Thursday, November 21, 2013

ကိုရီးယား ဆေးကုကြမလား

မြန်မာနိုင်ငံတွင် ခွဲစိတ်ကုသ၍ မရသော ရောဂါဝေဒနာရှင် သုံးဦးခန့် ကိုရီးယားနိုင်ငံသို့ ခေါ်ဆောင်ကာ အခမဲ့ကုသပေးမည်
=======================================
ခင်သက်မွန်
=======================================
ရန်ကုန် ။ ။ ကိုရီးယားနိုင်ငံမှ အထူး ကုသမားတော်ကြီးခုနစ်ဦး ပါဝင် သော ဆေးကုသမှုအဖွဲ့မှ မြန်မာ နိုင်ငံတွင် ခွဲစိတ်ကုသ၍ မရသော ရောဂါဝေဒနာ ရှင်သုံးဦးခန့်အား ကိုရီးယားနိုင်ငံသို့ ခေါ်ဆောင် ကာ အခမဲ့ခွဲစိတ်ကုသပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါကိုရီးယားဆရာဝန် အဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေ သကြီးရှိ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဆေးရုံနှင့် ဒဂုံမြို့သစ်မြောက်ပိုင်း ဆေးရုံတို့သို့ ယခုလ ၂၂ရက်နှင့် ၂၃ရက်တို့တွင် လာရောက်ကာ လူနာများအား အခမဲ့စစ်ဆေး စမ်းသပ်ကုသပေးသွားမည်ဖြစ် ကြောင်း ယင်းကိစ္စအား တာဝန် ယူစီစဉ်သည့်Pworld Co.,ltd မှ MD စိုးဇာဇာဟန်ကပြောသည်။

''ဒီမှာနှစ်ရက်လာပြီးတော့ စစ်ဆေးကုသမှုတွေလုပ်ပေးမယ်။ ခွဲစိတ်ဖို့လိုအပ် တဲ့ လူနာတွေကိုလဲ ခွဲစိတ်ကုသပေးမယ်။ ဒီမှာကုသ လို့မရတဲ့သူတွေကို ကိုရီးယားကို ခေါ်သွားပြီးကုသပေးမယ်။ နိုင်ငံ ခြားကိုခေါ်သွားမှာတော့ လူဦး ရေသတ်မှတ်ချက်ရှိပါတယ်''ဟု ယင်းက ထပ်မံပြောသည်။

''ကိုရီးယားကျန်းမာရေးဝန်ကြီးဌာနကပံ့ပိုးမှုနဲ့ပါလာတဲ့ ဆေးတွေကို ဆေးဝါးကုသတဲ့နေ ရာတွေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို လှူဒါန်းပေးမယ်။ လိုအပ်တဲ့နေရာတွေမှာ အသုံးပြု နိုင်ဖို့ လှူဒါန်းတာပါ။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကနေပြီး တော့ သင့်တော်တဲ့နေ ရာတွေကို ဝေပေးဖို့ အစိုးရအဖွဲ့ ကဆုံးဖြတ် ပေး မှာပါ''ဟု ပြောသည်။

အဆိုပါကုသမှုများအတွက် ဒဂုံအရှေ့ပိုင်းဆေးရုံ၊ ဒဂုံမြောက် ပိုင်းဆေးရုံများမှကုသမည့်လူနာများကိုကြိုတင်စုဆောင်းထား ပေးခြင်း၊ ကြေညာထားခြင်းများ ပြုလုပ်ထားပြီး ပြသလိုသူများအ နေဖြင့် ယင်းဆေးရုံကြီးများတွင် စာရင်းပေးသွင်းနိုင်သည်။

No comments:

Post a Comment