Friday, November 22, 2013

အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်အသစ်ရေးဆွဲရေးကို ဆန္ဒခံယူနေကြသော်လည်း ဖွဲ့စည်းပုံအခြေခံစာအုပ်
မမြင်ဘူးသူကများနေ

လားရိုး၊ နိုဝင်ဘာ ၂၂။

မြန်မာနိုင်ငံပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့တွင်
(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်သို့ မဟုတ်
အသစ်ရေးဆွဲရန် အတွက်ပါတီ၊ အဖွဲ့အစည်းအသီးသီးတို့မှ လူထုဆန္ဒခံယူပွဲများ ပြုလုပ်နေပါသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးလက်ဒေသနေ
တိုင်းရင်းသားအများစုမှာ(၂၀၀၈)အခြေခံဥပဒေစာအုပ်ကို
မြင်တွေ့ဖူးခြင်းမရှိသည့် လူဦးရေမှာများပြားလျှက်ရှိကြောင်း ၎င်းပွဲများတွင် မေးမြန်းချက်များအရ သိရသည်။

“အကိုတို့မေးလို့သာ ကြားဖူးတာပါ မြို့ကလူတွေပြောနေတဲ့ အခြေခံဥပဒေဆိုတာကို နားလည်ဖို့ဆိုတာ အဝေးကြီးမြင်တောင်
မမြင်ဖူးဘူး။ အခြေခံဥပဒေကို နားမလည်ပေမဲ့ ဥပဒေနဲ့
မလွတ်ကင်းတာကို ကျွန်မတို့ ဘာမှမလုပ်ပါဘူးရိုးရိုးသားသား
တောင်ယာလုပ်စားကျတာပါ”ဟု မန်းပွဲကျေးရွာနေ ရှမ်းအမျိုးသမီးတစ်ဦးက မြန်မာ့ခေတ်ကို ပြောသည်။

လားရိုးမြို့ ပတ်ဝန်းကျင်ကျေးရွာများ၊ သီပေါမြို့ပတ်ဝန်းကျင်ရှိ
ကျေးရွာများကို လှည့်လည်ကာ(၂၀၀၈)အခြေခံ ဥပဒေကိုပြည်သူများ စိတ်ဝင်စားမူကို သိရှိရန်စစ်တမ်းကောင်ယူနေသည့်(လားရိုး)မောချယ်ရီ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

တောင်ပေါ်ကျေးလတ်နေတိုင်းရင်းသား အများစုသည် ဘာသာစကားကျွမ်းကျင်မှု မရှိခြင်းကြောင့် အတန်းပညာ
တက်မြှောက်မူ အားနည်းခြင်း၊ အသိပညာနွမ်းပါးခြင်းတို့ပါ
ကျေးလတ်အများစုတွင်ရှိနေရာ အဖွဲ့စည်းအဦစီးတို့၏ ဖျားရောင်းလှည့်စားအသုံးချခြင်းတို့မှ ကာကွယ်ရန်
တောင်ပေါ်နေကျေးလတ်ပြည့်သူလူထု၏ အသိပညာဖွံ့ဖြိုး
တိုးတက်မူကို အရပ်ဖက်အဖွဲ့စည်းများ၊ နိုင်ငံရေးပါတီများနှင့် အုပ်ချုပ်သူအစိုးရတို့မှ စီမံချက်တရပ်ထားကာ အမြန်အကောင်ထည်ဖော်သင့်ကြောင်း အဖွဲ့မှ ဦးစံတင်က ဆက်လက်ပြောသည်။

အသိပညာဖွံ့ဖြိုးမူ နောက်ကျနေသော တောင်ပေါ်ကျေးရွာများရှိ
ဒေသခံတိုင်းရင်းသားအများးစုသည် ရုံးသုံးဘာသာစကား တက်ကျွမ်းမူအားနည်းခြင်း၊ စီးပွားရေးချို့တဲ့ခြင်း၊ အတန်းပညာနိမ့်ကျခြင်းတို့ကြောင့် လူကုန်ကူးခံရမူ၊ မူးရစ်ဆေးဝါးရောင်းဝယ်သုံးစွဲမူ အစရှိသော လူမူရေးဘေးထွက်ဆိုးကျိုးများလည်း များစွာဖြစ်ပေါ်လျှက်ရှိကြောင်း ၎င်းစစ်တမ်း ကောက်ယူလျက်ရှိသော အဖွဲ့မှ သုံးသပ်ကြသည်။

တင်ဦး(စောထ)

No comments:

Post a Comment