်ခွင့်ပဲဆိုဆို ဖြေတာတစ်ခြား ရေးတာတစ်ခြား တွေကလည်း ရှိတတ်ပါတယ် ဒုတိယကမ္ဘာစစ်ကာလမှာ subject to ဆိုတဲ့ စကားလုံးကို ဘာသာပြန်မှားလို့ နဂါစကီမြို့ ဗုံးထပ်အကျဲခံရတယ်လို့ ဖတ်ဘူး ပါတယ် media တွေက ရဲစခန်းတစ်ခုကို သတင်းယူတဲ့အခါ ကနဦး ဖုန်းနွှဲလှမ်းမေးလေ့ရှိပါတယ် အဲဒီမှာ စကားလုံးဖောင်းပွမှုပိုဖြစ် တတ်ပါတယ် ကြိုးဖုန်းတွေမှာ record မပါတဲ့အတွက် ကိုယ် ရဲ့ တယ်လီဖုန်းဖြေကြားချက်ကို သူ့ဘက်က ဖျောက်ပစ်တာနဲ့ ကိုယ်ဘာမှမတတ်နိုင်တော့ပါဘူး အဲဒီမှာပဲ မရိုးသားတဲ့ သတင်းသမား တွေက လိုတိုးပိုလျှော့ လေထိုး ကျွတ်ဖာ လုပ်ပစ်တတ်ပါတယ် မ ဖြေတာကို အ ရေးယူလို့မရပါ ဘူး အကြပ်ကိုင် အတင်းအကြပ် မေးလို့မရပါဘူး အနည်းဆုံးတော့ ဖုန်းချပစ် ဖုန်းကြိုးဖြုတ်ပစ်လို့ ရပါတယ် လူကိုယ်တိုင် လာရောက် မေးမြန်းရင်တောင် တာဝန် ရှိသူ တွေဆီမေးပါ စသည်ဖြင့် ခေါင်း ရှောင် လို့ရပါတယ် ဒါပေမယ့် အများပြောနေတဲ့ ပွင့်လင်းမြင် သာ တဲ့ခေတ်မှာ ဖြေဘို့ ဝတ္တရားအရ ရော လူမှုရေးအားနာမှုအရပါ ဖြေသင့်ပါတယ် အဲဒီလိုဖြေတဲ့နေရာမှာလည်း ဖြစ်စဉ်ကွက်ကွက်လေးကိုသာ ဖြေသင့်ပြီး ကိုယ်မသိနိုင် တဲ့ တပ်ဖွဲ့ ဒါမှမဟုတ် နိုင် ငံတော်ရဲ့ မူဝါဒပိုင်းကိုတော့ မ ဖြေကြားသင့် ပါဘူး အချို့ media သမားတွေ က မှုခင်းသတင်းကို အထက်ကို တင်ပြဘို့ ကြေးနန်းတောင် မ ရေး ရ သေးခင် မှာပဲ ဇွတ်မေးတတ်တာ လည်းရှိနေတတ်ပါတယ် ကိုယ်မ ပြောခဲွဲှ့တာတွေ ချဲ့ကား ဖော်ပြခံရတာလည်း ကြုံဘူးပါ တယ် အဲဒီလိုဖြစ်တဲ့အခါ အထက်က အ ရေးမယူပေမယ့် စိတ်အ နှောင့်အယှက်ဖြစ်မိပါတယ် တပ်ဖွဲ့စကားနဲ့ပြောရရင် အာချောင် တယ်ဖြစ်တတ်ပါတယ် နောက်ပိုင်းမှာ media အားလုံးကို မျက်လုံးစိမ်းတာ မဟုတ်ပေမယ့် သတိထားဖြေလာရတယ် အရင်နှစ်က ဒီမှာ လူစိတ်ဝင် စားတဲ့ ကိစ္စတွေ ဖြစ်လာတော့ ထုံးစံအတိုင်း ပါပဲ media က ဖုန်းနဲ့လှမ်းမေးတယ် ကျုပ်ပြန် မ ဖြေဘူး လူကိုယ်တိုင် သတင်းလာယူ ဘို့ ပြောလိုက်တယ် အဲဒီမှာ သူက နိုင် ငံရပ်ခြားဖြစ်လို့ လာမရ ကြောင်း အဖြူအမည်း yes or no သာ ပြောဘို့ တောင်းဆိုပါတယ် ကျုပ်ကလည်း သတင်းဌာနက နိုင် ငံခြားကဖြစ်ပေမယ့် သတင်းထောက် သတင်းပွါး နယ်သတင်းထောက် ရှိမှာပါ လွှတ်ပေးပါ အပြည့်အစုံ ဖြေပါ့မယ် လို့ ပြန်ပြောပါတယ် လူကိုယ်တိုင် သတင်းထောက်ကဒ်ပြပြီး သတင်းလာယူတော့ အ မေးအ ဖြေ ကို ကျုပ်တပည့်နဲ့ မှတ်တမ်းတင် ခိုင်း သူရော ကျုပ်ပါ လက်မှတ်ထိုး ကျုပ်က မိတ္တူ တစ်စောင် ယူထားလိုက်တယ် သူသိချင် တာ လည်းသိရတယ် ကျုပ်လည်း စကားလုံးမ ဖောင်းပွတော့ဘူး နှစ်ဦးနှစ်ဘက်လည်းကျေနပ်တယ် ဒါ ကျုပ် method ပါ မှားရင်ပြောဗျာ ကျုပ်လည်း တစ်ခါသေဘူးတော့ ပျဉ်ဘိုးနားလည်သွားပြီဗျ media တိုင်းကိုတော့ မဆိုလိုပါဘူးဗျာ

No comments:

Post a Comment