Friday, November 22, 2013

၃၆

ဆုံမှတ်မဲ့ ချစ်ခြင်း
ချစ်သူ
ငါတို့ဟာ ပန်းတိုင်မရှိတဲ့ ပြိုင်မျဉ်းလား
ချစ်သူ
ငါတို့ဟာ ဆုံမှတ်မရှိတဲ့ ချစ်ခြင်းလား
ချစ်သူ
ငါတို့ဟာ ကြယ်မရှိတဲ့ ကောင်းကင်လား
ဘာတွေပဲဖြစ်ဖြစ်
ငါ ဆုံချင်သေးတယ်
ငါ့ အနာဂတ်တွေ နင်နဲ့အတူ ခြယ်သချင်သေးတယ်
မိုက်ရူးရဲတယ် ဘယ်သူတွေပြောပြော
နင့်ရင်ခွင်ဟာ ငါ့အတွက်တော့ ပင်လယ်တစ်ခုလို
ငါ ကူးခတ်ချင်သေးတယ်
နင့်ချစ်ခြင်းကောင်းကင်မှာ နေဘယ်လောက်ပူပူ
လတစ်စင်းအမှတ်နဲ့ ငါလှမ်းလျှောက်ချင်သေးတယ်
ငါ့ကို ကြယ်တစ်ပွင့်စာ အလင်းရောင်လေးပေးရင်
ငါကျေနပ်ပါတယ် ချစ်သူ
နင် သင်ပေးသလို ငါနေတတ်အောင် နေပါ့မယ်
ဘာတွေဖြစ်ဖြစ် ငါချစ်သေးတယ် ... ။
ပုံ...
မိုးစက်

No comments:

Post a Comment