Sunday, November 24, 2013

၈၁

မန္တလေး မြို့ရှိ ဗလီများအတွင်းမှ လက်နက် များကို လက်ဝယ်ထားရှိ သူများအား အမှုဖွင့် အရေးယူ
========================================
ခွန်စိုင်းအောင်
========================================
မန္တလေး ၊ နိုဝင်ဘာ ၂၂ ။ ။ မန္တလေး မြို့ရှိ ဗလီများအတွင်းမှ လက်နက် များကို နေအိမ်ဂိုဒေါင်များအတွင်း သို့ရွှေ့ပြောင်း၍ တရားမဝင်လက် ဝယ်ထားရှိထားသူနှစ်ဦးအား သက်ဆိုင်ရာရဲစခန်းများတွင် အ မှုဖွင့်အရေးယူ လိုက်ပြီဖြစ်ရာ မ သင်္ကာဖြစ် ဖွယ်ရာသတင်းများ ရရှိသည့်ဗလီများအား စစ်ဆေး မှုများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယခုသိမ်းဆည်းရမိထား သော လက်နက်ပစ္စည်းများမှာ ပြီးခဲ့သည့် မိတ္ထီလာပဋိပက္ခဖြစ်စဉ် ဖြစ်ပွား နေစဉ်တွင် ဘာသာခြားများက ဗလီများအတွင်း ထားရှိထားသည် ဖြစ်ရာ ဖြစ်စဉ်ပြီးနောက်တွင် နေ အိမ်သို့ ပြောင်းရွှေ့သိမ်းဆည်း ထားခြင်း ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ ဝင်များက ဖမ်းဆီးရမိရာတွင် ပြင်ပကောလာဟလများ ထွက် ပေါ်နေသကဲ့သို့ ယမ်းအင်အား သုံးဖောက်ခွဲပစ္စည်းများ တစ်စုံ တစ်ရာမပါဝင်ဘဲ ခိုင်လုံသော သတင်းရရှိမှုကြောင့်သာ သက် သေများနှင့်အတူ သွားရောက် ကာ စစ်ဆေးသိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ဇော်မင်းဦးက ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ ပြောသည်။

No comments:

Post a Comment