Friday, November 22, 2013

--

ဒေါ်စုက ရခိုင်ကိစ္စ ဘာမှ မပြောဘူး ဆိုတဲ့ လူတွေကို ဒါလေး လက်ဆင့်ကမ်းပြီး ပြန်ချဲလိုက်ကြပါ။
#########################
ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ လည်းကောင်း နိုင်ငံတော် အစိုးရ၏ တိကျ ပြတ်သား သည့် မူဝါဒကို ထင်သာ မြင်သာ ရှိအောင် ပြည်သူ လူထုထံ ချပြရမည် ဖြစ်ကြောင်း နိုဝင်ဘာ လ ၇ ရက်က ထုတ်ပြန်သော တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် အချို့နှင့် တရား ဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့၏ သဘောထား ကြေညာချက် အရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တို့၏ ညှိနှိုင်း ဆွေးနွေး သဘော တူညီချက် အရ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကြေညာချက် တွင် ရခိုင် ပြည်နယ် အတွင်း ဖြစ်ပွား နေသော ပဋိပက္ခများ ဖြစ်ပွား နေရခြင်းကို ပြည်ထောင်စုဖွား တိုင်းရင်းသားများ စိတ် မချမ်း မြေ့ ဖြစ်ကြ ရကြောင်း၊ ပဋိပက္ခများ ဖြစ်ပွား နေသော၊ ဖြစ်နိုင်ခြေ ရှိသော ဒေသများတွင် လုံခြုံရေး လိုအပ်ချက် အရ တပ်ဖွဲ့ဝင်များ အင်အား မြှင့်တင်ခြင်း၊ လုံခြုံရေး အစီအစဉ်များ အဆင့် တိုးမြှင့်ခြင်း တို့ကို အချိန်နှင့်တပြေးညီဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ ယင်းအတွက် တရားဥပဒေ စိုမိုးရေးနှင့် တည်ငြိမ် အေး ချမ်း ရေး ကော်မတီက အောက်တို ဘာ လ ၂၆ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

တည်ဆဲဥပဒေဖြစ်သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် ပတ်သက်၍ လည်းကောင်း၊ နိုင်ငံသားဖြစ်မှု ကိစ္စနှင့် ပတ်သက်၍ လည်းကောင်း ရခိုင်ပြည်နယ် အရေး ကိစ္စနှင့် ပတ်သက်၍ လည်းကောင်း နိုင်ငံတော် အစိုးရ၏ တိကျ ပြတ်သားသည့် မူဝါဒကို ထင်သာ မြင်သာ ရှိအောင် ပြည်သူလူထု ထံ ချပြရမည် ဖြစ်ကြောင်း လူသားချင်း စာနာမှု အထောက်အကူများ ကို လိုအပ်သူများ အားလုံး အတွက် နှစ်ဦးနှစ်ဘက် လက်ခံနိုင်သော နည်းများဖြင့် အမြန်ဆုံး စီစဉ်ပေးရန် လိုအပ်ပါကြောင်း နှင့် နယ်စပ် လုံခြုံရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ကိစ္စ တို့တွင်လည်း နှစ်နိုင်ငံ စလုံးက ဥပဒေ နှင့်အညီ တာဝန် ယူခြင်း၊ တာဝန် ခံခြင်း တို့ ရှိရမည် ဖြစ်ပြီး နယ်စပ် ဖြတ်ကျော်မှု များကို စနစ်တကျဖြင့် လုံလုံခြုံခြုံ ရှိအောင် နှစ်နိုင်ငံလုံးက ကာကွယ်ကြရန် အထူး လိုအပ်ပါကြောင်း ပါရှိသည်။

မူရင်း Link >>> http://aungthetkhing.blogspot.com/2012/11/blog-

No comments:

Post a Comment