Sunday, November 24, 2013

၁၈

သူရိယနေ၀န်းဂျာနယ်အား ပုဂ္ဂိုလ်ရေးဆိုင်ရာ အရေးအသားများအတွက် ဥပဒေကြောင်းအရ တုံ့ပြန်သွားမည်ဟု ဦးတေဇ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပုဂ္ဂိုလ်ရေးဆိုင်ရာ အရေးအသားများအတွက် သူရိယနေ၀န်း ဂျာနယ်အား ဥပဒေကြောင်းအရ တုံ့ပြန်သွားမည်ဟု ဦးတေဇ၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီညီအောင်က နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

Htoo Group of Companies ဥက္ကဋ္ဌ ရုံးအဖွဲ့၏ ရုံးအဖွဲ့မှူးဖြစ်သူ ဦးညီညီအောင်က "ကျွန်တော်တို့ ဥက္ကဋ္ဌရဲ့ ကိုယ်ပိုင် Facebook မှာလည်း သူကိုယ်တိုင် ရေးသားထားတာ ရှိပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အရေးအသားတွေအတွက် သူရိယနေ၀န်းဂျာနယ်ကို ဥပဒေကြောင်းအရ ဥက္ကဋ္ဌအနေနဲ့ တုံ့ပြန်သွားမှာပါ"ဟု နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၃ ရက်ထုတ် သူရိယနေ၀န်းဂျာနယ်တွင်' ဦးတေဇနှင့် စိန်စီသောညများ' နှင့် 'မင်းတို့ခရိုနီတွေ ဘင်္ဂလားပင်လယ်ထဲကိုသာ ခုန်ချကြပေတော့' ဆောင်းပါးများနှင့်အတူ ဦးတေဇ၏ ဓာတ်ပုံကို ထည့်သွင်း ဖော်ပြထားသည်။

ဦးတေဇက ၎င်း၏ Facebook တွင် "ယနေ့ထုတ် သူရိယနေ၀န်း အပတ်စဉ်ဂျာနယ် မျက်နှာဖုံးဆောင်းပါး အဖွင့်မှာ ဂျာနယ်အယ်ဒီတာချုပ် မိုးဟိန်းက မိမိနာမည်တပ်ပြီး စိန်ခေါ်မှု လုပ်ခဲ့တာကို ဖတ်မိပြီး မိမိအံ့သြမိပါတယ်။ အံ့သြမိတယ်ဆိုတဲ့ အချက်မှာ မီဒီယာလုပ်နေတဲ့ အမေရိကန် နိုင်ငံသားတစ်ယောက်က သူတည်ထောင်ထားတဲ့ အ၀ါရောင်စာမျက်နှာထက်မှာ မိမိလိုမြန်မာနိုင်ငံသားကို စိန်ခေါ်တယ်ဆိုတာပါ။ မိမိဖခင်ဖြစ်သူဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး မျိုးချစ်တပ်မတော် BIA, BDA, PBF တွေကနေ သူရဲကောင်း မှတ်တမ်းဝင်အဖြစ် အကြိမ်ကြိမ် ဂုဏ်ပြုချီးမြှင့်ခြင်းခံရတဲ့ သီရိပျံချီဦးမြင့်ဆွေ (လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်) ဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ ဆွေမျိုးအသိုင်းအ၀ိုင်းဟာလည်း တပ်မတော် မိသားစုဝင် ယောက်ျားပီသစွာဖြင့် အမိမြေအတွက် ပေးဆပ်ခဲ့ကြသော စစ်သားကောင်းများ ဖြစ်တယ်ဆိုတာကို သတိပြုမိပုံမရပါဘူး။ မိမိမှာလည်း ရဟတ်ယာဉ်ပျက်ကျပြီး သေရွာပြန် ဖြစ်သည့်အတွက် နောက်တစ်ခေါက် ထပ်သေရမှာ မကြောက်တတ်သူ ဆိုတာကိုလည်း သတိပြုမိပုံ မပေါ်ပါ။ ယခုလို ဘယ်မီဒီယာမှ မကျင့်သုံး မရေးသားခဲ့တဲ့ အ၀ါရောင်ဆန်သော အရေးအသားများနဲ့ မိမိအပေါ် စော်ကားမှုများအတွက်လည်း လူကြီးလူကောင်းပီသစွာ ဥပဒေဘောင်အတွင်းမှပဲ စကားပြောပါမယ်။ လမ်းဘေးစရိုက်ဆန်စွာ စိန်ခေါ်မှုအတွက် မိမိ ဥပဒေဘောင်အတွင်းမှ တုံ့ပြန်ပါမယ်။ မိမိကို ပုတ်ခတ်စော်ကား ရေးသားသော အခြားသော စာစောင်များကိုလည်း ဥပဒေကြောင်းအရ တုန့်ပြန်သွားပါမည်။ ၎င်းအချိန်မှ ထွက်မပြေးရန် မိမိပြောလိုပါသည်။ တစ်ဆက်တည်းမှာပဲ အဆင့်မရှိသော မီဒီယာ စာစောင်တချို့မှ စော်ကား ရေးသားထားသော မိမိရဲ့စီးပွားရေး လုပ်ငန်းများနဲ့ ဒီလုပ်ငန်းတွေကို မိမိမတိုင်ခင် ယခင်လုပ်ခဲ့သူများ မိမိနဲ့တချိန်တည်း လုပ်ကိုင်ခဲ့သော ကုမ္ပဏီများ အခြေအနေနှင့် အကျိုးအမြတ်၊ ယခုခေတ် လုပ်ကိုင်နေသော လုပ်ငန်းရှင်များနှင့် လုပ်ပိုင်ခွင့်ရရှိသည့် အခြေအနေများကို မြန်မာပြည်သူပြည်သားများ၏ အနာဂါတ် လှပတိုးတက်စေရေးအတွက် မိမိရိုးသားမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် ကမ္ဘာသို့ တင်ပြသွားပါမယ်" ဟု ဖော်ပြ ရေးသားထားသည်။

သူရိယနေ၀န်းဂျာနယ် အမှုဆောင်အရာ ရှိချုပ်ဦးမိုးဟိန်းက "ကျွန်တော်တို့ ဂျာနယ်အနေနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်တယ်။ ပြည်သူတွေ သိသင့်တယ်ထင်တာ ဖော်ပြတယ်။ ကျွန်တော်တို့ဆီကို အခုအချိန်အထိ ဥပဒေကြောင်းအရ တရားစွဲမယ်ဆိုတဲ့ အကြောင်းကြားချက် ဘာတစ်ခုမှ ရောက်မလာသေးပါဘူး။ ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ် လုပ်သလို သူတို့အနေနဲ့လည်း Facebook မှာပဲဖြစ်ဖြစ်၊ စာဝေတာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ဂျာနယ်စထုတ်ပြီ ဆိုကတည်းက တရားတပေါင်ဆိုတာကို ကြိုတင် ထွက်ဆပြီးသားပါ။ ခန့်မှန်းပြီးသားပါ။ မအံ့သြပါဘူး"ဟု နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းတွင် ပြောကြားသည်။

ယခုထုတ်ဝေလျှက်ရှိသော သူရိယနေ၀န်းဂျာနယ်မှာ အတွဲ (၁၂) အထိ ထွက်ရှိခဲ့သည့် သူရိယအလင်းဂျာနယ်ကို အောက်တိုဘာ ၂၁ ရက်က ရပ်ဆိုင်းခဲ့ပြီးနောက် အောက်တိုဘာ ၂၆ ရက်တွင် သူရိယနေ၀န်း အမည်ဖြင့် ထုတ်ဝေခဲ့သော ဂျာနယ်ဖြစ်သည်။

"တကယ်ကျတော့ သူရိယအလင်းဂျာနယ်ရဲ့ဖော်ပြမှုဟာ ပုဂ္ဂိုလ်ရေးဖော်ပြမှု များတယ်ဆိုတဲ့နေရာမှာ ကျင့်ဝတ်ပိုင်း စံနှုန်းထက် တရားဥပဒေစံနှုန်းနဲ့ပဲ ဆွေးနွေးရမယ်။ ဒီပုဂ္ဂိုလ်ရေး အချက်အလက်တွေမှားရင် အသရေ ဖျက်သလိုဖြစ်ရင် တရားစွဲပေါ့" ဟု သူရိယအလင်းဂျာနယ်၏ ရေးသားမှုများသည် စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီဟု မြန်မာဂျာနယ်လစ်ကွန်ရက်က ထုတ်ပြန်ခဲ့မှုအပေါ် Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ထိုစဉ်က ပြောကြားခဲ့သည်။

(ဦးတေဇ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရစဉ်

No comments:

Post a Comment