လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံရမှုတွင် ဒဏ်ရာပြင်းစွာ ရရှိခဲ့သော သံဃာတော်ရှစ်ပါးအား ဘုရားလောင်းသူရဲကောင်းဆု ချီးမြှင့်မည်
==========================================
ကိုသစ္စာ
==========================================
မုံရွာ ၊ နိုဝင်ဘာ ၁၈ ။ ။ လက်ပံ တောင်းတောင် သပိတ် စခန်းဖြို ခွဲခံရမှုတွင် မီးလောင်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့သော သံဃာ တော် ရှစ်ပါးအား သပိတ်စခန်း ဖြိုခွဲခံရခြင်း တစ်နှစ်ပြည့်အဖြစ် နိုဝင်ဘာ၂ရ ရက်တွင် ဝက်မှေး ရွာဟောင်း ရွာဦးဘုန်းတော်ကြီး ကျောင်း၌ ကျင်းပမည့်ပွဲတွင် ဗုဒ္ဓကုင်္ရဆု (ဘုရားလောင်းသူရဲ ကောင်းဆု) ပေး အပ်ချီးမြှင့်သွား မည်ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူက မိန့်သည်။
''ဗုဒ္ဓကုင်္ရဆုဆိုတာ ဘုရား လောင်းလို စွန့်လွှတ်အနစ်နာခံ လို့ ဘုရားလောင်းသူရဲကောင်းဆု လို့ ခေါ်ပါတယ်''ဟု ဆရာတော် ဦးဝီရသူက မိန့်သည်။
လက်ပံတောင်းတောင် ဒဏ် ရာရ သံဃာတော်များ စောင့် ရှောက်ရေးအဖွဲ့မှ ဆရာတော် ဦးဇုတိကလည်း ''အဲဒီဖြိုခွဲမှုမှာ အပြင်းထန်ဆုံး ဒဏ်ရာရတဲ့ သံ ဃာတော်တွေကို အခမ်းအနားနဲ့ ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်နဲ့ ဝတ္ထုငွေ အဖြစ် ငွေကျပ်တစ်သိန်း ချီးမြှင့်သွားမှာပါ။ ဒီဆုနဲ့ငွေသား ကို မန္တလေး မစိုးရိမ်တိုက်သစ် ဓမ္မ သဟာယကျောင်းတိုက် နာယက ဆရာတော် ဦးဝီရသူက တီထွင် ပြီး သီးသန့်ချီးမြှင့်တာ ဖြစ်ပါ တယ်''ဟု ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ မိန့်ကြားသည်။
ယင်းဆု ချီးမြှင့်ဆက်ကပ် ခံရမည့်သံဃာတော်များမှာ မီး လောင်ကျွမ်း ဒဏ်ရာ ပြင်းထန် စွာရရှိခဲ့သော ဆရာတော်ဦးတိက္ခ ဉာဏ၊ ဦးဝိသုဒ္ဓ၊ ဦးပညာဝုဓ၊ အ ရှင်ရာဇိန္ဒ၊ အရှင်ဝိသုတ၊ အရှင် သုစိတ္တ၊ ရှင်ခေမာဝုဓ၊ ကိုရင် သဇ္ဇနတို့ဖြစ်ကြောင်း သိရသည်။
ယင်းဆုတံဆိပ်တွင် ဗုဒ္ဓ ဘုရားအလောင်းတော် မျောက် မင်းဘဝဖြစ်စဉ်က ရှင်ဘုရင်ဥယျာဉ် တော်တွင် ၎င်း၏မျောက်အုပ် ဝင်ရောက်စားသောက်စဉ် ဘုရင့် တပ်မှ လက်နက်များဖြင့်ဝိုင်းဝန်း သဖြင့် တောတွင်းသို့ မျောက်များ သွားလာနိုင်စေရန် ခါးတွင်နွယ် ကြိုးချီ၍ခုန်ကူးခိုက် ကြိုးချည် ရန် တစ်ကိုယ်စာလိုသဖြင့် ၎င်းမှ သစ်ကိုင်းဆွဲ၍ တံတားသဖွယ် ခင်း ပေးထားကာ ဖြတ်သန်းသွားလာ စေပြီး မိမိမျိုးနွယ်အဖွဲ့သားများ အတွက် အသက်စွန့်ပေးခဲ့သော ဘုရားလောင်း မျောက်မင်းပုံကို သရုပ်ဖော်၍ သစ်သားဖြင့်ထွင်း ထုထားမည့် ပုံပါရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းဆုချီးမြှင့်ပွဲတွင် လက်ပံ တောင်းသပိတ်စခန်း ဖြိုခွဲခံရစဉ် က ဒဏ်ရာရရှိသူ သံဃာတော် နှင့်လူများအတွက် လှူဒါန်းထား သောငွေများကို ဆက်လက် ဆေး ကုသရန် လိုအပ်နေသော သံဃာ တော်နှင့် လူများအတွက် ဆက် ကပ်လှူဒါန်း ပေးအပ်သွား မည် ဖြစ်ပြီး ငွေစာရင်းရှင်းတမ်းပြု လုပ်သွားမည်ဖြစ်သည်။
လက်ပံတောင်း ကြေးနီစီမံ ကိန်း အထွေထွေသပိတ်စခန်းကို ယင်းမာပင်ခရိုင် ဆားလင်းကြီး မြို့နယ် မြန်မာ-ဝမ်ပေါင်ရုံးရှေ့ တွင် ပြီးခဲ့သည့်နှစ်နိုဝင်ဘာ ၁ရရက်ကစတင် ဖွင့်လှစ်ခဲ့ပြီး နိုဝင်ဘာ ၂၉ရက် (တန်ဆောင်မုန်း လပြည့်) နံနက်လင်းအားကြီး ချိန်တွင် ဖြိုခွင်းခံရသဖြင့် မုံရွာ၊ ပခုက္ကူ၊ မန္တလေးမြို့တို့မှ သံဃာ တော်များနှင့် ဒေသခံသံဃာ တော် အပါး ၉ဝကျော်၊ လူ ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိ ရသည်။
ဘာတွေလျှောက်လုပ်နေတာတုန်း၊မနိုင်းသင့်တာတွေကို ။ ဦးဝီရသူကို ဘယ်သူမှမထိန်းတော့ဘူးလား
ReplyDelete