Sunday, November 24, 2013

၅၄

ပြောလက်စ နဲ့ ဆက် ပြော တော့ မယ်.ကြိုက် သလို တံဆိပ် ကပ် နိုင် ပါတယ်.....

NLD က ခြေဥ ပြင် ဖို့ သမ္မတ လွတ် တော် တပ်မ တော် တို့နဲ့ တွေ့ချင် တယ် ဆို ပြီး ကြေငြာချက် ထုတ် တယ်။

သမ္မတကြီး ရော တပ်က ပါ ခြေဥ ပြင် ဖို့ သ ဘော တူပြီးသားပါ။ သမ္မတ ဆို လည်း ပြည်သူ့ဆန္ဒအတိုင်းပဲ လို့ ပြောခဲ့တာ အကြိမ် ကြိမ် ပါပဲ။

NLD က သမ္မတ နဲ့ တပ် ကို တွေ့ချင် တယ် ပြောတာက ဥပ ဒေ နဲ့ မညီ တဲ့ လုပ် ရပ်ကို လုပ် လိုက် တာပါပဲ။ ကာချုပ်ဟာ ဘယ် နိုင် ငံ ရေး ပါတီ နဲ့ မှ မ တွေ့ဆုံပါဘူး။ ပုဂ္ဂိုလ် ရေး ဒေါ်စု နဲ့ တွေ့ချင် တွေ့မယ်။ နိုင် ငံ ရေး ပါတီခေါင်း ဆောင် အ နေ နဲ့ တွေ့မှာ မဟုတ် ပါဘူး။ တွေ့ခွင့်လည်း မရှိပါဘူး။

ဒေါ်စုက ဒါကို သိသိ ကြီး နဲ့ ဘာလို့ ဒီအကွက် ကို ရွေ့တာပါလဲ။ မ တွေ့ ရင် ပြည်သူက တပ် နဲ့ သမ္မတ ကပဲ နိုင် ငံကို စေ တနာ မရှိ သ ယောင် ထင် ကြလိမ့်မယ်။

တကယ် လို့ တွေ့ရင် တောင် နာရီပိုင်း နဲ့ ခြေ ဥပြင် ဆင် ရေး ဘယ် လို မှ ဆွေးနွေးလို့မ ရပါဘူး။ နောက် ပြီး ခေါင်း ဆောင် တွေပဲ သ ဘောတူ ပြီး ပြင် လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။
ဒါကို ဒေါ်စုလို ခေါင်း ဆောင် က ကောင်း ကောင်း သိပါတယ်။

ဒေါ်စု ရွေ့တဲ့ အကွက်က သမ္မတ နဲ့ တပ် ကို ဆွ ပေးသလို ဖြစ် နေ တယ်။ ဒီကိစ္စကို လွတ် တော် က ဆွေး နွေးရ မှာပါ။လွတ် တော် က သ ဘော တူ ရင် သမ္မတ ရော တပ် က ရော လက် ခံရ မယ် ။ငြင်းလိှု့မရ ပါဘူး။

ပြင် ဖို့ သ ဘောတူတဲ့ သမ္မတ နဲ့ ထပ် တွေ့ ဖို့ မလို သလို နိုင် ငံရေး ပါတီ တွေနဲ့ အ ဆက် အဆံ လုပ် ခွင့် မရှိတဲ့ ကာချူပ် နဲ့လည်း တွေ့စရာ မလို ပါဘူး။ လက် ခံတွေ့ဖို့ ရာနူန်း အင် မတန် နည်းတာ သိသိ နဲ့ ဒေါ်စုဟာ ဒီအကွက် ကို ရွေ့ပါတယ်။

ခြေ ဥ မ ပြော နဲ့ ဥ ပ ဒေ တစ် ခု တောင် လွတ် တော် ဆန္ဒနဲ့ပဲ သွားပါတယ် ။ သမ္မတနဲ့ တိုက် ရိုက် လည်း မဆိုင် ပါဘူး။ လွတ် တော် ကပဲ ပြင် ရမယ် ဆိုတာ ဒေါ်စု ကောင်း ကောင်း သိပါတယ်။

လွတ် တော် မှာ ဆုံးဖြတ် တဲ့အခါ တပ်က သူတို့ရပ် တည် ချက် ကို ပြ ပါလိမ့်မယ်။ ဒီတော့ မဆီ မဆိုင် ဘယ်သူ နဲ့ တွေ့ချင် တယ် ဆို တာ မျိုး က နိုင် ငံရေး လှည့်ကွက် တစ်ခုပါပဲ။

အခု ချိန် ထိ လည်း ဘာ ပြင် မယ် ဆိုတာ ပြည်သူကို မချ ပြပါဘူး။ ပြည်သူက ပြင် ပါမယ် ပြောထားတဲ့ ခြေဥကို NLD က ဘာပြင် မလဲ မချ ပြပါဘူး။

ရိသဲ့သဲ့နဲ့ မတင် မကျ ပြောထားတာ တွေပဲ ရှိပါတယ်။

NLD ရွေ့တဲ့ အကွက် တွေက သံသယ ဖြစ် စရာ ကောင်း နေပါတယ်။ခြေ ဥ့ ပြင် ချင် တာလား သမတနဲ့တပ်ကို သွေးခွဲ ချင် နေတာလား...

NLD က လုပ် ထုံး လုပ် နည်းကို ကျော် ပြီး ဘာ ကြောင့် လုပ် တာပါလဲ။ နောက် ကွယ် မှာ ဘာရည် ရွယ် ချက် တွေရှိ နေလဲ...

လွတ် တော် လမ်း ကြောင်းကပဲ ခြေ ဥကို ပြင် ပါ။ ဒါဟာ ဥပ ဒေ နဲ့ ညီသလို သွားရမဲ့ လမ်း ကြောင်းအမှန်ပါပဲ...

No comments:

Post a Comment