Monday, November 18, 2013

လူထု မုက်ရည်ဝေဆတောမယ်

စိတ်ပျက်စရာကောင်းလာသော မြန်မာနိုင်ငံရေး...

NLD သည် ယနေ့ ( ၁၈.၁၁.၂၀၁၃ )ရက်နေ့တွင်နေပြည်တော်၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်စဉ်ရေး ( သို့ ) အသစ်ပြန်လည်ရေးဆွဲရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ပါသည်။ ထိုပွဲကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့ပါသည်။
ထူးခြားသည်မှာ တစ်နိုင်ငံလုံးရှိ NLD မြို့နယ်အဖွဲ့ဝင်များကို ဖိတ်ကြားခဲ့ပြီး လူအင်အားပြရန်အတွက် ဖြစ်ပါသည်၊ ခုတက်ရောက်သည့်လူများသည် မြို့နယ်များမှ အဖွဲ့ဝင်များဖြစ်ပြီး ပြည်သူလူထု နယ်ခံများ မပါဝင်သလောက်နည်းပါး ပါသည်၊ တောင်ကြီးရှိ အရင်က ကျွန်တော်သူငယ်ချင်း လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းလည်း သွားပါသည်။
သူကတောင်ပြောသွားသေး ဒေါ်စုလာမှာဆိုတော့ လူနည်းနေမှာ ကြောက်လို့ မသွားလို့ မရဘူးတဲ့။
လူထုကလေးစားပြီးသား NLD အနေဖြင့် ဤသို့ မလည့်စားသင့်ပါ ပြည်သူလူထု စစ်စစ်များတက်ရောက် ပြီး ထောက်ခံသည့် ပွဲများသာ လုပ်သင့်ပြီး ခု သူတို့ပြောသော လူထုထောက်ခံမဲ ၈၈ ရာခိုင်းနူန်းထောက်ခံမူ ရကြောင်းကြေညာ သွားပါသည်။
တကယ် တက်ရောက်ထောက်ခံသော သူများမှာ သူတို့ NLD အဖွဲ့ဝင်များသာဖြစ်နေသည်မှာ ပြည်သူများအနေဖြင့် အထူးစိုးရိမ်ရ သည့် အခြေအနေနှင့်ကြုံတွေ့နေရပြီး အရင်အုပ်ချုပ်တဲ့ လူတွေ ကိုမယုံလို့ သူတို့ယုံမိပါတယ် ဟိုမြန်မာ စကားပုံလို ဖြစ်နေ ပါတော့သည်................

*****ကျားကြောက်လို့ ရှင်ကြီး အားကိုး ရှင်ကြီးကျား ထက်ဆိုး *******

No comments:

Post a Comment