Sunday, November 24, 2013

၂၇

"ဒေါ်စုသေတောင် ဒီမိုကရေစီမရဘူး"

ပြောရက်ပါဘိနော်။
လွန်ခဲ့တဲ့နှစ်ရက်ကပေါ့ဗျာ

"ဒီသူငယ်ချင်းက
နိုင်ငံရေးလုပ်နေတာ
၂၀၂၀ လောက်ဆို သူ့ကိုမဲပေးရအောင်လေ"
ဆိုတော့ ဘေးကတစ်ယောက်က
" မင်းတို့ဘယ်လောက်လုပ်လုပ်
ဒီမိုကရေစီမရဘူး
ဒေါ်စုသေရင်တောင်
ဒီမိုကရေစီမရဘူး
မင်းလိုမတောက်တစ်ခေါက်
နိုင်ငံရေးလုပ်တဲ့သူဆို
ဝေးပေါ့
မဲပေးလည်း အလကားပဲ
ကိုယ်လုပ်မှ ကိုယ်စားရတာ
ဘယ်သူမှလာမကျွေးဘူး " ဆိုပြီး
ဒေါကြီးမောကြီးနဲ့
ပြောလိုက်တဲ့စကားက
ကျွန်တော့နှလုံးသားမှာ
တူနဲ့ရိုက်လိုက်သလိုပါပဲ။

မြန်မာမှဟုတ်ရဲ့လားလို့
တွေးမိလိုက်တယ်
သူ့ကို စာရေးဆရာ
ညီမင်းညိုပြောခဲ့သလို
Neutral Man လို့ပဲ
သတ်မှတ်လိုက်ရမလား။

ကန်ပေါက်ရွာက
၁၉ နှစ်အရွယ်မိန်းကလေး တစ်ယောက်နဲ့ နှိုင်းယှဉ်မိလိုက်တယ်။
အိမ်က ဝန်ထမ်းဆရာမလေးအဖြစ်
အလုပ်ရဘို့
နိုင်ငံရေးမလုပ်ရလို့ပြောတာ
ဝန်ထမ်းမဖြစ်ချင်နေ
လူထုတစ်ရပ်လုံးအတွက်
သူလုပ်နေမှာပဲ ဆိုပြီး
နိုင်ငံရေး လောကထဲမှာ
ပျော်နေတဲ့ မိန်းကလေးပေါ့။

တကယ်ဆို
ကိုယ့်နိုင်ငံ ကောင်းဘို့အတွက်
နိုင်ငံရေး လုပ်နေတဲ့သူတွေကိုတော့
ဒီလောက်ပြင်းထန်တဲ့စကား
မပြောသင့်ပါဘူးဗျာ။

ဗိုလ်ချုပ်အောင်ဆန်း
နိုင်ငံရေးလုပ်နေတာဟာ
ကိုယ်ကျိုးအတွက်စားဘို့
လုပ်နေတာမဟုတ်ဘူး
နိုင်ငံသားတစ်ယောက်
လုပ်သင့်လုပ်ထိုက်လို့
နိုင်ငံသားတစ်ယောက်ရဲ့
စိတ်ဓာတ်နဲ့ အပင်ပန်းခံ
လုပ်နေတာပါ။
ဘယ်အချိန်
လွတ်လပ်ရေး ရမှာလို့လည်း
ကြိုမပြောခဲ့ပါဘူး။
အခုလုပ်နေကြတဲ့
နိုင်ငံရေးခေါင်းဆောင်
အားလုံးဟာလည်း
ဘယ်အချိန်မှာ
ဒီမိုကရေစီ ရမယ်လို့
ကြိုမသိကြပါဘူး။
အကောင်းဆုံး အအေးဆုံး
နည်းလမ်းတွေနဲ့
ဒီမိုကရေစီရဘို့
ကြိုးစားနေကြတာပါဗျာ။

ခုတော့
ကိုယ်ကိုတိုင်လည်း
လူထုအတွက်
ဒီမိုကရေစီရဘို့
အကျိုးမပြုတဲ့အပြင်၊
လူထုအတွက်
မျိုးချစ်စိတ်အပြည့်နဲ့
ဒီမိုကရေစီရဘို့
ကြိုးစားနေကြတဲ့
ပြည်သူတွေကိုပါ
အပြစ်တင် အပုတ်ချတတ်တဲ့
မင်းရဲ့စရိုက်တွေကို
အမြန်ဆုံးပြင်လိုက်ရင်
ဘယ်လောက်ကောင်းမလဲဗျာ။

ဒို့နိုင်ငံကြီး
တိုင်းတစ်ပါးလက်ထဲ မရောက်အောင်၊
နိုင်ငံသား ခရိုနီ
စားဖားတွေလက်ထဲ မရောက်အောင်၊
ကိုယ်ကျိုးအတွက်ပဲ
ကြည့်တတ်တဲ့
အာဏာရှင်တွေလက်ထဲ
မရောက်အောင်
ကာကွယ်ရမှာက
နိုင်ငံသားအားလုံးရဲ့
နိုင်ငံတော်ကပေးတဲ့
တာဝန်တွေပါပဲ။

ဒို့တစ်တွေ
မ,အချင်ရင်တော့
နိုင်ငံရေးကို
စိတ်ဝင်စားမှဖြစ်လိမ့်မယ်။
ဒီလိုမှမဟုတ်ရင်တော့
ဒို့နိုင်ငံကြီး
သူ့ကျွန်ကလွတ်လာပေမယ့်
ကိုယ့်ကျွန်ဘဝနှင့်
ဖိနှိပ်ခံနေရအုံးမှာပဲ။

ဒို့တတွေအားလုံး
တန်ဘိုးရှိတဲ့
နိုင်ငံသားဖြစ်ဘို့
ဗိုလ်ချုပ်ပေးတဲ့တာဝန်လေးကို
ဗိုလ်ချုပ်ရဲ့နောက်ဆုံးမိန်းခွန်းထဲက
ဆန္ဒလေးကို
ရေးပေးလိုက်ပါတယ်နော်။

" " ပဒေသာပင်ဟာ
မြေကပေါက်လာမှာ မဟုတ်ဘူး
ပဒေသာပင်ပေါက်အောင်ဆိုရင်
ကျွန်တော်တို့ အလုပ်.လုပ်မှ
ပေါက်မှာဆိုတာကို
ခဗျားတို့နားလည်စေချင်တယ်။
အဲဒီတော့ လွတ်လပ်ရေး
ရပင်ရငြားသော်လည်း
လွတ်လပ်ရေးက
လွတ်လပ်ရေးရတဲ့အခါမယ်
ကျရောက်လာမယ့်
တိုင်းသူပြည်သား လူအများ
အားလုံးရဲ့တာဝန်တွေကို
ကျွန်တော်တို့ မထမ်းဆောင်ချင်ဘူးဆိုရင်
ခဗျားတို့ရတဲ့လွတ်လပ်ရေးဟာ
ကနေ့ရပြီးတော့
နက်ဖြန်ခါ
တခြားလက်ပြန်ပါသွားမှာပဲ ဆိုတာ
ခဗျားတို့နားလည်စေချင်တယ် " "

မြန်မာနိုင်ငံကြီး
အမြန်ဒီမိုကရေစီရအောင်
နိုင်ငံတော်အား
အထောက်အပံ့ဖြစ်သော
နိုင်ငံသားတစ်ယောက်ဖြစ်ပါစေ။
CHO HTUN

No comments:

Post a Comment