Sunday, November 24, 2013

၉၀

MMG မာတီမှာ ညီအကိုမောင်နှများအားသတိရစွာနဲတင်လိုက်တာပါ

မာတီအငြိမ့်သဘင်ပျော်ပွဲစဉ် မာတီအငြိမ်သဘင်ပျော်ပွဲစဉ်...အငြိမ့်သဘင်ခန်း ကားလိပ်ကာကြီးကို ဖွင့်လိုက်တယ်ဆိုရင်ပဲ မီးရောင်စုံ အပြင်အဆင်အောက်မှာ ကျနော်တို့ ညီအကိုများရဲ့မာတီအငြိမ်သဘင်ပျော်ပွဲစဉ်...အငြိမ့်သဘင်ခန်း အငြိမ့်သဘင်ခန်းလေးနဲ့ စတင် တင်ဆက်ဖျော်ဖြေမှာဖြစ်ပါတယ်...။ မင်းသမီးလေးအဖြစ် ညီမငယ် မမွန်လေ့းလေးက တာဝန်ယူပြီး၊ လူရွှင်တော်များအဖြစ် မာတီသားများဖြစ်ကြတဲ့ကိုဇောင်.......ကိုနဂါး................ကိုဇော်ဇော်ကို.... ကိုလီယို တို့က သရုပ်ဆောင်ကြမှာပါ...။ ကဲကျနော်တို့ရဲ့ ညီအကိုများရဲ့ မာတီအငြိမ်သဘင်ပျော်ပွဲစဉ်...အငြိမ့်သဘင်ခန်း ဆိုတာကတော့ ဒီလိုပါတဲ့ဗျာ...။ ရှုစားတော်မူကြပါ.....။ လာသမျှသဟာဆွေ...... ချစ်သဒ္ဓါတွေ ပေါင်းကြပါလို့ သာကြပါစေ...... မေတ္တာရေလောင်းလိုက်မယ် ကွယ် ကောင်း.... ကောင်းမြတ်ပါတဲ့ဒီချိန်ခါ.......။ မွေးမြေမှဆွေသဟာ..... သွေးရင်းပမာ ခင်မင်စွာနဲ့ ကြင်နာစွာ လက်ကိုကမ်းကြမယ် ကွယ် ချမ်း..... ချမ်းမြေ့စေမှာ......။ အဖိုးတန်လှချည်လား ကိုဇောင်.ရယ်......။ အားပေးတဲ့သူတွေကလည်း တခဲနက်ပါပဲဗျာ...... ဟုတ်ပါ့ဗျာ....အဲဒီလို အားပေး ကြတဲ့ ပရိသတ်အပေါင်းကို ကွယ် ချမ်း......ချမ်းမြေ့စေမှာ.....။ ရတနာမောက်ပါလို့ ဖြိုးလျှံစွာ...... အမျိုးမာန်ပါတဲ့ အနုပညာများ...... ဖွင့်လှစ်ကြပါစို့ တိုဇောင်.ရေဟားးးးးးးးးးးဟားးးးးးးးးး.......။ ခွန်းတောက်လေးကို အစဉ်အလာ မပျောက်အောင် သီဆိုသွားတာ ကိုဇောင်.လား မှတ်တယ်ဗျာ....။ ဟုတ်ပါ့နဂါး.... ရေ ။ ဟိုဘက်က.ကိုဇော်ဇော်ကို လားဗျာ။ ဟုတ်ပါ့ဗျာ....။ကိုနဂါးရေ.....။ အော် ကိုလီယို ရော ပါတာကိုးဗျ.....။ ဟုတ်ပါ့ ဟုတ်ပါ့ကိုဇော်ဇော်ကို ရေ ကဲ ပရိတ်သတ်အများက မျှော်လင့်ကြပီလို့ ....။ ကဲ....မာတီအငြိမ်သဘင်ပျော်ပွဲစဉ်...အငြိမ့်သဘင်ခန်း.အငြိမ့်ပွဲကို ဖွင့်လှစ်၍ ပေးကြပါဦးစို့ဗျား....။ ဟုတ်ပါ့ဗျာ အပြောတွေကိုခနထားပြီး အလုပ်နဲ့သက်သေ ပြကြရအောင်လားဗျာ...။ နောက်ကမင်းသမီလေးကို အခေါ်တော်ထုတ်ရအောင်လားဗျာ...။ အငြိမ့်ဆိုတာ လူရွှင်တော်တွေပဲပါလို့မရဘူးကိုးဗျ.... မင်းသမီးလေးလဲပါဦးမှကိုး...။ အဲဒီတော့ မင်းသမီးကို ခေါ်ထုတ်မယ်..။ ဒီထဲမှာကိုဇော်ဇော်ကိုဆိုတဲ့ငါက ၀ါအကြီးဆုံး အသက်အကြီးဆုံးဆိုတော့ ငါအရင်ခေါ်မယ်...။ နေပါဦးဗျ မင်းသမီးက ဘယ်သူတုန်း...။ မမွန်လေး လေဗျာ....။ ကဲကဲခေါ်ခေါ်...။ ကဲခေါ်ပြီဗျာ သေချာနားထောင်...။ ကလျာနှမ လာကာကြွပါတော့ .....ဟေ့ရောင်.... ငါ့ရဲ့ပလာတာ ဘယ်နားမှာလဲ...။ အော် မင်းသမီးခေါ်ပါဆိုမှ ပလာတာ ဘယ်နားမှာလဲ မေးနေတယ်...။ ကဲကျနော်နဂါး ခေါ်မယ် မင်းသမီးဆိုတာ လူရွှင်တော်နဲ့ အပေးအယူမျှတရတယ်...။ အဲဒီတော့ အပေးအယူတခေါက်မျှတစေဖို့ ကိုယ်တို့လူရွှင်တော်တွေကို ဖေးကူထောက်လှည့်ပါ.... ကဲနှမရေ သေးအတူပေါက်ရအောင် လာကွယ်....။ ဒုက္ခပဲ အဲလို မခေါ်ရဘူးလေ။ ကျနော်ကိုဇောင်.ခေါ်ပြမယ်...။ ကြည့်နေ.... လူကြားထဲမှာ အတူကရအောင်ခေါ်တော့ သူကမူသေးတယ်...။ ဘူးလေးလဲ...အဲဒါဘူလေးလဲ....။ မင်းသမီးခေါ်ပါဆိုမှ တယောက်မှကို အသုံးမကျဘူး...။ တော်ပီးငါကိုကိုလီယို ကိုယ်တိုင် ခေါ်တော့မယ်...။မမွန်လေး ရေ..... မမွန့်လေး ရေ.... ဒီကိုလာဦး ခန ....။ ဟ ကောင်းကွာ ကောင်းလိုက်တဲ့မင်းသမီးခေါ်ပုံ...။ မင်းသမီးလေးက သီချင်းတပုဒ်နဲ့ အားရပါးရ ဖျော်ဖြေသွားပါတယ်...။ ကဲမင်းသမီးလေး ကသွားတာမလှဘူးလား...။ လှတယ်ဗျာ...။ မင်းသမီးလေး ကပြဖျော်ဖြေပြီးတဲ့နောက်...... မင်းသမီးလေးကို မိတ်ဆက်ပေးကြချည်အုံးစို့ဗျာ....။ ကဲ မမွန်လေး ဆိုတဲ့ ညီမရေ အပြေးကြွခဲ့ပါဦးဗျာ....။ မင်းသမီးက ထမီစွန်တောင် ဆွဲပြီး ထွက်လာပါတော့တယ်....။ အကိုတို့ရေ မင်္ဂလာပါလို့....။ မင်္ဂလာပါဗျာ....။ လူရွှင်တော်တွေနဲ့မိတ်ဆက်ပေးပါဦးလို့.....။ ဟောဒီက ကိုဇောင်... လားရှင်။ ဟုတ်ပါ့ဗျာ....။ ဟိုဘက်က စတိုင်အသစ်လေးနဲ့ နဂါး....လားရှင်။ ဟုတ်ပါ့ညီမရေ....။ ဟောဟိုဘက်က ကိုဇော်ဇော်ကို..လားရှင်။ မင်္ဂလာပါ အစ်မရေ....။ ဟိုဘက်ကလီယို လားလို့....။ ရှိပါ့ ရှိပါ့ ဘွားဘွားခင်ဗျာ......။ ဒီတစ်ခါ ညီမ ပရိတ်သတ်ကြီးကို ဖျော်ဖြေချင်တာက ဒီလိုပါတဲ့ရှင်.....။ '''''''' အစကတော့ ဖြူဖြူ ညိုသွားပြီ.... အသားလေး ညိုသွားပြီ..... အကိုမှားပါပြီကွယ် ခေါ်လာမိတယ်........ အင်းလျားရေ တစည်လောက်တော့ လိုချင်ပါတယ် ၀ယ်ချင်ပါသူ....... ရွှေမန်းသူတွေ ရေခေါ်ချိုးတော့....... တမျိုးနော်လှသော် မိုးပေါ်ကျသူ......... အင်းလျားရေကိုယူ အင်းလျားကရေကိုယူ... မီးရထားနဲ့တင်ဖို့ကြံတယ်...... တန်ဆာခက သုံးရာလောက်တော့ ယူမှာဧကန်...... ကြံကြံဖန်ဖန် ရန်ကုန်သူ ဘုရားဖူးသွားတဲ့ရန်ကုန်သူရယ်....မန္တလေးရောက်မှ အသားမည်းပြန်သတဲ့ဆူ......။ '''''''' မင်းသမီးလေးက တေးသီချင်းလေး တပုဒ်ကို အသံငြှောင်နာနာနဲ့ အားပါးတရ ဖျော်ဖြေပြီးတဲ့နောက်မှာ.....။ ကဲ မင်းသမီးလေးက တာဝန်ကျေသွားပြီ...။ကျနော်တို့လူရွှင်တော်တွေလည်း တာဝန်ကျေဖို့လိုသေးတယ်လေဗျာ...။ လာရောက်ကြည့်ရှူကြတဲ့ ပရိတ်သတ်ကြီးက ကျနော်တို့အဖွဲ့ကို မေတ္တာ ရှိလို့ လာကြည့်ကြတယ်ဆိုတော့ ကျနော်တို့ကလည်း မေတ္တာပြန်ပို့ရမယ်လေဗျာ မဟုတ်ဘူးလားဗျာ...။ ဟုတ်ပါတယ်ကိုဇောင်.ရေ။ ကဲအရင်ဦးဆုံးကျနော်တို့ ညီအကိုတတွေ မေတ္တာလေးတွေ ပို့ကြပါဦးဗျာ....။ ကျန်းမာကြပါစေ ချမ်းသာကြပါစေ..... ကျန်းမာကြပါစေ ချမ်းသာကြပါစေ...။ မိမိကောင်းမှု အကြောင်းပြု တောင်းဆုပြည့်ပါစေ....။ လူတွေလူတွေ လောဘတိုက်..... နှစ်လုံးနောက်ကိုလိုက်..... လူတွေလူတွေ လောဘတိုက်...... သုံးလုံးနောက်ကိုလိုက်...... သုံးလုံးပေးတဲ့ သည်ကိုယ်တော်..... ကြည်ညိုလိုက်တာနော်.... နှစ်လုံးမပေးတဲ့ ကိုယ်တော်များ..... ဆွမ်းခံ ငတ်တယ်ဗျာ..... လင်မယားတွေ ရန်ဖြစ်တာ..... အဲဒီ ချဲကြောင့်ပါ..... ထိပ်ဆီးဝင် လို့နှစ်လုံးလွှဲ..... အလည်ကောင် ဟက်တက်ကွဲ....။ ကျန်းမာကြပါစေ ချမ်းသာကြပါစေ..... ကျန်းမာကြပါစေ ချမ်းသာကြပါစေ...။ မိမိကောင်းမှု အကြောင်းပြု တောင်းဆုပြည့်ပါစေ....။ သမီးတစ်ကောင် နွားတစ်ထောင်..... နိုက်ကလပ် ကိုရှောင်..... အစ်မ နှမ စာနာမှုမထား ......အဲဒါ နှာဘူးများ..... မမြင်တတ်လို့ ကားပေါ်လိုက် ........အန်ကယ်ကြီးကိုကြိုက်.... ငွေကိုမက်တဲ့ မငွေခင် .........ဘ၀ပျက်မည်ပင်..... ငွေကိုမက်ပြီး အန်ကယ်ကြီးကိုစွဲ ........အလယ်ကောင် ဟက်တက်ကွဲ....။ ကျန်းမာကြပါစေ ချမ်းသာကြပါစေ...... ကျန်းမာကြပါစေ ချမ်းသာကြပါစေ...။ မိမိကောင်းမှု အကြောင်းပြု တောင်းဆုပြည့်ပါစေ....။ မြန်မာတွေ မြန်မာတွေ...... ကျနော်တို့မြန်မာတွေ...... နိုင်ငံခြားဆိုတဲ့တိုင်းပြည်များ ........သွားချင်ကြတယ်ဗျာ..... စိတ်ကူးလေးနဲ့ တိုက်အိမ်ဆောက်....... သူဌေးဘ၀ကိုရောက်..... လက်တွေ့မှာတော့ ပန်းကန်းဆေး .......အိမ်ဖေါ်ဖြစ်ကြသေး..... သက်တောင့်သက်သာနေဖို့ရာ..... သူဌေးတွေကိုရှာ..... သက်တောင့်သက်သာမနေရပဲ..... အလယ်ကောင် ဟက်တက်ကွဲ....။ ကျန်းမာကြပါစေ ချမ်းသာကြပါစေ...... ကျန်းမာကြပါစေ ချမ်းသာကြပါစေ...။ မိမိကောင်းမှု အကြောင်းပြု တောင်းဆုပြည့်ပါစေ....။ အပျိုလေး အပျိုလေး ......ခေတ်သစ်အပျိုလေး..... အပျိုလေး ဖြစ်တယ်ဆို .......ရည်းစားထားချင်သကိုး..... ရည်စားထားပုံထားနည်းများသိကြပါရဲ့လား...။ ရည်းစားထားပုံ ထားနည်းကွယ် ကျနော်လေ ပြောပြမယ်...။ အချိန်တန်တော့ အရွယ်ရောက် ရည်းစားမှိုလိုပေါက် ...... တစ်ဘ၀စာပေါင်းမယ့်သူ တာရှည်ပေါင်းမယ့်သူ ...... ကြည်ကြည်ဖြူဖြူ မေတ္တာထား ....မရောဖို့ပြောလို့ထား ...... အထိများတော့မခံနဲ့ကွယ်..... ကိုယ်ကျိုးနဲတတ်တယ်...... အိုင်တွေ့တိုင်း ခြေဆေးတတ်.... ယောင်္ကျားအကျင့်မှတ်... မနေတတ်လို့ ပျော်ခဲ့ရင်..... ဗိုက်ကလေး ပူလို့ပင်.. ကလေးအဖေ မပေါ်ပဲ .......အလယ်ကောင် ဟက်တက်ကွဲ....။ ကျန်းမာကြပါစေ ချမ်းသာကြပါစေ...... ကျန်းမာကြပါစေ ချမ်းသာကြပါစေ...။ မိမိကောင်းမှု အကြောင်းပြု တောင်းဆုပြည့်ပါစေ....။ မိန်းကလေးတွေ မိန်းကလေးတွေ..... အခုခေတ်မိန်းကလေးတွေ ...... အဖေအမေရှေ့ အကိုမောင်ရှေ့...... ရဟန်းသံဃာရှေ့ ....... တွေ့လျှင်ရင်လေး ရှောင်မပေး..... ရှော့ပင်ဝတ်တယ်လေး ...... စိစိတွေးတော့ ရေးရေးမြင်..... သူတို့ဝတ်တာအရာထင် ...... တင်တွေ ရင်တွေ ကြပ်အောင်ထုတ်..... အမျိုးသမီးကောက်ညှင်းထုပ် ...... နိုင်ငံခြားကို အတုခိုး..... သူတို့ဆံပင် အနီတွေဆိုး ...... ဘော်လီမှာ အတွင်းကြိုးပျောက် .....နားမှာ အပေါက်သုံးပေါက်....... ထမိန်ဝတ်တော့ တောက်လျှောက်ခွဲ ... အလယ်ကောင် ဟက်တက်ကွဲ........။ ကြုံတုန်းပရိတ်သတ်ကြီးရယ် တကယ်ပါ ကျနော်နဂါးကျနော့်ညီမကို သိပ်ချစ်တဲ့အကြောင်းပြောပြချင်ပါတယ်...။ ကျနော့်ညီမက အကိုကြီးရယ် အ၀တ်အစားလေးတွေ ၀ယ်ပေးပါဆိုလို့ ၀ယ်ပေးလိုက်ပါတယ်... အင်္ကျီအစိမ်း လုံချည်အစိမ်း လက်သည်းဆိုးနီလေးကလဲ အစိမ်းရောင်လေး ခေါင်းစီးလေးတွေက အစ အစိမ်းပေါ့ဗျာ... သူကအဲဒီလိုလေး ၀တ်ပြီး အပြင်ဖက်လမ်းထွက်လျှောက်တာ...... ကာလသားတွေက ဘီးလိယက်ခုံ အောက်မေ့ပြီး ၀ိုင်းထိုးတာ ပျော့ပျော့လေး ရှိတော့တာပဲဗျာ..... ၀ါး ဟားဟား ၀ါး ဟားဟား ၀ါး ဟားဟား ၀ါး ဟားဟား.............................။ ကဲကဲ မေတ္တာအတည်ပို့ကြပါ အငြိမ့်သဘင်မြှင့်ကာတင် အားပေးသူတွေပေါပါစေ...။ ဟာသပညာ ရယ်သောခါ ရှူရှူးများလည်း ထွက်ပါစေ...။ သာဓု သာဓု သာဓု ကျနော်တို့ ညီအကိုတတွေ ပရိတ်သတ်ကြီးကို ဖျော်ဖြေရတာ အားမရအောင်ပါပဲဗျာ....။ ဟုတ်ပါတယ်။ ကိုဇော်ဇော်ကို ရေ ။ တကယ်ကိုမှ မ၀နိုင်အောင်ပါပဲ....။ နောင်ကိုလဲ အခါအခွင့်သင့်ရင် ဖျော်ဖြေနိုင်အောင်လည်း ကြိုးစားပါမယ့်လို့ ဒီနေရာကနေ အထူးပြောကြားပါရစေဗျာ....။ ဆက်လက်ပြီးတော့လည်း အားပေးကြပါဦးလို့ ကျနော်တို့ချစ်တဲ့ ပရိတ်သတ်ကြီးကို ဒီနေရာကနေ နှုတ်ဆက် လက်ပြလိုက်ရတော့တယ်ခင်ဗျား....။ ကျနော်တို့ သီတင်းကျွတ်ပွဲတော် ဖျော်ဖြေရေး ကဏ္ဍလေးကို တခန်းရပ်ပါစေခင်ဗျာ...။ ကားလိပ်ကာကြီးမှာ တဖြေးဖြေး အောက်ဆီကိုကျဆင်းလာတော့တယ်...။ သီးလေးသီး အငြိမ့်အဖွဲ့၏ ကောင်းမွန်၍ ပညာပေးဆန်သော ဟာသ ပျက်လုံးလေးများကို စာမျက်နှာပေါ်တွင် အသက်သွင်းမိပါကြောင်းဝန်ခံအပ်ပါသည်.......။ ကျနော်၏ ညီမငယ် မမွန်လေးနဲ့အတူ၊ ကိုဇောင်........ကိုနဂါး....ကိုဇော်ဇော်ကို.....ကိုလီယိုတို့ကို ကျေးဇူး အထူးတင်ရှိပါတယ်....။ နာမည်လေးများ အသုံးပြုမိသည့်အတွက်.....။ နားလည်ပေးကြပါလို့....။ အားလုံးကိုခင်မင်လျှက်..........ဇတ်ဆရာအဖြစ်.........ပြည်သားလေး. ကိုပြားသီ

No comments:

Post a Comment