Friday, November 22, 2013

၅၄

မျက်ရည်ပြို ဒဏ်ရာ
ချစ်သူ
ရက်စက်တတ်တဲ့သူက ပျော်နေရင်
ခံစားရတတ်တဲ့သူက ငိုနေမှာ
တကယ်ဝန်ခံပါတယ်
ငါ့မှာနင့်လို ရက်စက်တတ်တဲ့နှလုံးသားမရှိဘူး
ငါဟာ ကျောက်ရုပ်
မွန်းမွန်းကြပ်ကြပ်နဲ့ နှလုံးသားကို ဆုပ်ကိုင်ထားသူ
မျက်ရည်များစွာဖြင့်လည်း အလွမ်းများကိုဘောင်ခတ်သူ
နင်အထင်သေးချင်သေးပါ အထင်ကြီးဖို့လည်း
မတောင်းဆိုပါဘူး ချစ်သူ
ဒါပေမယ့် ငါနင့်ကို အရာအားလုံးထက် သာလွန်အောင်
ချစ်တတ်တဲ့သူပါ ... ချစ်သူ
အခုတော့ နင့်ရဲ့စွန့်ပစ်ခံဘ၀မှာ
အရုပ်ကြိုးပြတ်ဖြစ်နေတဲ့ ကျောက်ရုပ်
မျက်ဝန်းက မျက်ရည်တွေပြို
စိတ္တဇဆန်တဲ့ ဒီအခန်းလေးထဲမှာ တစ်ဝဲလည်လည်နဲ့
စိတ္တဇလိပ်ပြာလေးတစ်ကောင်
ချစ်သူရယ်
နင်လွှတ်ပစ်လိုက်တဲ့ ဘ၀တိုင်းမှာ ငါကျန်ခဲ့ပါ့မယ်
ငါလွှတ်ပစ်လိုက်တဲ့ ဘ၀တိုင်းမှာ နင့်ကိုပျော်ရွှင်စေချင်တာ
ရိုးသားတဲ့ ငါ့ချစ်ခြင်းလေးပါ
ကြယ်တွေရယ် ငါဆုတောင်းချင်တာ အရမ်းများနေလို့
မင်းကြွေတာကိုမစောင့်နိုင်တော့ဘူး ဆုတောင်းပေးလိုက်ပြီ ... ။

No comments:

Post a Comment