Friday, November 22, 2013

၀၉

ပဲ့တင်သံ

နံရံတွေပေါ်က ရိုက်ခတ်
တံဆိပ်မကပ်ရသေးတဲ့
သူတွေအတွက်....
ကျုပ်မှာတာဝန်ရှိတယ်။

ကျုပ်မှာ ရာသီတွေ
အခါတွေ မရှိဘူး....
ဆောင်း နွေ မိုး မရှိဘူး....
အချိန်နာရီ မရှိဘူး....
နှိုးစက် မရှိဘူး....
ဘယ်သူဘယ်ဝှါ ဆိုတဲ့
သဲလွန်စ မသိဘူး....။

ကျမဲ့မျက်ရည် သုတ်ပေးမယ်
အားငယ်သူကို အားပေးမယ်
ကျုပ်ရဲ့စီးတော်ယာဉ်ပေါ်
ရောက်လာခဲ့သူ မှန်သမျှ
ပက်လက် ချည်းဘဲ
မှောက်လျက် တစ်ယောက်မှမပါ။

စောဒက တက်သူလည်းမရှိ
ပြန်ဆင်းပြေးတဲ့သူလည်းမရှိ
ဒီလိုအေးချမ်းတဲ့ခရီးသယ်မျိုးကြ
ဘယ်ကားသမားမှ မတင်ချင်ကြ။

ပါဝါပြတဲ့ လူကြီးလည်း
ငြိမ်ငြိမ် ကလေးဘဲ....
အဏာရူးတဲ့ လူကြီးလည်း
ငြိမ်ငြိမ် ကလေးဘဲ....
ကိုယ့်ဆွေမျိုးဘဲ ချစ်တဲ့
ကိုမျိုးချစ်ကြီးလည်း
ငြိမ်ငြိမ် ကလေးဘဲ...
စားလိုက် ဖားလိုက် ဝါးလိုက်နဲ့
စား ဖား ဝါး ကြီးတွေလည်း
ငြိမ်ငြိမ် ကလေးဘဲ....။

ကဲ..ကဲ..ကဲ
ဟိတ်......
ကျုပ်လက်ညှိုးရှေ့ကလူ
ခင်ဗျားရော....
ငြိမ်ငြိမ်လေး လိုက်မှာလား?။

No comments:

Post a Comment