Sunday, November 24, 2013

၃၆

"ဘယ်မှာ"ငါ" ဟု ရှိအံ့နည်း"


လောကဇာတ်ခုံ

ဤလူ့ဘုံ၌

မျိုးစုံကကြ

မာန်မာနနှင့်

ငါကရာဇာ

ငါဟာသူဌေး

ငါပဂေးဟု

ငါသွေးတက်ကြွ

လူ့ဗာလတို့

များလှဖြာဖြာ

အဝိဇ္ဇာနှင့်

တဏှာဘီလူး

အမှောင့်ပူး၍

ကျူးကျူးကျော်ကျော်

ဂုဏ်ကိုဖေါ်လျက်

မော်မော် မောက်မောက်

ငါတစ်ယောက်သာ

မိုးအောက်တလွှား

ရွှေကိုယ်လားဟု

ထင်မှားမလွဲ

သို့စဉ်စွဲလည်း

ဇာတ်ပွဲပြီးက

ပြေဖုံးချသော်

သုဘရာဇာ

မြေအောက်မှာပင်

ဘာသာလူမျိုး

ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ

မြုပ် ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း။


(မိုးကုတ်ဆရာတော်ကြီး)

အေးချမ်းမွန် Credit To >Dr Shwe Tun <Thanks

No comments:

Post a Comment