Thursday, November 21, 2013

ဖတ်ကြပါဗျို့ 

ဆီးဂိမ်းတွင် မြန်မာအသင်း ရွှေမရက နည်းပြပတ်ဆောင်ဟွာ အိမ်ပြန်မည်

ရဲရင့်ဌေး| ကြာသပတေးနေ့၊ နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၁၃ ခုနှစ်

လာမည့် နေပြည်တော်ဆီးဂိမ်းတွင် မြန်မာယူ-၂၃အသင်း ရွှေတံဆိပ်မရပါက အိမ် (ကိုရီးယားနိုင်ငံ) ပြန်မည်ဟု မြန်မာနည်းပြ ပတ်ဆောင်ဟွာက ဂျပန် ယူ-၂၀နှင့်မကစားမီ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ဆီးဂိမ်းတွင် ရွှေတံဆိပ်ရရန် တစ်နိုင်ငံလုံးမျှော်လင့်ထားသည်ကို မိမိအနေဖြင့် သိရှိကြောင်းနှင့် ရွှေတံ ဆိပ်မရပါက ကိုယ့်တာဝန်ကိုယ်ယူသည့်အနေဖြင့် ရာထူးမှနုတ်ထွက်မည်ဟု ပတ်ဆောင်ဟွာက ပြော ခဲ့ခြင်းဖြစ်သည်။ “ဆီးဂိမ်းမှာ မြန်မာအသင်း ရွှေတံဆိပ်မရရင် ဘယ်လိုတာဝန်ယူရမလဲဆိုတော့ အိမ်ပြန် မှာပေါ့” ဟု ပတ်ဆောင်ဟွာက ဆိုသည်။

မြန်မာယူ-၂၃အသင်းသည် ဆီးဂိမ်းမတိုင်မီ ခြေစမ်းပွဲ ၂၀ ခန့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် နိုင်ပွဲငါးပွဲသာ ရရှိထားပြီး ၁၅ ပွဲရှုံးနိမ့်ထားသဖြင့် ဆီးဂိမ်းအတွက် ပရိသတ်များက စိုးရိမ်နေကြသည်။ အဆိုပါအခြေ အနေနှင့် ပတ်သက်ပြီး ပတ်ဆောင်ဟွာက “ကျွန်တော်တို့ ခြေစမ်းပွဲတွေမှာ ကိုယ့်ထက် အစစအရာရာ သာလွန်ကောင်းမွန်တဲ့ အသင်းတွေနဲ့ ကစားခဲ့တာပါ။ ဂျပန်ဆိုရင် ပြိုင်ပွဲတစ်ခုဝင်ဖို့ နှစ်ရှည်စီမံကိန်းနဲ့ ဆောင်ရွက်ပါတယ်။ ဆီးဂိမ်းမှာ ကျွန်တော်တို့နဲ့ တွေ့မယ့်ထိုင်း၊ အင်ဒိုနီးရှားအသင်းတွေကတစ်ကြိမ်မှ မဆုံဖူးသေးပါဘူး။ ဒါကြောင့် ခြေစမ်းပွဲတွေမှာရှုံးလို့ အားငယ်နေမယ်လို့ မထင်ပါဘူး” ရှင်းလင်းခဲ့သည်။

မြန်မာယူ-၂၃ အသင်းသည် ဆီးဂိမ်း အုပ်စု(ခ)တွင် ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ တီမောအသင်း တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၇ ရက်တွင် ကမ္ဘောဒီးယား နှင့်ကစားရမည် ဖြစ်သည်။

Mizzima - News in Burmese
AGD ဘဏ် ငွေအပ်ထားသူများ အလုံးအရင်းနှင့် ပြန်ထုတ်ယူသည် ဆိုခြင်းမှာ ကောလဟလဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၀

သယံဇာတ ထုတ်ယူခြင်း အပါအဝင် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိထားသော ဦးတေဇ ပိုင်ဆိုင်သည့် အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) နေပြည်တော် ဘဏ်ခွဲ တွင် ငွေအပ်နှံသူများက ငွေများ အလုအယက်ဖြင့် အလုံးအရင်း ပြန်လည် ထုတ်ယူနေကြသည်ဟု အင်တာနက် စာမျက်နှာ အချို့တွင် ပျံ့နှံ့နေသော သတင်းများမှာ ကောလာဟလများသာ ဖြစ်ကြောင်း အဆိုပါဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက ငြင်းဆို ပြောကြားသည်။

အဆိုပါ သတင်းမှာ တရားဝင် မီဒီယာများ၏ အင်တာနက် စာမျက်နှာများမှ ထွက်ပေါ်လာသည့် သတင်းမဟုတ်ဘဲ အွန်လိုင်း စာမျက်နှာများမှ ကောလာဟလများ ဖြန့်ခြင်းသာ ဖြစ်ပြီး AGD ဘဏ် နေပြည်တော် ဘဏ်ခွဲမှာ လူသုံးနည်းသော ဘဏ်ဖြစ်၍ လာရောက် ထုတ်ယူသူ အများအပြား မရှိကြောင်း ၎င်းက တုံ့ပြန် ပြောဆိုသည်။
“ဘဏ်နာမည်ကို သက်သက် ယူသုံးပြီး ဖွတာပါ။ ကျွန်တော်တို့ ဘဏ်ကလည်း ဘယ် ဗိုလ်ချုပ်မှူးကြီးမှ မပိုင်ပါဘူး” ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက သူ၏ ရှယ်ယာများ ပြန်ထုတ် သွားပြီဆိုသော သတင်းကြောင့် နေပြည်တော် AGD ဘဏ်တွင် ငွေအပ်ထားသူများ အလုအယက် ငွေများ ပြန်ထုတ်နေကြကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းများ ပျံ့နှံ့လျက် ရှိသည်။

ယင်းကဲ့သို့ ကောလာဟလများ ထွက်ပေါ်၍ ဘဏ်များမှ ငွေထုတ်ယူသူများ လာပါက ပြင်ပတွင် ကုန်ဈေးနှုန်း တက်သွားမည် ဖြစ်ကြောင်း၊ ယင်းကြောင့် ကုန်ဈေးနှုန်း တက်စေရန် ရည်ရွယ်၍ သတင်းဖြန့်ခြင်း ဖြစ်နိုင်ပြီး အခြားဘဏ် တစ်ခုက (တိုက်ခိုက်သည့်သဘော) လုပ်ဆောင်ခြင်း မဖြစ်နိုင် ကြောင်း ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က မှတ်ချက်ပြု ပြောကြားသည်။
“ကုန်ဈေးနှုန်း တက်စေချင်တဲ့ သူတွေက သတင်းလွှင့်တာပဲ။ ဘဏ်အပ်ငွေတွေ ထုတ်ရင် အပြင်မှာ ကုန်ဈေးနှုန်းတွေ တက်ကုန်တယ်။ ဘာကြောင့်လဲဆိုတာ ဘဏ်တစ်ခုမှာ ငွေထုတ်ရင် အခြားဘဏ် တွေမှာ လိုက်ထုတ်တာမျိုးက ဖြစ်ကို ဖြစ်တယ်။ ဒါမျိုးက ရောဂါ လိုက်တတ်တယ်” ဟု ၎င်းကဆိုသည်။

ပုဂ္ဂလိက ဘဏ်များသည် ဘဏ်အပ်ငွေများ အားလုံးကို ဗဟိုဘဏ်တွင် ထားရှိသောကြောင့် ငွေအပ်နှံ ထားသူများ စိုးရိမ်ရန် မလိုကြောင်း ဦးသန်းလွင်က ထပ်လောင်း ပြောကြားသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလကလည်း ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း စစ်ဆေးမေးမြန်း ခံရသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ပြီး အဆိုပါဘဏ်တွင် ငွေအပ်နှံသူများ တန်းစီ ငွေထုတ်ယူမှု ဖြစ်ပွားခဲ့သည်။

KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ရန်ကုန်မြို့သို့ လာရောက်စဉ် ဦးတေဇနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး နောက်တစ်နေ့ တွင် ယခုကဲ့သို့ ကောလာဟလများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
The Voice Weekly
Like · · · 3 minutes ago ·
အိမ်ခန်းအတွင်းအထိ ၀င်ရောက်ဓားခုတ်မှု ကြည့်မြင်တိုင်တွင် ဖြစ်ပွား
====================================

ကြည့်မြင်တိုင်မြို့နယ်တွင် လူလေးဦးတို့က အိမ်ခန်းအတွင်းထိ ၀င်ရောက်၍ ဓားခုတ်မှု ဖြစ်ပွားခဲ့ရာတွင် ကျူးလွန်သူများထဲမှ သုံးဦးကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ကြည့်မြင်တိုင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး က ဆိုသည်။

အဆိုပါ အမှုမှာ နိုဝင်ဘာ ၁၉ ရက် ညသန်းခေါင် ၁၂ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သန်လျင်မြို့နယ်နေသူ ဓားထိုးခံရသူ အိမ်ရှင်၏ သူငယ်ချင်းက အမှုဖွင့်တိုင်တန်းထားခြင်း ဖြစ်သည်။

“သုံးယောက်ကိုတော့ မိထားပြီးပါပြီ၊ လောလောဆယ်တော့ ဘာမှကို ပြောလို့မရသေးပါဘူး၊ ဆက်လက် စစ်ဆေးရဦးမှာပါ” ဟု အဆိုပါ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ဖြေကြားသည်။

အမှုတွင် တရားလိုသည် သူငယ်ချင်းဖြစ်သူ အောင်အောင်(၂၃)နှစ် နှင့်အတူ ကြည့်မြင်တိုင် ဈေးကလေး ရပ်ကွက်၊ ကမ်းနားလမ်း၊ တိုက်ခန်းတွင်ရှိနေစဉ် တိုက်ခန်းတံခါးတွန်းဖွင့်၍ လူတစ်ဦးဝင်လာသဖြင့် ကျော်သူဇော်က ထကြည့်ခဲ့ရာ ၀င်လာသောသူက “မင်းတို့ငါ့သိလား၊ နေလင်းအောင်ဆိုတာကြားဖူး လား” ဟု မေးရာတွင် မသိဘူးဟု ပြောပြနေစဉ်မှာပင် နောက်ထပ်လူသုံးဦး ထပ်မံရောက်ရှိလာသည်ဟု တရားလိုဘက်က အမှုဖွင့် ရာတွင် ပြောပြထားသည်။

ထို့နောက် အမည်မသိလူတစ်ဦးက ဆာလာအိတ်ဖြင့် ပတ်ထားသော ဓားအားထုတ်ကိုင်၍ ၎င်းတို့အား ထိုင်ခိုင်းခဲ့ကာ ကျန်သူနှစ်ဦးမှလည်း ၎င်းကိုလက်သီးဖြင့် ထိုးခဲ့သဖြင့် နှာခေါင်းသွေးထွက် ဒဏ်ရာရရှိခဲ့ သည်ဟု တရားလိုက အမှုဖွင့်ရာတွင် ပြောပြထားသည်။

ထို့ပြင် အောင်အောင်ကိုလည်း ဓားရှည်ဖြင့် ခုတ်သဖြင့် ၀ဲဘက်ချိုစောင်း ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ)ရရှိပြီး ရန်ကုန် အနောက်ပိုင်းဆေးရုံကြီးတွင်အတွင်းလူနာအဖြစ် တက်ရောက်ကုသရသည်ဟု ဆိုသည်။

ထို့ကြောင့် အမည်မသိလူလေးဦးအပေါ် စုံးစမ်းဖော်ထုတ်အရေးယူပေးရန် တိုင်တန်းထားသဖြင့် (ပ) ၇၅၂/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများကို လိုက်လံဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။

ဖမ်းဆီးရမိထားသူများအား ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက ပြစ်မှုပုဒ်မ ၃၂၅/၃၂၆ တို့ဖြင့် တရားစွဲတင်သွားမည်ဟုလည်း အဆိုပါ ရဲတပ်ဖွဲ့က ဆိုထားသည်။

အောက်တိုဘာ ၂၆ ရက် ည ၁၁ နာရီ ကျော်အချိန်ကလည်း ကြည့်မြင်တိုင် စက်ဆန်းနယ်မြေရှိ ဦးမြရပ်ကွက်၊ စံပယ်လက်ဖက်ရည်ဆိုင်တွင် ဘောလုံးပွဲကြည့်နေသည့် လူငယ်တစ်ဦးကို အခြားလူငယ်သုံးဦး က ချုပ်ကိုင်ပြီး ကျန်လူငယ်တစ်ဦးက ဓားဖြင့် ခုတ်ခဲ့သည်ဆိုသော တိုင် တန်းမှုတစ်ခုလည်း ဖြစ်ပွားထားသည်။

ယင်းအမှုတွင် ဓားဖြင့်ခုတ်သည်ဟု ဆိုသော်လည်း အဆစ်ပါသည့် ခဲချွန် ဓားဖြင့် ထိုးခြင်းသာဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကိုလည်း မိဘများကိုယ်တိုင် ရဲလက်သို့ အပ်ခဲ့သည်။

ထို့ပြင် အောက်တိုဘာ ၁၃ ရက် ည ၉နာရီကလည်း နေအိမ်ပေါ်တွင် အိပ်ပျော်နေသူ အမျိုးသားတစ်ဦးအား လူတစ်ဦးက နေအိမ်ပေါ်ထိတက်ပြီး ဓားဖြင့်ထိုးသတ်ခဲ့မှု ကြည့်မြင်တိုင် အောက်ရုံရပ်ကွက်တွင် ဖြစ်ပွားခဲ့ပြီး ပြစ် မှုကျူးလွန်သူကို သက်သေခံ ဓားနှင့်အတူ ဖမ်းဆီးနိုင်ခဲ့သည်။

Mizzima

No comments:

Post a Comment