Monday, November 18, 2013

မမြဲဘူးနော်

လောကဓံကို ရင်ဆိုင်ကြည့်ခြင်း
==================

* သိပ်ရှိလို့လည်း မာနမတက်နဲ့
ရှိခြင်းရဲ့နောက်မှာ မရှိခြင်းတွေ တကောက်ကောက်ပါနေတယ်။

* မရှိလို့လည်း အားမငယ်နဲ့
မရှိဘူးဆိုတာ မွေးကတည်းက ပါလာတာဆိုတော့ မရှိခဏ အတိအကျပဲ။

* အပေါင်းအသင်းများလို့လည်း ကောင်းသတင်းတွေပဲ ကြားနေမယ်လို့ အတွေးမဝင်စေနဲ့
အပေါင်းအသင်းများတယ်ဆိုတာ ပေါင်းသင်းစားနေရလို့လည်း ဖြစ်တတ်တာပါပဲ။

* အပေါင်းအသင်းမရှိ ငုံးတိတိဖြစ်နေလို့လည်း အထီးကျန် မဖြစ်နဲ့
တစ်ယောက်တည်းရှိနေခြင်းဟာ မဖောက်မလွဲ အသိတွေမြဲဖို့ အထောက်အကူတွဲတဲ့ သဘောပါပဲ။

* ချီးမွန်းသံတွေ ကြားနေရလို့လည်း သိပ်ဟုတ်လှပြီလို့ အထင်မကြီးနဲ့
ချီးမွန်းတယ်ဆိုတာ အဆင်ပြေနေတုန်း၊ တည့်နေတုန်းမို့လို့လည်း ဖြစ်နိုင်တာပါပဲ။

* ကဲ့ရဲ့ခံနေရလို့လည်း ကြောက်ရွံ့ တုန်လှုပ်မှုတွေ မဖြစ်မိစေနဲ့
ကဲ့ရဲ့တယ်ဆိုတာ မတည့်တဲ့သူတွေက ကိုယ်ကိုတည့်မှန်အောင် လုပ်ပေးနေတဲ့ သဘောပါပဲ။

* ချမ်းသာတယ်ဆိုပြီးတော့လည်း မှန်းတာတွေ တကယ်လို့ အထင်မရောက်နဲ့
ချမ်းသာမှုဆိုတာ ရုပ်နာမ်အစု ရှိနေသမျှ ထာဝရမဟုတ်၊ တခဏတဖြုတ်လောက်ပါပဲ။

* ဆင်းရဲနေလို့လည်း ဆိုးလိုက်တဲ့ဘဝလို့ သောကတွေ မပွားမိစေနဲ့
ဆင်းရဲတယ်ဆိုတာ ကိုယ်မှမဟုတ်ပါဘူး၊ အိုနာသေတွင်းထဲမှာ နေသမျှ အားလုံးဟာ အတူတကွပါပဲ။




မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

ထာဝရအလင်းတန်းများ

No comments:

Post a Comment