Thursday, November 21, 2013

ဘင်္ဂလီ နဲ့  OIC ကပြသနာဘဲ

ကုလသမဂ္ဂအထွေထွေညီလာခံ၏ လူ့အခွင့်အရေးကော်မတီမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံသားများအတွင်း၌ "ဘင်္ဂါလီများကို နိုင်ငံသားပေးရတော့မှာလား" ဟူသည့် စိုးရိမ်ပူပန်မှုများ ရှိလာကြသည်ကို ကြားသိရပါသည်။

စိုးရိမ်ပူပန်စရာအကြောင်း လုံးဝမရှိဟု ဆိုနိုင်ပါသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီမှ အတည်ပြုလိုက်ခြင်းသည် အစည်းအဝေးဆုံးဖြတ်ချက် (resolution) မျှသာ ဖြစ်သည်။ ဤသို့။

Urging Myanmar to give the stateless Rohingya minority equal access to citizenship and to crack down on Buddhist violence against them and other Muslims in in the southeast Asian nation.

"နိုင်ငံမဲ့နေသော ရိုဟင်ဂျာ လူနည်းစုများအား နိုင်ငံသားဖြစ်မှု တန်းတူအခွင့်အရေးပေးရန် နှင့် ရိုဟင်ဂျာ နှင့် အခြားမူဆလင်များအပေါ် ဗုဒ္ဓဘာသာအကြမ်းဖက်မှုများကို ဖြိုခွင်းရန်တို့အား အရှေ့တောင်အာရှနိုင်ငံ၊ မြန်မာအား တိုက်တွန်းခြင်း"

(တိုက်ရိုက် ဘာသာပြန်ဆိုခြင်းဖြစ်၍ အသုံးအနှုန်းများ နားလည်ပေးပါရန်)

ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအား တိုက်တွန်းခြင်း၊ ဖိအားပေးခြင်းသာ ပြုလုပ်၍ ရပါမည်။ အတင်းအကြပ်ပြုမူ၍ မရပါ။ မြန်မာနိုင်ငံအနေဖြင့်လည်း ကုလသမဂ္ဂ၏ ဖိအား၊ တိုက်တွန်းချက်ကို state sovereignty နှင့် self-determination များအရ ငြင်းပယ်ခွင့်၊ ငြင်းဆန်ခွင့် ရှိသည်။

"ဤကဲ့သို့ ငြင်းဆန်လိုက်လျှင် မြန်မာနိုင်ငံအား ကုလသမဂ္ဂမှ၊ အနောက်နိုင်ငံများမှ အရေးယူမည်လား" ဟု စိုးရိမ်ကြသူများလည်း ရှိသည်။

စိုးရိမ်စရာမလိုဟု ဆိုချင်သည်။

အရေးယူသည်ဆိုရာဝယ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှု နှင့် စစ်ရေးအရအရေးယူမှုဟူ၍ နှစ်ပိုင်းခွဲ၍ ရနိုင်သည်။

သမ္မတဦးသိန်းစိန် လက်ထက်တွင် စီးပွားရေးပိတ်ဆို့မှုများကို သက်ဆိုင်ရာ အဖွဲ့အစည်း၊ နိုင်ငံများမှ ဖြေလျှော့ပြီးဖြစ်သည်။ နောက်ထပ်လည်း လျှော့ဖွယ်ရာသာရှိသည်။ ထို့ကြောင့် စီးပွားရေးပိတ်ဆို့မှု နှင့် အရေးယူဖွယ်ရာမရှိဟု မြင်သည်။

စစ်ရေးအရ အရေးယူမည်ဆိုသည်မှာ လုံးဝမဖြစ်နိုင်သောကိစ္စဖြစ်သည်။ ဆီးရီးယားကဲ့သို့ ပြည်တွင်းစစ် အကြီးအကျယ်ဖြစ်နေသော၊ ဓာတုလက်နက်သုံးစွဲခဲ့သော နိုင်ငံမျိုးကိုပင် ကုလသမဂ္ဂအနေဖြင့် အရေးယူ၍ မရသည်ကို တွေ့မြင်နိုင်သည်။ မြန်မာနိုင်ငံသည် ဓာတုလက်နက်သုံးစွဲသော နိုင်ငံလည်းမဟုတ်၊ မူဆလင်များအား လုမျိုးတုန်းသတ်ဖြတ်နေသည်လည်း မဟုတ် (ထိုအချက်အား ဒေါ်အောင်ဆန်းစုကြည်မှ သက်သေပြပြီး) ဖြစ်လေရာ ကုလသမဂ္ဂ သို့မဟုတ် အနောက်နိုင်ငံများမှ စစ်ရေးအရ အရေးယူရန်မှာ မည်သို့မျှ မဖြစ်နိုင်။

မိမိတို့နိုင်ငံအနေဖြင့် အဓိကအရေးကြီးသည်မှာ ဘင်္ဂါလီ (ရိုဟင်ဂျာ) ကိစ္စ၌ အစိုးရ နှင့် အတိုက်အခံ သဘောထားတူညီစွာ နိုင်ငံသားပေးမှုကို ဆန့်ကျင်ရန်၊ ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်းသာ ဖော်ဆော်ရန်ဖြစ်သည်။ ယခု UN ၏ resolution အပေါ်၌ အစိုးရရော အတိုက်အခံကပါ "UN သည် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည်" ဟု တစ်သံတည်း ထွက်ပါသည်။ သို့ဖြစ်ရာ ကုလသမဂ္ဂ၏ ဘင်္ဂါလီများအား နိုင်ငံသားပေးရန် တိုက်တွန်းဖိအားပေးမည့်ကိစ္စအား မြန်မာနိုင်ငံသားများအနေဖြင့် လုံးဝ စိုးရိမ်စရာမလိုဟု ဆိုချင်ပါသည်
Myo Min Thant

No comments:

Post a Comment