Tuesday, November 19, 2013

၉၉၉

------------------------ တစ်ခါက လူငယ်ချင်း သံယောဇဉ် တွယ် မေတ္တာမျှကြ သိလို နှစ်ဦး နှစ်ဘက် မိဘ ဆွှေမျိုးတွေကလည်း သဘောတူ လက်ထပ် ထိမ်းများ ပေးပြီး ဇနီးမောင်နှံ နှစ်ဦး တစ်အိမ် သီးသန့်ခွဲပြီး ပျော်ရွှင်တဲ့ ဘဝတခု တည် ဆောက်ခဲ့ကြတယ်။

တစ်နေ့တော့ ဇနီး ဖြစ်သူက ခင်ပွန်း ဖြစ်သူကို------မောင်နဲ့----- ကျွန်မ ဘဝ တစ်ခု အတူ လက်တွဲ ပြီး အေးအတူ ပူအမျှ အတူတူ လျှောက်လှမ်းကြဖို့ ဘဝ တစ်ခု ဖန်တီး ခဲ့ ပြီနော်။ သို ပေသည့် ဒီနေ့ မှစ မောင် နဲ့ ကျွန်မ စည်းမျည်း လေး တစ်ခု စမ်းကြည့် ကြရအောင်။

ဇနီး ဖြစ်သူက မှတ်စု စာအုပ် နှစ်အုပ် လက်ကကိုင်ထား ရာကနေ တစ်အုပ် ကို ခင်ပွန်း ဖြစ်သူ ဆီ ကမ်းပေး လိုက်တယ်။ ယနေ့ မှ စပြီး မောင် အနေ နဲ့ ကျွန်မ အပေါ် မှာ စိတ်တိုင်း မကျတာ ငြို ငြင်စရာ အားနည်း ချက်တွေကို တွေ့ ရှိ ခဲ့စား လာရ တိုင်း ဒီစာအုပ်လေး ထဲမှာ ချရေးထားပါ။ ကျွန်မ လည်း မောင် နဲ့ ပတ်သက် ပြီး စိတ်တိုင် မကျ နိုင်တာ မောင် ရဲ့ အားနည်း ချက်တွေ လစ်ဟင်း မှု့ တွေ တွေ့ လာတဲ့ အခါ မှတ်စု စာအုပ် တစ်ခု မှာ ချမှတ် ရေးထား မယ်လို့ ဆိုပြီး နှစ်ဦး သဘောတူ အစီ အစဉ် လေး စတင်ခဲ့ ကြတယ်။
မှတ်စု စာအုပ်ချင်း မဖလှယ်ခင် တယ်ယော စာအုပ် တစ်ယောက် ဖွင့်ကြည့် ခွင့် မရှိ ဘူး ပေါ့လေ။

ဒီလို နဲ့ တစ်နေ့မှာ နှစ်ဦး သဘောတူ မှတ်စု စာအုပ် ချင်း ဖလှယ် ပြီး ဖတ် ကြတယ်။ ခင်ပွန်း ဖြစ်သူက ဇနီး ဖြစ်သူရဲ့ မှတ်စု စာအုပ် ထဲက စာတွေကို ဖတ်ပြီးတော့ မျက်ရည် ကျရှာတယ်။ သို့ ပေးသည့် ဇနီး ဖြစ်သူ လက်ထဲက ခင်ပွန်း ရဲ့ မှတ်စု စာအုပ်ကတော့ ဘာစာ တစ်လုံး မ ရေးထားတာ မရှိဘူး။ ဒါနဲ့ ဇနီး ဖြစ်သူက-----မောင်-----မောင် ရဲ့ မှတ်စု စာအုပ် ထဲမှာ ဘာလို့ မှတ်စု မ ရေးမထား တာလဲ လို့ မေးရှာတယ်။

ဒီတော့ ခင်ပွန်း ဖြစ်သူ ဖြေရှာတယ်-----မောင် အနေနဲ့ မင်း ကို ချစ်ခဲ့တာ ဘဝ လက်တွဲ ဖော် အဖြစ် ရွေးချယ် ခဲ့တာ ဟာ မင်း ရဲ့ အားသာချက်/အားနည်း ချက်တွေကို နားလည် လက်ခံ အတူ ရင်ဆိုင် ဖို့ ပါဘဲ။ မင်း ရဲ့ အားနည်း ချက်တွေ ကို ဖွင့်မပြော ရက်လို့ ရင်ထဲ မှာ သိမ်းထား တော့ရော စိတ်ဆင်း ရဲ ရမယ်။ ဖွင့်ပြောပြီး ပြသာနာ ရှာရင်လည်း သာယာတဲ့ မိသားစု ဘဝ တည် ဆောက် နိုင်ပါ့ မလား။

အစစ အရာရာ အား လုံး ကို နားလည် လက်ခံ နိုင်လို့ မောင် အနေ နဲ့ မင်း အပေါ် မှာ ဘာ မှတ်ချက် မကောင်း ကွက် ကိုမ ရှာ မတွေ့ တာပါလို့ ရှင်းပြတယ်။

ဆိုလိုချင်တာက ချစ်သူ နှစ်ဦး ဘဝ တစ်ခု စတင် တည်ဆောက် ခဲ့ပြီး အိမ်ထောင် သည့် ဘဝ နောက်ဆုံး အသက်အရွယ် အိုမင်း တဲ့ အချိန်ထိ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူ တာရှိရင် နားလည်း မှု နဲ့ တိုင်ပင် ဖလှယ် အေးအတူ ပူ အမျှ သာယာတဲ့ ဘဝ တစ်ခု ကနေ ပျော်ရွှင် စရာ မိသား စု ဘဝ ကို တည်ဆောက်နိုင်ဖို့ ဥပမာ ပေး သဓက သဘောပါ။

No comments:

Post a Comment