Friday, November 22, 2013

၇၂

ခေါင်းစဉ်နောက်သို့ ပဲ့ပါသွားသည့် တပ်ဖွဲ့ သိက္ခာများ တရားဥပ ဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီ မှ ရက်ပိုင်း အတွင်း ရဲစခန်း ရဲအချုပ် နှင့် ထွေ/အုပ် ရုံးများကို စစ်ဆေးသွား မည်ဖြစ်ကြောင်း ထိုသို့ စစ်ဆေးခြင်းကို ကြိုတင် မိတ်ကပ်လိမ်းမထား နိုင်စေရန် ရှောင် တခင် စစ်ဆေးခြင်းများသာ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ယခုကဲ့သို့ စစ်ဆေးရခြင်းမှာ ရဲအချုပ်တွင် အမှုဖြင့် စွပ်စွဲဖမ်းဆီး ခံထားရသူများအား ဖြောင့်ချက် ပေးလာစေရန် ညှဉ်းပမ်းနှိပ်စက်မှု များ ရှိနေ၍ဖြစ်ကြောင်း ဦးဝင်းမြင့် က ပြောဆိုပါတယ် လို့ ဖော်ပြထားတာ ဖတ်လိုက် ရပါတယ် ကော်မတီကို သမ္မတက ဖွဲ့ပါတယ် တာဝန်ကိုလည်း သမ္မတကပဲ ပေးအပ်ထားပါတယ် ဆောင် ရွက်ခြင်းကိုလည်း ကြိုဆိုလက်ခံပါတယ် ရည် ရွယ် ချက်ကောင်းကောင်းနဲ့ ဖွဲ့ထားတယ် လို့လည်း လက်ခံပါတယ် ဒါပေမယ့် ဦးဝင်းမြင့်ကပဲ တကယ်ပြောသလား မီဒီယာကပဲ ရေးသလား ကျုပ်မသိပါ စစ်ဆေးရခြင်းအ ကြောင်းရင်းကို ဒီလိုဖော်ပြတဲ့အတွက် အဲဒီစကား ရပ် ရဲ့နောက်မှာ ကျုပ်တို့တပ်ဖွဲ့ရဲ့ နဂိုကမှ သိပ်မရှိတဲ့ ဂုဏ်သိက္ခာတွေ ပဲ့ပါသွားတာ သတိထားမိပါရဲ့လား ဖြောင့်ချက်ကို ကျင့်ထုံးဥ ပ ဒေ နဲ့ အညီယူရတယ်ဆိုတာ ဖတ်ဘူးကြပါရဲ့လား အရင်ခေတ်က ရှိခဲ့ကောင်းရှိခဲ့မှာပါ ဒီခေတ်မှာ ရဲက တရားခံကို ညှဉ်းပမ်းနှိပ်စက် တာလည်း မလုပ် ရဲတော့ပါဘူး အမှုမ ပေါ်တာထက် အတိုင် မခံ ရဘို့ပဲ ကြည့်လုပ်နေရပြီ။ ရဲက ညှဉ်းပမ်းနှိပ်စက်ပြီး တရားခွင် ကိုပို့ပါပြီတဲ့ ဘယ်တရားသူကြီးက ရော ဥပ ဒေနဲ့မညီဘဲ လုပ်ပေးရဲ ပါ့မလဲ ။တွေးကြည့်ပါ။ ဘယ်လိုအ ကြောင်းပြချက်မှ မ ဖော်ပြ နေပါနဲ့။တာဝန်အရသာ လာစစ်ပါ။ ကျုပ်စခန်းကိုလည်း လာစစ်နိုင် ပါတယ်။ ကြိုဆိုပါတယ်။ ကျုပ်တို့မှာ ကြောက်စရာ တစ်ဖွဲ့ထပ်တိုးလာတယ်ပဲ မှတ်လိုက်ပါ့မယ် ကျေနပ်မှုမရှိလို့ ပြုတ်သွားလည်း အေးတာပဲဗျာ။ရွာပြန်လယ်ထွန်ပြီး ထမင်းကြမ်းခဲ ယပ်ခတ်စားတော့မယ် အစိုးရ အရပ် ရပ် ပါတီအ ထွေထွေ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ရှစ်သောင်းလေးထောင် ကော်မတီ ငါးရာ မီဒီယာ ဘီလီယံ နဲ့ အကုန်ပါတ်ကြောက်နေတာထက် တော့ သာမယ်ထင် ပါ့ဗျား။့်ွ

No comments:

Post a Comment