Friday, November 22, 2013

၁၀၈

( အမုန်းမျက်ရည် )
ချစ်သူ
ချစ်ခွင့်မရတဲ့ ငါ့နှလုံးသားငိုနေတာ
နင်သိလား
ဒီရင်ဘတ်ကနာကျင် နင်မုန်းပြီဆိုမှတော့
ငါစိတ်ရှိတိုင်း နင့်ကိုလွမ်းပြရင်
ငါ့အိပ်မက်ထဲကနေ နင်ထွက်ပြေးသွားမှာစိုးတယ်
နှလုံးသားနဲ့ယုံကြည်မိတဲ့ နင့်ကို
တကယ် ငါမမုန်းနိုင်ဘူး ...

ဒါပေမယ့်လည်း
နင်စွန့်ပစ်တဲ့နှလုံးသားဟာ
နင်ဘယ်အချိန်လာကြည့်ကြည့်
ဒဏ်ရာတွေပွစာကြဲနဲ့ အရင်အတိုင်းပါပဲ
အခုလို သူစိမ်းတစ်ယောက်မဟုတ်သလို
ချစ်သူလည်း မဟုတ်ပြန်ဘူး
နင့်ရဲ့အဝေးဆုံးကို ရောက်မနေပေမယ့်
နင့်ရဲ့အနီးဆုံးမှာလဲ ငါနေခွင့်မရပြန်ဘူး
ဒီလို ခါးသက်သက် အလွမ်းရက်တွေကို
ငါရင်ဆိုင်နေရတာ ငါ့ကိုယ်ငါမုန်းမိတယ် ...

တကယ်တော့
နင်ပေးခဲ့တဲ့ မျှော်လင့်ချက်တွေနဲ့
ငါ့အနားကနေ နင်အဝေးကိုထွက်ခွာသွားမှာ
ငါသိပ်ကြောက်ခဲ့မိတာ နင်သိခဲ့သလား ... ။
ပုံ...
မိုးစက်

No comments:

Post a Comment